12 March 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှညီညီညွတ်ညွတ်နဲ့ စိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်ရမယ်ဟု ပြောဆို....

ဒီကနေ့ နေ့လည် ၂နာရီမှ၎နာရီ အထိ ထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ နှစ်ဦး ၂နာရီကြာခန့်တွေ့ဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်....။

" ဒီနေ့ ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည် ၂နာရီကနေ ၄နာရီအထိ အထူးအယူခံအမှုအတွက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အယူခံကိစ္စ အပါအဝင် တခြားအကြောင်းအရာတွေ တော်တော်များများ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ မနေ့က ထုတ်တဲ့ဥပဒေနဲ့ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ ဥပဒေဆိုတာလူတိုင်းအတွက် ဖြစ်တယ်။ ပုဂ္ဂလိက တစ်ဦးတစ်ယောက်တည်း အတွက် ရည်ညွန်းပြီး ရေးဆွဲတယ်ဆိုရင် အင်မတန်မှ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။ "

မနေ့က အစိုးရသတင်းစာများမှာ ပါရှိတဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရည်ညွန်းတဲ့ ဥပဒေတွေ အများအပြားပါရှိနေပါတယ်။ ထောင်ဒဏ်ကျခံနေရသူဆိုသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၌ (ထောင်ဒဏ်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေသူကို ဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာ တရားရုံး၏ စီရင်ချက်ကို မကျေနပ်၍ အယူခံမှုသို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သူလည်းပါဝင်သည်ဟု ဖော်ပြထားပါတယ်။

law

" အခုထုတ်ပြန်တဲ့ ဥပဒေအရ စိန်ခေါ်မှုတွေ ကြုံရမယ် ..။ ဒီစိန်ခေါ်မှုတွေကြုံရတဲ့ အတွက် အင်အားအသစ်တွေ ဖြစ်စေတယ်..။ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော.. ပြည်သူလူထုရော ညီညီညွတ်ညွတ်နဲ့ ဒီစိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်ရမယ်လို့ မှာကြားလိုက်ပါတယ်.....။ အဖွဲ့ချုပ်ကလာမယ့် ကာလမှာ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ဒီအချိန်မှာ စဉ်းစားစရာမလိုဘူး ... စိန်ခေါ်မှုတွေ ဥပဒေတွေကို တကယ်အလုပ်လုပ်ပြီး ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည်က ဒီထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သတ်ပြီး သူရဲ့တွေးခေါ်မှုတွေ စဉ်းစားမှုတွေကိုလည်း ပြောပြလိုက်ပါတယ်။ ပြန်လည်ဖွင့်ခွင်ရမယ့် အဖွဲ့ချုပ်ရုံးခန်းတွေမှာ လုပ်ဆောင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကို မနက်ဖြန်မှာ ထုတ်ပြန်ပါမယ်.. ။ နောက်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ချုပ် CEC တွေအားလုံးတွေ့ဆုံနိုင်ဖို့ကို တနင်္လာနေ့မှာ တောင်းဆိုပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်မာရေးကောင်းမွန်ပြီး စိတ်ဓာတ်လည်း အထူးကြံ့ခိုင်ပါတယ်ဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်....။

သတင်း... ဒီမိုဝေယံ