06 November 2011

မြန်မာ့ပြုပြင်ပြောင်းလဲမှုအတွက် မျှော်လင့်ချက်ရှိလာသော အမေရိကန်အစိုးရက မက်လုံးပေးရန် ပြင်ဆင်

(AFP News မှ 5 Nov 2011 ရက်စွဲပါ “Hopeful US eyes incentires for Myanmar reform” သတင်းကို YC မှဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ကနဦးစတင်ပြောင်းလဲနေမှုများကြောင့် အားတက်မိပြီး ပြုပြင်ပြောင်းလဲမှုကို အားပေးရန် အသေးစားချေးငွေအစီအစဉ် တိုးချဲ့ခြင်း အပါအဝင် ဆောင်ရွက်မှုအသစ်များကို လေ့လာမည်ပာု အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ပထမဦးစွာ အမေရိကန်အစိုးရ၏ လူ့အခွင့်အရေးကိစ္စကိုင်တွယ်သူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mike Posner က တိုင်းရင်းသား လူမျိုးစုများနှင့် နိုင်ငံရေး အကျဉ်းသားများအပေါ် မြန်မာအစိုးရ၏ ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ပြောင်းလဲတိုးတက်မှု လက္ခဏာများကိုလည်း တွေ့မြင်ရကြောင်း ပြောကြားသည်။

“အဲ့ဒီမှာ အားတက်စရာ ကောင်းတဲ့ လုပ်ဆောင်မှုတွေ လက္ခဏာတွေ ရှိနေပါပြီ။ လုပ်ပြီးသွားတဲ့ ကိစ္စတွေနဲ့ အခုကောင်းကောင်းလာနေတဲ့ ကိစ္စတွေကို အသိအမှတ်ပြုတဲ့ပုံစံနဲ့ ကျွန်တော်တို့ ရှေ့ကိုဆက်သွားဖို့ လိုအပ်ပါတယ်။ ဒီအပေါ်မှာ အခြေခံရမှာပါ” ပာု Mike Posner က နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြောဆိုခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် တပ်မတော်က အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့သော မြန်မာနိုင်ငံ(သို့) ကမ္ဘာက Burma ပာု ခေါ်ဝေါ်ကြသော နိုင်ငံသို့ စက်တင်ဘာလနောက်ပိုင်း ၃ ကြိမ်မြောက် ရောက်ရှိလာသူ အမေရိ ကန်အစိုးရ အထူးကိုယ်စားလှယ် Derek Mitchell နှင့်အတူ Mike Posner လိုက်ပါလာခြင်းဖြစ်သည်။

အမေရိကန်အထူးကိုယ်စားလှယ် Derek Mitchell က “ ၂၀၀၉ ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် တွေ့ထိဆက်ဆံခဲ့သော အိုဘားမား အစိုးရ အနေဖြင့် မြန်မာတို့၏ ခိုင်မာသော ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်နိုင်ရန် အဆင်သင့် ရှိနေသော်လည်း Sanctions များ အဆုံးသတ်ရေးမှာမူ ကွန်ရက်မှ အတည်ပြုရန် လိုအပ်သည်ပာု Derek Mitchell က ဆိုပါသည်။

ဝါရှင်တန်မှာတော့ ဖိအားပေးတဲ့ဖက်ကိုပဲ သဘာဝအလျောက် တရွေ့ရွေ့သွားနေပါတယ်။ ဒါပေမယ့် ဒီမှာ အပြောင်းအလဲတွေဖြစ်နေတာ ကို မြင်နေရပြီဆိုတော့ ကျွန်တော်တို့ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို စတင်စဉ်းစားဖို့ လိုအပ်နေပါပြီ။ ဒီနောက်မှာ ပြုပြင်ပြောင်းလဲရေးကို အားပေးထောက်ခံ နိုင်မှာဖြစ်သလို ဆက်လက်ပြီး ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းအားပေးနိုင်မှာပါ” ပာု ယင်းက ပြောကြားသည်။

ဝင်ငွေနိမ့်ပြည်သူများနှင့် တောင်သူများ၏ သက်မွေးဝမ်းကျောင်းမှုကို အကူအညီပေးနိုင်မည့် အသေးစားချေးငွေ အစီအစဉ်တိုးချဲ့မှုနှင့် ပတ်သက်ပြီး မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြောဆိုခဲ့သည်ပာု Mitchell ကပြောကြားသည်။

နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အစိုးရအေဂျင်စီသည် မူလကပင် ၎င်းအစီအစဉ်ရှိထားပြီး ဖြစ်သော်လည်း တိုင်းရင်းသား ပြည်နယ် ဒေသများသို့ အစီအစဉ်တိုးချဲ့လိုသည်ပာု ယင်းကဆိုပါသည်။

အမေရိကန်ပြည်ထောင်စုသည် ခရီးသွားလာခွင့်ကိုလည်း မက်လုံးပေးထားပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဝါရှင်တန်သို့ စက်တင်ဘာလက ဖိတ်ခေါ်ခဲ့သည်ပာု အမေရိကန် ကိုယ်စားလှယ်က ပြောကြားသည်။

မြန်မာအစိုးရသည် ပြည်သူလူထု ကန့်ကွက်သော နိုင်ငံမြောက်ဖျားမှ တရုတ်လုပ် ရေလှောင်တမံကို ရပ်ဆိုင်းထားခြင်းဖြင့် တရုတ်နိုင်ငံကို လတ်တလော အာခံလိုက်ပြီဖြစ်သည်။ နာမည်ကြီး နိုင်ငံရေးအကျဉ်းသမား အနည်းငယ်မျှသာ လွတ်မြောက်ခြင်းကြောင့် ပာန်ပြဆောင်ရွက်မှုပာု ဝေဖန်ဆန်းစစ်သူများက သမုတ်ကြသော အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

“ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လွှတ်ပေးခဲ့တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးကို ခြွင်းချက်မရှိ၊ ချက်ခြင်းလွှတ်ပေးဖို့ ပြင်းပြင်းထန်ထန်ဆက်လက် တိုက်တွန်းသွားမှာပါ” ပာု Mike Posner က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများကိစ္စကို အထူးအလေးပေးပြောဆိုသော Mike Posner က “နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာအစိုးရက ဆက်ပြီး လွှတ်ပေးဖို့ စဉ်းစားနေတယ်လို့ ကျွန်တော်နားလည်ထားပါတယ်။ ဒါပေမယ့် တိတိကျကျ ကတိပေးတာမျိုးတော့ မရှိပါဘူး” ပာု ပြောကြားသည်။

