25 February 2010

မအူပင်တက္ကသိုလ် ကျောင်းသူလေး တယောက် မဖြစ်သင့်သော ဖြစ်ရပ်ကြောင့်သေဆုံး.။

နအဖ လက်ထက်တွင် ဆောက်လိုက်သည့် တံတားများ၊ဖောက် လိုက်သည့် လမ်းများမှာ ပြည်သူ လူထုတရပ်လုံး တွေ့မြင်ကြပါသည်.။ထိုသို့ လမ်းဖောက် တံတားတွေ ဆောက်ပြီးသေချာ ခိုင်ခံစွာ မပြုလုပ်ခြင်းကြောင့် လူငယ် အမျိုးသမီးလေးတယောက် မဖြစ်သင့်ဘဲအသက်ဆုံးရှုံးခဲ့ရပါသည်.။

ဧရာဝတီတိုင်းမအူပင်မြို့နယ်မအူပင်တက္ကသိုလ်သချာင်္ဒုတိယနှစ်မှမသင်းသင်းမော်သည်သူငယ်ချင်း
များနှင့်အတူမအူပင်တံတားပ်ါသို့သွားရောက်စဉ်လူသွားလမ်းဘေးတွင်ခင်းထား
သောကျောက်ပြား
ကျွံကာတံတားအောက်ခြေတိုင်နှင့်ရိုက်မိပြီးမဖြစ်သင့်သောဖြစ်ရပ်တခုကြောင့်(၂၃.၂.၂၀၁၀)ည(ရ)
နာရီ(၅၅)မိနစ်တွင်သေဆုံးခဲ့ပါသည်။အခိုင်မာပြုလုပ်မထားသောကျောက်ပြားများအပေါ်သွား
လာခြင်း
သည်အန္တရာယ်ရှိသော်လည်းယခုအချိန်ထိသွားလာမှုမလျော့ကျပါ။


လူအသက်တချောင်းသာဆုံးရှုံးသွားပါတယ်။တံတားအားပြန်လည်ပြုပြင်ခြင်ကိုပြန်လုပ်ခြင်းမရှိသေး
ပါဘူး။ယိုယွင်းနေသောမအူပင်တံတားပေါ်မှပြုတ်ကျသေဆုံးသူမသင်းသင်းမော်၏
မိသားစုနှင့်ထပ်တူ
ထပ်မျှဝမ်းနည်းရကြောင်းနှင့်သေဆုံးသူမသင်းသင်းမော်ကောင်းရာမွန်ရာ
သို့ရောက်ရန်ဆုတောင်းပေး
လိုက်ပါသည်။


မအူပင် တက္ကသိုလ် ကျောင်းသူများ