08 March 2010

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ လုံးဝ ပါဝင် အရွေးမခံပါဖူးလို့  တိုင်းပြည်ကို တရားဝင် ကြေညာရဲပါသလား နအဖတို့ ။




၁၉၈၈ ခုနှစ်တုန်းက တစ်ပါတီ အာဏာရှင် နေ၀င်း ဦးဆောင်ခဲ့တဲ့ မဆလပါတီ (မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ) က ပြည်သူလူထုတစ်ရပ်လုံးကို သတင်းစာတွေကနေ ပေါ်ပေါ်တင်တင် ကြေညာရဲခဲ့တယ်။

ထိုအချိန်ကာလက တိုင်းပြည်ကို အာဏာလုပြီး အုပ်ချူပ်ထားတဲ့ နေ၀င်းအစိုးရရဲ့  ဦးဆောင်မှု ထိပ်ပိုင်းဖြစ်တဲ့ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့ တရားသူကြီးအဖွဲ့ ၊ ပြည်သူ့ အကျိုးဆောင်ဥပဒေအဖွဲ့ နဲ့  ပြည်သူ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ တွေဟာ “နောက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေမှာ ၀င်ရောက်အရွေးခံခြင်း ပြုတော့မှာ မဟုတ်ဖူး” လို့  တိုင်းပြည်ကို တရားဝင် ကြေညာပြောကြားရဲခဲ့တယ်။

ယခု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ်နေတဲ့ နအဖလို့  ခေါ်တဲ့ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ) တွေ၊ နအဖလက်အောက်က ၀န်ကြီးဌာနက ၀န်ကြီးအဖွဲ့ ဝင် ၀န်ကြီးတွေ၊ နအဖကောင်စီဝင် ဗိုလ်ချူပ်ကြီးတွေအားလုံး ရွေးကောက်ပွဲမှာ လုံးဝ ပါဝင်အရွေးခံမှာ မဟုတ်ဖူးလို့  တိုင်းပြည်ကို တရားဝင် ကြေညာရဲပါသလား။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ နအဖတွေ ရွေးကောက်ပွဲထဲ ပါဝင်အရွေးမခံပါဖူးလို့  မကြေညာရဲသရွေ့  နအဖတွေ ၀န်ကြီးတွေ ဗိုလ်ချူပ်ကြီးတွေဟာ တိုင်းပြည်အာဏာကို ဆက်လက်လုယူအုပ်စိုးနေဦးမယ်ဆိုတာ မတရား အနိုင်ကျင့်အုပ်ချူပ်ဖို့  လိမ်လည်လှည့်ဖြား လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။