ဒီကိစ္စကို ဆွေးနွေးတဲ့အခါ လွှတ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လွှတ်ပေးမယ့်ရက်ကို တိတိကျကျ ဖမ်းဆုပ်လို့ မရခဲ့ပါဘူး၊ ဒီကိစ္စကို အစိုးရအဖွဲ့ထဲမှာ ဆွေးနွေးနေတယ်ဆိုတဲ့ အချက်ကိုပဲ သဲသဲကွဲကွဲသိရပါတယ် ပာု Mitchell က ဆိုပါသည်။ မြန်မာနိုင်ငံတွင် လတ်တလော အကျဉ်းသား ၁၅ ဦးကို သောက်ရေဖြတ်ထားပြီး အခြား ၈ ဦးကို ပြူတင်းပေါက်များ မရှိသော အလုံပိတ်အခန်း “Hell” ထဲတွင် ပိတ်လှောင်ထားသည်။ (မြန်မာအခေါ် တိုက်ပိတ်သည်) ပာု ယုံကြည်ရကြောင်း Amnesty International ကထုတ်ပြန်ကြေညာထားသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ကလောအကျဉ်းထောင်တွင် တစ်ဦးထဲ တိုက်ပိတ်ခံထားရသော နာမည်ကြီးဘုန်းကြီး ဦးဂမ္ဘီရ၏ ဆိုးဝါးနေသော ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်သည်ပာု အထက်ပါ လူ့အခွင့်အရေးအုပ်စုက ပြောဆိုထားသည်။

အော်ဂဲနစ် အသိကို မူလတန်းကလေးတွေအထိ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အော်ဂဲနစ် နည်းပညာများကို တောင်သူကြီးများကိုသာ ပေးသည့်အပြင် မူလတန်း ကျောင်းသူကျောင်းသားတွေ အထိ အသိပညာ ပေး သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို ဆွေးနွေး ကြသည့် Green Economy and Green Growth အမည်ရှိ အလုပ်ရုံဆွေးနွေးပွဲသို့ အောက်တိုဘာ ၄ရက်နေ့တွင် Myanmar Banks Association ၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များနှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်နေသူများ ဆွေးနွေးခဲ့ကြသည်။

သဘာဝပတ်န်းကျင်ကို မပျက်ဆီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေးအတွက် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲရမည့် မူဝါဒများ၊ အထောက်အပံ့များနှင့် နိုင်ငံတကာက အကူအညီများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ပညာရှင်များ တက်ရောက် ဆွေးနွေးသည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် နိုင်ငံတကာ အထောက်အပံ့များ ရရှိလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံနှင့် နော်ဝေနိုင်ငံ အပြင် အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာ ပူ၊ မလေးရှားနိုင်ငံ စုစုပေါင်း နိုင်ငံပေါင်း ၉ နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များက စာတမ်းပေါင်း ၃၀ ကျော် ဖတ်ကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာ ၂ရက်နေ့တွင် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာ၌ တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက် လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။

သတင်း..YC

05 November 2011

မြန်မာနိုင်ငံတွင် ချက်ခြင်းပင် ရင်းနှီးမြှုပ်နှံကြရန် မလေးရှားတို့ကို မပာာသီယာတိုက်တွန်း

(Bernama News မှ 3 Nov 2011 ရက်စွဲပါ “Invest in Myanmar Now, Tun Mathathin Urgse Malasians” သတင်းကို YC မှဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် မလေးရှားနိုင်ငံသားများကို တိုက်တွန်းလိုက်သော ယခင်ဝန်ကြီးချုပ် မပာာသီယာက အကယ်၍သာ ယခု အချိန်တွင် မပြုလုပ်ပါက အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ၏ နောက်တွင် ကျန်ရစ်တော့ မည့်အလားအလာရှိကြောင်း သတိပေးပြောဆို လိုက်ပါသည်။

“မြန်မာတွေ ပိုမိုပျော့ပြောင်းလာပြီလို့ ကျွန်တော်ထင်ပါတယ်။ ပိုပြီး ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာအောင် အပြောင်းအလဲတွေ လုပ်ဖို့ နိုင်ငံကို ပြင်ဆင်နေကြပါပြီ” ပာု မပာာသီယာက Bernama News သို့ပြောကြားသည်။

ဝန်ကြီးချုပ်ပောာင်း ဒေါက်တာ မပာာသီယာသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ နေပြည် တော်သို့ ဗုဒ္ဓပာူးနေ့မနက် လေကြောင်းခရီးဖြင့် ထွက်ခွာသွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးအပြီးတွင် ဒေါက်တာ မပာာသီယာသည် မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးပြီးနောက် မလေးရှားနိုင်ငံ သို့ ပြန်လည်ထွက်ခွာလာခဲ့သည်ပာု သိရှိရသည်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲသို့ ခေါ်ယူခဲ့မှုအတွက် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ယခင်ဝန်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်နှင့် “မြန်မာနိုင်ငံ၏ ကျပ်ငွေကိစ္စ၊ မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဆီအုန်းနှင့် ရာဘာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းပါဝင်ရေးကိစ္စများ အပါအဝင် ကိစ္စရပ်များစွာကို ပြောဆိုခဲ့သည်” ပာု Bernama News သို့ ပြောကြားသည်။

မလေးရှားနိုင်ငံနှင့် ပိုမိုရင်းနှီးသော ဆက်ဆံမှု ထူထောင်ရေးနှင့် မလေးရှားနိုင်ငံ မည်သို့တိုးတက်ခဲ့ပုံကို စိတ်ဝင်စားကြောင်း ပြသခဲ့သော မြန်မာ သမ္မတက မြန်မာနိုင်ငံတွင် မလေးရှားတို့ ရင်းနှီးမြှုပ်နှံနိုင်မည့် ဖြစ်နိုင်ချေ အလားအလာ များကိုလည်း ဆွေးနွေးပြောဆိုခဲ့သည်ပာု သိရသည်။

ဝန်ကြီးချုပ်ပောာင်းက ဆက်လက်၍ “ယခုတွေ့ဆုံမှုသည် ယေဘူယျအားဖြင့် အပြုသဘောဆောင်ကြောင်း၊ သို့သော် တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခြင်း မပာုတ်ကြောင်း၊ သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့သည့် ကိစ္စများကို မလေးရှားအစိုးရထံ လက်ဆင့်ကမ်းပေးမည်ဖြစ်ကြောင်း” ပြောကြားသည်။

မနေ့က ပြန်လည်ရောက်ရှိလာသော ဝန်ကြီးချုပ်ပောာင်း မပာာသီယာက မြန်မာနိုင်ငံ၌ ကမ္ဘာကြီးတစ်သားတည်း ဆက်စပ်ကျယ်ပြန့်လာမှု (Globalization) နှင့် အလယ်အလတ် ပျော့ပြောင်းလာမှု(Liberalization) အကြောင်း ပောာပြော၍ အပြီးတွင် မြန်မာစက်မှုလုပ်ငန်းရှင်များနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သည် ပာု ပြောကြားသည်။

မြန်မာလုပ်ငန်းရှင်များက သက်ဆိုင်ရာမေးခွန်းများ မေးမြန်းသည့်အပြင် မလေးရှားတွင် အကောင်အထည်ဖော်ခဲ့သော အရာများစွာကိုလည်း သိရှိလိုကြသည်ပာု မပာာသီယာက ဆိုပါသည်။

