09 March 2010

ရွေးကောက်ပွဲ ဥပဒေ ကြေငြာ


ရွေးကောက်ပွဲ ဥပဒေ ကြေငြာ

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက နိုင်ငံပိုင် ရုပ်မြင်သံကြား (MRTV) မှယနေ့ ညနေ ၄ နာရီတွင် ကြေညာ လိုက်ပြီဖြစ်သည်။ အဆိုပါ ကြေညာချက်တွင် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး ဥပဒေတို့ ပါဝင်သည်။ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။ နောက်ဆက်တွဲ သတင်းများ ဆက်လက်ဖော်ပြပါမည်။

နောက်ဆက်တွဲ သိရှိမှုအရ နအဖက - ဥပဒေ အမှတ် ၁/၂၀၁၀ ကနေ ၅/၂၀၁၀ အထိ ရွေးကောက်ပွဲ ဥပဒေ ၅ မျိုးအတွက် ဥပဒေ ၅ ခု ထုတ်လိုက်ကြောင်း သိရှိရပါတယ်။ မနက်ဖြန်ထုတ် နအဖသတင်းစာတွေမှာ အချပ်ပို အဖြစ်ပါမှာ ဖြစ်ကြောင်းနဲ့ စာအုပ်အဖြစ်လည်း ထုတ်ဝေမယ်လို့  သိရပါတယ်)။

သတင်း အာကာမိုး...

မြန်မာ့အသံ ရုပ်မြင်သံကြား သတင်း ကြည့်လိုလျှင်.. ဒီနေရာမှာကြည့်ပါ http://www.youtube.com/freeburmamedia
ရုပ်သံ မဇ္ဈိမသတင်းဋ္ဌာန..မှရယူပါသည်။