30 March 2010

နအဖစစ်အစိုးရဲ့ နေပြည်တော်ကြပ်ပြေးမှာ လူတုပ်ကွေး ရောဂါဖြစ်ပွားနေကြောင်း




နေပြည်တော်မှာ လူတုပ်ကွေးလို့ ယူဆရတဲ့ ရောဂါတွေ ဖြစ်ပွားနေတဲ့အတွက် ပြီးခဲ့တဲ့ တော်လှန်ရေးနေ့အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာနက လွှဲလို့ ကျန်ဝန်ကြီးဌာနတွေကို တော်လှန်ရေးနေ့ ချီတက်ပွဲမှာ အားပေးဖို့ မခေါ်ခဲ့ဘူးလို့ သိရပါတယ်။


ဒီလိုပြသနာမျိုးကို ပြီးခဲ့တဲ့ ပြည်ထောင်စုးအခမ်းအနားမှာလည်း ကြုံခဲံ့ရတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်က အရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနားပြီးသွားပြီး မတ်လဆန်းရောက်တာတောင် တိုင်းရင်းသားကိုယ်စားလှယ်အချို့ကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှာ ဆက်ကုသစေခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်လူတုပ်ကွေးလို့ ယူဆရတဲ့ ဗိုင်းရပ်ပိုးဟာ နေပြည်တော်ရဲ့ စစ်ကြောရေး တည်းခိုဆောင်တွေမှာ ရှိတာ ဖြစ်နိုင်တယ်လို့ နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တစ်ဦးက ပြောခဲ့ပြီး အဲဒီ စစ်ကြောရေးစခန်းရှိရာ နေပြည်တော် ရွာတော်ရပ်မှာ ပြီးခဲ့တဲ့ အမျိုးသားစာပေဆုနှင်းသဘင် ကျင်းပတုန်းကလည်း ဧည့်သည်တစ်ဦး ဖျားလို့ ဆေးရုံတက်ခဲ့ရတယ်လို သိရပါတယ်။



အခု တော်လှန်ရေးနေ့ အခမ်းအနား မစမီကတည်းက တုပ်ကွေး ဂယက်တွေ ပျံနှံ့နေခဲ့ပြီး တပ်ခွဲ အနည်းဆုံး နှစ်ခွဲလောက်အထိ အင်အားလျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ ထူးခြားချက်ကတော့ ခါတိုင်းလို တပ်မတော်နေ့မှာ ချီတက်တဲ့ ရဲဘော်တွေကို ကြိုဖို့ ပန်းကုံးစွပ်ဖို့အတွက် ၀န်ကြီးဌာနတစ်ခုကို လူအင်အား ငါးဆယ်တောင်းတာ လုံးဝမရှိတော့ဘူးလို့ သိရပါတယ်။ မနက်အစောကြီးသွားပြီး မကြိုချင်ကြိုချင် ကြိုရတဲ့ အဖြစ်က လွတ်ပြီမို့ ၀န်ထမ်းတွေ တော်တော်ကို ပျော်ကြတယ်လို့လည်း သိရပါတယ်။



ရွာတော်မှာရှိတဲ့ စစ်ကြောရေးတည်းခိုဆောင်ကို ဆေးဖျန်းတာမျိုး ကာကွယ်ဆေးတိုက်ကျွေးတာမျိုး ရှိခဲ့တယ်လို့ သိရပေမယ့် တပ်မတော်သား ဘယ်နှစ်ဦးလောက်ဆေးရုံတက်နေရတယ်ဆိုတာကတော့ မသိရပါဘူး။


နေပြည်တော်မှာ တပ်မတော် ဆေးရုံကြီး ကုတင် တစ်ထောင် ရှိပါတယ်။



ပေးပို့ ပေးသော ကိုဝဏ္ဏ ကိုကျေးဇူးတင်ပါသည်.။
ဓာတ်ပုံ ..မိုးမခ