ဒေါက်တာ မပာာသီယာသည် ယခင်က တွေ့ဆုံခြင်းမရှိသော၊ ယခုအခါ လွတ်မြောက်လာပြီဖြစ်သော မြန်မာ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မလေးရှားသို့ မပြန်မှီ ပိာုတယ်သို့ ဖိတ်ကြား တွေ့ဆုံဆွေးနွေးခဲ့သည်ပာု သိရှိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သို့ ထွက်ခွာ

( Yimhva သတင်းမှ 3.Nov.2011 ရက်စွဲပါ "CPC delegation visit Lao,Nepal,Bangladesh,Myanmar" သတင်းကို yangonchronicle မှ ဘာသာပြန်ဆိုသည်)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဘီဂျင်းမြူနီစပယ် ကော်မတီ အတွင်းရေးမှူး ဖြစ်သူ 'လူကျိ' ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဘီဂျင်းမှ ကြာသပတေးနေ့တွင် ထွက်ခွာသွားသည်။

ယခုခရီးစဉ်ကို လာအို ပြည်သူ့တော်လှန်ရေးပါတီ၊ နီပေါအစိုးရ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာနိုင်ငံမှ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတို့က အသီးသီးဖိတ်ကြားခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဦးပိုင်ဆန်အ၀ယ်တော် ဆန်ဖိုးငွေ သိန်းထောင်ချီမရှင်းနိုင်သဖြင့် တိမ်းရှောင်

မြန်မာ့တပ်မတော်၏ အဓိကစီးပွားရေးလုပ်ငန်းစုံ ကော်ပရေးရှင်းဖြစ်သည့် ဦးပိုင်မှဆန်အ၀ယ်တော် ကိုယ်စားလှယ် တစ်ဦိးသည် ပေးချေရန် ရှိသည့် ဆန်ဖိုးငွေများကို ပေးချေခြင်းမရှိဘဲ တိမ်းရှောင်သွားကြောင်း ဘုရင့်နောင် အသောကလမ်းမှ ဆန်ပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ဗိုလ်မှူးကြီးအဆင့်ရှိ ပုဂ္ဂိလ်သည် ပြည်ပတင်ပို့မည့် ဆန်အ၀ယ်တော်အဖြစ် လုပ်ကိုင်နေရာမှ တဆင့်တက်ပြီး ကားအရောင်းအ၀ယ်ကို ၀င်ရောက် လုပ်ကိုင်ရာတွင် ဆန်ဘိုးငွေများဆုံးရှုံးသွား၍ ဆန်လာသွင်းသည့်သူများကို ငွေမချေနိုင်တော့ဘဲ ပြီးခဲ့သည့် သောကြာနေ့မှ စတင်တိမ်းရှောင်သွားသည်ကို ဗုဒ္ဒဟူးနေ့မှ ဆန်ပွဲစားများသိရှိကြကြောင်း ဦးပိုင်သို့ ဆန်ဝယ်ယူတင်သွင်းနေသူတစ်ဦးက ပြောကြားသည်။

“အရင်က ဆန်ကားရောက်တာနဲ့ ငွေချေတာ အခုငွေမချေဘဲ လူပျောက်သွားတာ ငွေဘယ်လောက်လဲ ဆိုတာတော့ လောလောဆယ်စုလို့ မရသေးဘူး သိန်းထောင်ချီိနိင်တယ်” ဟု အထက်ပါ ပုဂ္ဂိလ်က ဆိုသည်။

သက်ဆိုင်ရာမှ သင်္ဘောတင်သာမက နယ်စပ်ကပါ ဆန်တင်ပို့ရောင်းချခွင့် ပြူလိုက်သဖြင့် ဆန်အရောင်းအ၀ယ် ကောင်းရမည့်အချိန်တွင် ဦးပိုင်ကို ဆန်တင်သွင်းသူများကလည်း ငွေရှင်းမနိုင်၊ ၎င်းတို့အောက်ကပွဲစားကလည်း ငွေမရှင်းနိုင်၊ ပွဲစားငွေမချေနိုင်သဖြင့် ဆန်စက်သမား ငွေမလည်ပတ်နိုင်ဘဲ တောင်သူများအထိ အဆင့်ဆင့်ထိခိုက်က ကောက်သစ်ပေါ်ချိန်တွင် ဆန်အရောင်းအ၀ယ် တုံ့ဆိုင်းသွားရကြောင်း ပြည်ပသို့ဆန်တင်ပို့နေသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ဦးပိုင်း၏ ဆန်စပါးဝယ်ယူမှုစနစ်သည် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူသုံးလေးယောက်က ငွေသိန်းသုံးလေး သောင်းချီပြီး စပါးတင်း သိန်းပေါင်း ၁၀သိန်း၁၅သိန်း ၀ယ်ယူသော စနစ်ဖြစ်သဖြင့် ကိုယ်စားလှယ်များ အချိန်မရွေး ဖောက်ပြန်နိုင်ကြောင်း ဆန်စပါးဝယ်ယူရာတွင် ငွေကြေးအားဖြင့် တင်း၁၀၀ ကို ကျပ်လေးငါးထောင် အဟဖြင့်ပင် ကိုယ်ကျိုးရှာ၍ ရကြောင်း မြောင်းမြမြို့မှဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“အခုဖြစ်တာ လူကြောင့်ဖြစ်တာဆိုတာထက် လုပ်တဲ့စနစ်ကြောင့်ဖြစ်တာ လက်ဝါးကြီးအုပ်စနစ်ကြောင့်ဖြစ်တာ”ဟု ဆန်ရောင်းဝယ်ရေး အတွေ့အကြုံနှစ်၂၅နှစ်ရှိ အထက်ပါ ဆန်စက်လုပ်ငန်းရှင်က ဆိုသည်။

သတင်း... yangonchronicle

DV ပေါက်သည်ဟု လိမ်လည်ငွေတောင်း သူ များ ပေါ်ပေါက်နေ


အမေရိကန် နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာကံစမ်းမဲ အစီစဉ် တစ်ခုဖြစ်သည့် The Diversity Visa - DV ကံစမ်းမဲ ပေါက်သည် ဟုဆိုကာ ငွေတောင်းစာ အီးမေးလ်များပို့ပြီး လိမ်လည်မှု များရှိနေကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ ဒုတိယကောင်စစ်ဝန် Daniel Jacobsကပြောသည်။ ယင်းကဲ့သို့ လိမ်လည်နေ သူများကို အမေရိကန် အစိုးရ အနေဖြစ် စိစစ်အရေးယူမှုများ လုပ်ဆောင်နေကြောင်း ၄င်းကဆက်လက် ပြောကြား သည်။ “DV လျှောက်ထားတဲ့ သူတစ်ယောက် အနေနဲ့ အခုလိုမျိုး လိမ်လည်စာတွေ ရောက်လာရင် သံရုံးကို ဖုန်းဆက် အကြောင်းကြား ပေးပါ”ဟု ၄င်းကဆိုသည်။ DV လျှောက်ရန်နှင့် ပေါက်မပေါက်သိရန်အတွက် ဝက်ဘ်ဆိုက်လိပ်စာ တစ်ခုတည်း သာထား ရှိထားပြီး ယင်းဝက်ဆိုက် ကသာ အစအဆုံး လုပ်ဆောင် ပေးကြောင်း၊ ယင်းဝက်ဘ်ဆိုက်မှာ www.dvlottery.state.gov ဖြစ်သည်။

ယင်းကဲ့သို့လိမ်လည် ခံခဲ့ရ သူများကို ဖော်ပြမပေးခဲ့ သော်လည်း လိမ်လည်ခံ လိုက်ရသူများ အမှန်တကယ်ရှိကြောင်း ၎င်းကပြောသည်။ DV လျှောက်ခြင်း၊ ပေါက်မပေါက်သိခြင်း တို့ကို အထက်ပါဝက်ဘ်ဆိုက်၌သာ လုပ်ဆောင်ရ သည်ဖြစ်သည့်အတွက် အခကြေးငွေ လုံးဝမယူထားကြောင်း ၄င်းကပြောသည်။DV ပေါက်ပြီး အမေရိကန်သံရုံးမှ အင်တာဗျူး ခေါ်ယူပြီးမှသာလျှင် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၇၄၅ ဒေါ်လာပေး သွင်းရမည်ဖြစ်ကြောင်း၊ ဗီဇာကြေးတစ်ခုတည်း ကိုသာ အမေရိကန်အစိုးရမှကောက်ခံပါကြောင်း ၄င်းကပြောသည်။ DV သည်အမေရိကန် နိုင်ငံ၌ နေထိုင်ခွင့်ပြု သည်မှအပ အမေရိကန် အစိုးရက မည်သည့် ထောက်ပံ့မှုကိုမျှ ပေးမည်မဟုတ်ကြောင်း၊ လိမ်လည်သူများကမူ နေစရာနှင့်အလုပ်ကိုပါ ကူညီပေးမည်ဟု ရေးသားလိမ်လည် လေ့ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ DV ကံစမ်းမဲအဖြစ် တစ်နှစ်လျှင် လူဦးရေ ၅သောင်းကို အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်ပြုရာ နှစ်စဉ်မြန်မာနိုင်ငံမှ ၂၂၀ ခန့် မဲပေါက်လေ့ ရှိသည်ဟုVenus News Journal တွင်ဖော်ပြပါရှိထားသည်.။

မုန်တိုင်းမိုးငယ်နဲ့ မုံရွာမြို့လယ်


မုံရွာ အောက်တိုဘာ ၂၀ ရက် မြန်မာပြည်ရဲ့ ကုန်းတွင်းပိုင်းဒေသ ကို အလည်ဝင်လာတဲ့ ဘင်္ဂလား ပင်လယ်ထဲက အနီရောင်မုန်တိုင်း ငယ်မိုးဟာ လူနေရပ်ကွက်တွေကို ရေကြီးရေလျှံ ဖြစ်စေခဲ့ပါတယ်။ မိုးရွာသွန်းမှုများပြီဆိုရင် ရေ ကြီးရေလျှံမှုဒဏ်ကို နှစ်စဉ်ခံရတဲ့ မြို့ပေါ်လူနေရပ်ကွက်များကတော့ နန္ဒဝန်ရပ် နယ်မြေအမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) အေးရိပ်သာလမ်း၊ သလ္လာမြို့သစ်ရပ်ကွက် ပညာကော လိပ်အနီး သာစည်လမ်း၊ ရတနာပုံ ရပ် နယ်မြေအမှတ် (၁၀) ဓမ္မပါလ ကျောင်းတိုက်အနီး အောင်သပြေ လမ်းနဲ့ လယ်တီရပ်ကွက် သုခဝတီ ကျောင်းအနီး ကွက်သစ်တို့ဖြစ် တယ်။ "ဟိုအရင်တုန်းက ကျောက္ကာ တောင်ရိုး (မ)ဘက်ကကျလာတဲ့ ရေတွေဟာ 'ဦးပေါကြည်'ချောင် ရိုး အတိုင်း၊ ချင်းတွင်းမြစ်ထဲကို စီးသွားတယ်။

အခုဟာက ချင်းတွင်း မြစ်ထဲကို စီးဝင်ရာလမ်းကြောင်း ဖြစ်တဲ့ ကန်သာယာရေကန်ကြီးကို ပိတ်ဆို့ပြီး ငါးမွေးမြူရေးလုပ်ငန်း တွေလုပ် ကြတယ်။ အဲဒါကြောင့် ရေထွက်လမ်းမရှိဘဲ ရေတွေကအိပြီး ကျွန်တော်တို့ရပ်ကွက်တွေကို ရေမြုပ်ကုန်တာပါ။ ဒီလိုအဖြစ်မျိုး က တစ်နှစ်ကို လေးငါးကြိမ် အ နည်းဆုံးတွေ့ရတယ်လို့" ရတနာပုံ ရပ် ကွက်၊ အောင်သပြေလမ်း၊ လမ်း သွယ် (၄)နေ ဒေသခံတစ်ဦးက လွတ်လပ်စွာပြောပြပါတယ်။

လယ်တီရပ်ကွက် မြောက်ပိုင်း သုခဝတီကျောင်းအနီးနေ ဒေသခံ တစ်ဦးကတော့ "မြို့ထဲလမ်းတွေ ပေါ်ရေကြီးရေလျှံတယ်ဆိုတာက နာရီပိုင်းနဲ့ပြီးသွားတယ်။ ကျွန်တော် တို့ ပိုင်းရေဝင်ရင် အနည်းဆုံးဆယ် လေးငါးရက်ကြာတယ်။ ရေကျပြီဆို တာတောင် အိမ်ထဲမှာ ၂ပေခွဲ ၃ပေ လောက်ကျန်တယ်။ ကိုယ့်ကျန်းမာ ရေး ကိုယ်ဂရုစိုက်ပြီးနေရတယ်။ နေရေးထိုင်ရေးနဲ့ ချက်ပြုတ်စား သောက်ရေး အလွန်ခက်ရပါတယ်" လို့ ဆိုပါတယ်။ ရေကြီး ရေလျှံပြီး၊ လူနေရပ် ကွက်များ ရေနစ်မြုပ်မှုဘေးအန္တ ရာယ်ကြုံရသော်လည်း လူသေဆုံး ခြင်း၊ ပစ္စည်းဥစ္စာပျက်စီးဆုံးခြင်း မရှိကြောင်း သိရသည်ဟု ENVOY News Journal တွင်ဖော်ပြပါရှိပါသည်.။

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ အထူး ကိုယ်စားလှယ်တော်များ ဆက်တိုက်ရောက်ရှိ



နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်း၊ ၅နာရီ မိနစ် ၃၀ အချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်နဲ့ ဒုတိယအတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက်တွေ့ဆုံမယ်ဆိုတဲ့ သတင်းကြောင့် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ကို ညနေ ၅နာရီ ၀န်းကျင်လောက်မှ အရောက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့ ညနေ(၂)နာရီခွဲအချိန်တွင် တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတင်း၊ဓာတ်ပုံများအတွက် မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

စစ်တပ်မှ အမျိုးသမီးငယ် ၃ဦးကို အဓမ္မကျင့်သတ်ဖြတ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဖဲပါရွာမှ အမျိုးသမီးငယ် ၃ဦးအား ခလရ(၂၉၀) တပ်ရင်မှူး လက်အောက်ခံတပ်များမှ ပြီးခဲ့သည့်အပတ်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ကေအိုင်စီကို ပြောသည်။

“ရွာက တရုတ်ရွာဗျ။ အသတ်ခံရတာကလည်း တရုတ်အမျိုးသမီးလေးတွေပါ။ မုဒိမ်းကျင့်ထားတဲ့ လက္ခဏာလည်း တွေ့ရ တယ်လေ။ ရွာကလူတွေက ဖြစ်ဖြစ်ချင်း ရဲစခန်းတိုင်ဖို့ လုပ်ကြသေးတယ်။ တိုင်ရင် စစ်တပ်က လာနှိပ်စက်ဦးမယ်ဆိုပြီး မတိုင် ဖြစ်တော့ဘူး။”ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အသတ်ခံရသော အမျိုးသမီးလေးများမှာ အသက် ၁၇နှစ်အရွယ်သာ ရှိသေးကြောင်းလည်း သိရသည်။

၎င်းစစ်တပ်သည် ၂၅ရက်နေ့က ထိုနမ့်ဖဲရွာ မရောက်မှီ စစ်ကြောင်းချီရာ လမ်းပေါ်ရှိ နမ့်တောင်နှင့် မုန်းပေါ်ရွာကြားရှိ ကောင်း ခါးရွာကိုလည်း ၀င်ရောက်ကာ ရွာထဲရှိ ကြက်များကို ယူဆောင်သွားကြောင်း သိရသည်။

“အိမ်တိုင်းကိုဝင်ပြီး မွေးထားတဲ့အကောင်တွေ ယူတာ။ အိမ်တအိမ်ကတော့ မီးဖွားပြီးစ အမျိုးသမီးတစ်ယောက်ထဲနေတာ။ ကြက်မွေးထားတာ မရှိဘူးလို့ပြောတော့ တံခါးအတင်းဖွင့်ပြီး အိမ်ထဲက ပစ္စည်းတွေယူ သွားတာပဲလေ။”ဟု ရွာခံတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းအနောက်ဖက်ခြမ်း ရှဒပါရွာတွင် တရုတ်အမျိုးသမီး ၃ဦးအား အစိုးရစစ်သားများက အဓမ္မပြုကျင့်ခဲ့ကြသည်။

စက်တင်ဘာလမှစ၍ ထိုးစစ်များကြောင့် လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်ဒေသများရှိ ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ခံနေကြရသည်။

သတင်း..ကေအိုင်စီ

04 November 2011

ငွေတမျက်နှာတည်း ကြည့်သော ဆရာဆရာမများ တိုးပွားနေ (ပေးစာ)


အထက (၂) ကမာရွတ် ကျောင်းမှ အလယ်တန်းပြ အတန်းပိုင် ဆရာမနှင့် ဘာသာရပ်ဆိုင်ရာ ဆရာမများထံတွင် ကျူရှင် မယူသဖြင့် မဲခံနေရသော (အညှိုးထားခြင်း) ခံနေရသော ကျောင်းသူတစ်ဦးရဲ့ မိဘတွေရဲ့ ရင်ဖွင့်သံလေးကို ရေးပေးစေချင်တဲ့ အတွက် အများ ဖတ်ရှုနိုင်ရန်နှင့် အထူးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အပြုသဘောဆောင်ပြီး ဖြေရှင်းပေးကြနိုင်ပါရန် တင်ပြရေးသား လိုက်ရပါသည်။

အထက ၂ ကမာရွတ် အလယ်တန်း၌ ပညာသင်ကြားနေသော ကျောင်းသူ တစ်ဦးနှင့် မိဘများ၏ ခံစားနေရမှုကို ရင်ဖွင့် တင်ပြအပ်ပါသည်။

အာစရိယ ဂုဏံ သက္ကစ္စံ အဟံ ဝန္ဒာမိသဗ္ဗဒါ

ရှေးဦးစွာဖြင့် အာစရိယ ဂုဏော အနန္တောဟု ရိုသေစွာဖြင့် အနန္တဂိုဏ်းဝင် ဆရာသခင်များကို ရိုသေစွာ ကန်တော့ဦးတင် လိုက်ရပါသည်။ ပြောရမယ့် စကားကို မပြောသေးခင် ဦးစွာပြောလိုတာကတော့ ငါးပါးဂိုဏ်းဝင်ဂုဏ်အင်ပြည့်ဝ မွန်မြတ် ပါလှသောဆရာများနေ့ အကြောင်း ပါပဲ။ အောက်တိုဘာလ ၅ ရက်နေ့ဟာ ကမ္ဘာ့ ဆရာများနေ့ ဖြစ်တယ်။ ယူနက်စကို(UNESCO) အဖွဲ့က နေပြီး ၁၉၉၄ ခုနှစ်မှာ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ ဆရာများနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ယူနက်စကို ဆိုတာ United Nations Education Scientific and Cultural Organization လို့ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ ဖြစ်တယ်။ ပညာရေး ဆိုတာ လူ့အခွင့်အရေး တစ်ရပ် ဖြစ်သလို ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ကျတဲ့ အခန်းကဏ္ဍ တစ်ရပ် လည်းဖြစ်ပါတယ်။ အရည်အသွေးပြည့်မှီတဲ့ သင်ကြားခြင်း တွေဟာ ဆရာများရဲ့အရည်အသွေးအပေါ်မှာ တည်မှီနေရပါတယ်။

ဆရာဆိုတဲ့ ဂုဏ်ကို မြန်မာနိုင်ငံရဲ့ ပညာရေး အဖွဲ့အစည်းများနဲ့ လူမှု အသိုက်အ၀န်းမှာ ၁၉၉၄ ခုနှစ် မတိုင်မီ ကာလများကပင် ဆရာ၊ ဆရာမများကို ရိုသေ ကန်တော့တဲ့ အာစရိယ ပူဇော်ပွဲတွေ ရှိနေခဲ့ပါတယ်။ ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးကို တန်ဘိုး ထားပြီး ကျင်းပရခြင်းလည်း ဖြစ်ပါတယ်။

“တပည့်တို့ရဲ့ အကျိုး ကျေးဇူးတို့ကို ကျင့်ဆောင် တတ်သောကြောင့် ဆရာလို့ ခေါ်ဆိုရကြောင်း အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အညီ ဆရာသည် တပည့်သားတို့ အပေါ် မေတ္တာ၊ စေတနာ အရင်း ခံထား၍ မလိမ္မာ မယဉ်ကျေးသည်ကို လိမ္မာ ယဉ်ကျေး လာစေရန် လည်းကောင်း မကောင်းသော အမှုကို ရှောင်ကြဉ်စေ၍ ကောင်းသော အမှုကို ပြုလုပ်စေရန် လည်းကောင်း၊ ချိုသာစွာ ဆုံးမသွန်သင်ပြသကြသည်။

ထို့အပြင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ် ငါးဖြာဟူသည်နှင့် အညီ ဆရာ့ကျင့်ဝတ်များကို ပြည့်စုံစွာ ဆောင်ရွက် ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့သည် တပည့်များ၏ အနန္တ ကျေးဇူးရှင်များ စာရင်းတွင် ပါဝင်ပါသည်” လို့ ဗုဒ္ဓ ဘာသာကောင်း တစ်ယောက် စာအုပ်ရဲ့ အခန်း ၂၊ စာမျက်နှာ ၈၊ အာစရိယ ဂုဏော အနန္တောခေါင်းစဉ် အောက်မှာ ဖော်ပြ ထားပါတယ်။

အနန္တော အနန္တ ငါးပါးစာရင်းဝင် ဆရာဆိုတာ ဘယ်လို အမျိုးအစားလည်းဆိုတာ အားလုံး သိပြီးသားပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်ရဲ့ ကြေးမုံ ထဲမှာတော့ အရောင်အသွေးစုံတဲ့ ဆရာ အမျိုးအစား များစွာ ရှိလို့ နေပါပြီ။ တာဝန်ထက် ပိုလွန်တဲ့ လုံ့လနဲ့ ချီတက်နေတဲ့ ဆရာတွေကို တွေ့ ကြရသလို။ ငွေရဲ့ အထူအပါးအလိုက် ပညာကို အလိုက်ပေး ဖလှယ် ပေးနေတဲ့ ဆရာတွေဆိုတာလည်း တွေ့နေကြရပါတယ်။ တကယ်တော့ ကြည်ညိုဖွယ်ရာ ဆရာ/ ဆရာမ တွေဆိုတာ ဘယ်လိုဟာလဲလို့ စဉ်းစားတွေးတော ကြည့်ဖို့က……….။..

ကျွန်မတို့ မိဘများအနေနဲ့ သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ ကျောင်းမှ သင်ယူလိုက်ရသည့် သင်ခန်းစာကိုသာ အားပြုပါသည်။ အတန်းပိုင်ဆရာမနှင့် ဘာသာရပ်ဆိုင်ရာ ဆရာမများပေးနေသော ကျူရှင်များကို သွားရောက်သင်ကြားရန် ငွေ အင်အားကြောင့်၎င်း ၊ အပို့၊ အကြို အခက်အခဲများကြောင့်၎င်း မသင်ကြားနိုင်သောကြောင့် စာမေးပွဲ စစ်တိုင်း အမှတ်များ မတရား လျှော့ခံ ရခြင်း၊ အဖြေလွှာကို ဘာကြောင့် အမှတ် လျှော့ရသလဲလို့ သွားရောက် မေးသည့်အခါ ဆရာ စိတ်ဓါတ်ပီပီ ရှင်းပြ၊ ပြောပြ ခြင်း မရှိဘဲ လူမဆန်စွာ အဖြေလွှာစာရွက်ကို လွှင့်ပစ်ခြင်း ၊ ဆရာမများ ဗုဒ္ဓဘာသာဝင် ဆရာကောင်းများ ထားရှိအပ်သော ဆရာစိတ်ဓါတ် မရှိတော့ဘဲ ပိုက်ဆံ (ငွေ) မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ပြီး သင်ကြားနေတဲ့ အတွက် ပညာကို တကယ် လိုချင်သော တပည့်များက ကျောင်း မသွားရဲတဲ့ စိတ်ဓါတ်များ ခံစားနေရခြင်း မျက်နှာငယ်ရခြင်းများ ခံစား နေရခြင်းများ ဖြစ်နေကြရပါသည်။ ဒီလို အကြောင်းတွေနဲ့ ပတ်သက် ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက မိမိတို့ အုပ်ချူပ်နေသော ကျောင်းအတွင်းမှာ ဖြစ်ပျက်နေမှုများကို သေချာစွာသိနိုင်ရန် ရင်ဖွင့် ပြောကြား တင်ပြပေးလိုက်ရပါသည်။

ဤကဲ့သို့ ရေးသားတင်ပြခြင်း မပြုမှီမှာ လည်း အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ရပါသေးသည်။ ပြောမပြရင် အကောင်းသား ပြောပြလိုက်ကာမှ ပြဿနာ ပိုများ ရှာလေမလား။ ကျွန်မတို့ သားသမီးတွေအပေါ် ပိုပြီးတော့များ အဖြစ်ဆိုးစေမှာလား၊ အညှိုးတကြီးနဲ့များ ကလေးတွေ အပေါ် တုံ့ပြန်ကြမလားလို့ စိုးရိမ်စိတ်တွေ များခဲ့ရပါတယ် ဒါပေမယ့် ကိုယ်တစ်ဦး တစ်ယောက် အနစ်နာခံလို့ နောင်လာနောင်သား အများအတွက် ကောင်းကျိုး ဖြစ်စေနိုင်ခဲ့မယ် ဆိုရင်တော့ စတေးရကျိုး နပ်နိုင်မယ်လို့ပဲ ခံယူပြီး ခံစားချက်တွေကို ရင်ဖွင့်ပြရတော့တာပါပဲ။

အာဏာပိုင်များနှင့် ကျောင်းအုပ်ကြီးများကလည်း ဤကဲ့သို့ ငွေကြေးမျက်နှာဖြင့်သာ ဆက်ဆံနေသော ဆရာဆရာများကို လျစ်လျူရှုထားကြပါသည်။

ကျောင်းသူ မိဘ အနေနဲ့ မိမိသားသမီးနှင့် ထပ်တူ ထပ်မျှခံစားနေကြရပါတယ်။ အထက ၂ ကမာရွတ်မှာရင်ဆိုင်နေကြရသော ဤ အခက်အခဲမှ လွတ်မြောက် အောင် ကျောင်းအုပ် ဆရာမကြီးနှင့် တစ်ကွ မိမိတို့၏ သားသမီးများပမာ ကျောင်းနေတပည့်များ အပေါ်၌ စေတနာမေတ္တာဖြင့် ကူညီဖြေရှင်း ပေးနိုင်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ အသိပေး ရင်ဖွင့် တိုင်ကြားလိုက်ရပါသည်။

(ရင်သွေးငယ်အတွက် ခံစားနေရသော ကျောင်းသား မိဘတစ်ဦး)။
သတင်း.. Maukkha Education Magazine

အစိုးရစစ်တပ်က နို့မဖြတ်ရသေးသည့် နို့စို့အရွယ်ကလေးမိခင် ကချင်အမျိုးသမီးတဦးအား ဖမ်းဆီး ထိန်းသိမ်းထားပြီး (၇)ရက်မြောက်

ဖမ်းဆီး ခေါ်ဆောင်သွားသည့် တပ်မှာ ခမရ (၃၂၁) လက်အောက်ခံ မို့ဘွမ်ရှေ့တန်းစခန်း


ကျန်ခဲ့တဲ့ နို့စို့အရွယ် သမီးငယ်

အပြစ်မဲ့ သမီးငယ် လွမ်းနော၏ သနားစရာအမေကိုစောင့်မျှော်နေလျက်

အေးဆေးစွာနေထိုင်နေတဲ့ မိသားစုနေအိမ် ခုတော့ပူးဆွေးမှုများစွာနဲ့


ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် နို့စို့အရွယ် ကလေးမိခင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာ



အခင်းဖြစ်သည့်အချိန်

၂၀၁၁ခုနှစ်အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ ၃နာရီကျော်

အခင်းဖြစ်သည့်နေရာ

မိုးမောက်မြို့နယ်။ လွယ်ဂျယ်မြို့နယ်ခွဲ၊ ခိုင်ဗန်ကျေးရွာ။ ဦးမရူဒေါင်လွမ်း. ပြောင်းဖူးခင်း၊

အဖမ်းခံရသည့်သူများ၊

(၁) ဒေါ်ဆွမ်လွတ်ရွယ်ဂျာ... အသက် (၂၈)နှစ်(ဦးဒေါင်လွမ်း.ဇနီး)

(၂) ဦးမရူဒေါင်လွမ်း- အသက် (၃၁)။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာ.ခင်ပွန်း

(၃) ဦးမရူဇေဒေါင် - အသက် (၇၀)နှစ် ဦးမရူဒေါင်လွမ်း.ဖခင်

အခင်းဖြစ်ပုံ၊

၂၀၁၁ခုနှစ်။ အောက်တိုဘာလ (၂၈)ရက်နေ့က ဒေါ်ဆွမ်လွတ်ရွယ်ဂျာနှင့် အတူတကွ သူမ၏ ခင်ပွန်းဖြစ်သူ ဦးမရူဒေါင်လွမ်း။ သူမ.ယောက်ခထီး ဦးမရူဇေဒေါင်တို့သည် ခိုင်ဗန်ကျေးရွာအစွန်။ မို့ဘွမ်တောင်ခြေရှိ ၎င်းတို့ ပြောင်းဖူးခင်း ပြောင်းဖူးရိတ် နေရာသို့ တပ်မတော်စစ်သား(၃)ဦးရုတ် တရက်ရောက်ရှိလာပြီး သေနတ်နဲ့ ချိန်ရွယ်ကာ ဘာမှပြန်မပြောဖို့နဲ့ ခူး၍ထားသည့် ပြောင်းဖူးများကို သိမ်း ခိုင်းသည်၊ ထို့နောက် ၎င်းတို့ (၃)ယောက်အား ပြောင်းဖူးများ တောင်ထိပ်ရှိ စစ်တပ်သို့ လိုက်ထမ်းပို့ရန် ပြောသည်၊ ဦးမရူဇေဒေါင်နှင့်သူ့သား ဦးမရူဒေါင်လွမ်းတို့အား ကေအိုင်အေစစ်သား ဟုတ်မဟုတ် စစ်ဆေးမေးမြန်းသည်။ ဦးမရူဇေဒေါင်တို့ သားအဖမှလည်း မိမိတို့ KIA စစ်သားများ မဟုတ်ကြောင်း ပြန်ပြောဆိုသည်၊ အစ ပထမ ဦးမရူဇေဒေါင်တို့ သားအဖအား မချည်ပါ၊ ပြောင်းဖူးခင်း အစွန်နားရောက်တော့ ကေအိုင်အေ စစ်သားတွေ လုံခြုံရေးလာယူစဉ်က တူးသွားသည့် ကတုတ်ကျင်းကို တွေ့သည့်အခါ မင်းတို့ကအိုင်အေ ပြည်သူ့စစ်ပဲ ဟုဆိုကာ မာန်မဲသည်။ သတ်ပစ်မည်ဟု ပြောသည်။

ထို့နောက် သားအဖနှစ်ယောက်အား ပလိုင်းကြီးနှင့် အတူတူချည်သည်၊ ထိုနေရာ၌ နောက်ထပ်စစ်သား (၃)ဦးကစောင့်နေသည်၊ ထို့နောက်မို့ဘွမ်စစ်တပ် တောင်ကုန်းဘက်သို့ ထွက်လာရာလမ်းသို့ ဒေါ်ဆွမ်လွတ်ရွယ် ဂျာက ထွက်ပြေးကြရအောင်ဟု သူမခင်ပွန်းနှင့် ယောက္ခထီးကို တိုင်ပင်သည်၊ နောက်တော့ သူမခင်ပွန်းနှင့် ယောက္ခထီးကို စစ်သားတွေရဲ့ ရှေ့မှာ လျှောက်ခိုင်းသည်။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာနှင့် သူမခင်ပွန်းတို့ကား စစ်သားတွေခြား သွားသည်၊ လျှောက်လာရင်း ဦးမရူဇေဒေါင်တို့ သားအဖကတော့ ထွက်ပြေးကြဖို့ တိုင်ပင်ပြီး လက်ချည် ထားသည့် သားကို ဖက်ကာစစ်သားတွေ ရှေ့တင်မျက်စိစုံမှိတ်ကာ လျှက်တပြက်အတွင်း ထွက်ပြေးသွားသည်၊။ ထွက်ပြေးသွားစဉ် သေနတ်အော်တိုဆွဲကာ (၂)ခေါက်လိုက်ပစ်သည်။ မထိပဲ လွတ်မြောက်လာခဲ့သည်၊ သို့သော် စိတ်မကောင်းစွာဘဲ ဒေါ်ဆွမ်လွတ်ရွယ် မထွက်ပြေးနိုင်ပဲ စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသည်၊ သေနတ်နဲ့ပစ်တဲ့ အချိန် ညနေ ၄နာရီခန့်ရှိပြီး။

မကြာခင် ၄နာရီခွဲခန့်၌ အဆိုပါအမျိုးသမီးနှင့်အတူ စစ်သားများ မို့ဘွမ်စခန်းသို့ ၀င်ရောက်လာသည်ကို မိုင်ဘွမ်ဘေး ပတ်ဝန်းကျင်ရှိ ကေအိုင်အေရှေ့တန်းစခန်း တပ်သားများကလည်း တွေ့ခဲ့သည်၊ ထိုစဉ်သူမ၀တ်သည့် အ၀တ်အစားမှာ အင်္ကျီအနီရောင် အစင်းကျား။ ဘောင်းဘီမီးခိုးရောင်ဖြစ်သည်၊ ထီးဆောင်း စစ်သားတွေနဲ့ အတူ ရောက်လာသည်ဟုဆိုသည်၊ အခင်းဖြစ်သည့်နေရာ အောက်တိုဘာ(၂၉)ရက်နေ့ မနက်နေတက်ချိန်။ နေ့လည် နေ့ခင်းပိုင်းအထိ သူမအား ဘေးပတ်ပတ်လည့် စစ်သားများမှ သူမအား စခန်းရှိကျောက်တုံးပေါ် နေပူဆာ လှုံခိုင်းသည်၊ နေပူဆာလှုံနေသည့် အချိန်စစ်သား(၄)။ (၅)ယောက်က သူမအားသွားဖက်လိုက်။ ဆွဲလိုက်၊ နမ်းလိုက်လုပ်ကာ စစ်တန်းလျားထဲသို့ ပြန်ခေါ်သွားသည်ဟု အဝေးမှ မှန်ပြောင်းဖြင့် ကြည့်မြင်ခဲ့သည့် မျက်မြင်သက်သေများက ပြောသည်၊

အောက်တိုဘာလ(၃၀)ရက်နေ့ကလဲ သူမအားနေပူဆာလှုံခိုင်းသည်၊ သူမနေပူဆာလှုံနေ စဉ် ကြောက်ရွံ့ နေသူတဦး ထိုင်နေသကဲ့သို့ ကျုံ့ကာခေါင်းငုံ ထိုင်နေသည်ကို တွေ့နေရသည်၊ ထိုသို့ထိုင်နေစဉ် ဘေးကဖြတ်သွား သည့်စစ်သားတွေက တို့လိုက်။စလိုက်။ဖက်လိုက်လုပ်သည်၊ စစ်သား၂ယောက်ကသူမ အားထူပြီး လမ်း ခေါ်တွဲလျှောက်သည်ကိုလဲ မြင်ရသည်၊ သူမသည် လမ်းကောင်းကောင်း မလျှောက် နိုင်တော့သည့် ပုံမျိုး တွေ့ရသည်၊ အောက်တိုဘာ(၃၀)ရက်နေ့အထိသူမ. မူလအ၀တ်အစား ၀တ်သေးသည်၊ အောက်တိုလဘာ(၃၁)ရက်နေ့တွင် စောင့်ကြပ်လေ့လာနေသည့် ဒေသခံအမျိုးသမီး အဖွဲ့မှလဲ မို့ဘွမ်တပ်စခန်း နားသို့သွားကာ အနီးကပ်စောင့် ကြည့်နေခဲ့သည်၊ ထိုနေ့တွင် သူမအား အပြင်သို့ ခေါ်ထုတ်လာသည်၊ သို့သော် သူမအား အရင်အ၀တ်အစားများ ဝတ်ဆင်လျှက်မဟုတ် တော့ဘဲ။ စစ်အင်္ကျီဝတ်ထားသည်ကို တွေ့ခဲ့ရသည်၊ ညနေပိုင်း ၄နာရီခန့်တွင် သူမအား စစ်သား(၄)ယောက်က စခန်းတွင်းတူးထားသည့် လှိုဏ်ခေါင်းပေါက်ထဲဆွဲခေါ် သွားကြသည်ကို နောက်ဆုံးတွေ့မြင်ခဲ့သည်၊။

နိုဝင်ဘာလ(၁)ရက်နေ့ အထိစောင့်ကြည့်နေခဲ့ရာ ယနေ့တော့ ထိုအမျိုးသမီး အရိပ်အရောင်ကို မတွေ့ရပါ၊

ထို့ကြောင့် ဒေါ်ဆွမ်လွတ်ရွယ်ဂျာအား စစ်တပ်က လွတ်ပေးလိမ့်မည်ဟု မျှော်လင့်နေသေးရာ။ ယခုသူမ. အရိပ်အရောင် မတွေ့ရတော့သဖြင့် စောင့်ကြည့်နေသူများနှင့် ဒေသခံများ မိသားစုဝင်များမှာ စိုးရိမ်မကင်း ဖြစ်နေလျှက်ရှိပါသည်။ နိုဝင်ဘာလ(၂)ရက်နေ့ ယနေ့ထိ ပြန်လွတ်လာခြင်း မရှိသေးပါ။ သို့သော်ယနေ့တွင် လွတ်ပေးမည်ဟု လွယ်ဂျယ်တပ်ရင်းက ပြောခဲ့သည်။ လွတ်ပေးမည်ဆိုသဖြင့် စောင့်မျှော်လျှက်ရှိရာ (သွားစောင့်နေတဲ့ သူတွေလဲလာပို့မည့် လမ်းဘက်စောင့်နေတာ) ညအထိ မပေါ်လာပါ။ ယနေ့ နိုဝင်ဘာလ(၃)ရက်နေ့အထိ မလွတ်ပေးသေးသဖြင့် ပိုစိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။

မိသားစုဝင်များဒုက္ခများစွာကြုံတွေနေမှု

အမေမရှိသောကြောင့် သမီးလေးမှာ စိတ်အားငယ်နေပုံကို တွေ့ရတယ်။ နေ့ခင်းမှာ အဖိုးအသက်(၇၀)နဲ့ အတူနေရတယ်၊ ဦးမရူဇေဒေါင်ရဲ့ညီမနဲ့ ဇနီးက (ကလေးလေးရဲ့ အဖွား၂ယောက်က ကောက်ရိတ် သွားရတယ်)။ ညမှာတော့ အဖွားတွေ ၀ိုင်းပြုစုရ။ တညကို၂ခေါက်.. ၃ခေါက်ထငိုပြီး အမေကို ခေါ်တာကြောင့် ချီပိုးပြီးပြန်သိပ်ရတယ်လို့ အဖွားဖြစ်သူက ပြောပါတယ်။ သူမအမျိုးသားမှာ စိတ်ဒုကျှခံစားရဲပီး စိတ်မတည်မငြိမ် ကယောင်ကတမ်း ဖြစ်နေသည့် အနေအထား ရှိနေပါသည်။ နို့စို့သမီးလေးကလေး အမေကိုသာ တကြော်ကြေ်ခေါ်ကာ ဩအမီးလာ အမီးလာဩ (ဗမာလို အမေပြန်လာ။ အမေပြန်လာ) ဆိုပြီးငိုငိုနေတတ်တယ်လို့ ပြောပါတယ်။ သမီးလေးက သူ့အမေအရွယ် အမျိုးသမီးတွေကို တွေ့ရင်လဲ အမီးလာ အမီးလာလို့ ပြောတတ်ကြောင်း အဖွားကပြောပြပါတယ်။

နိုဝင်ဘာလ(၂)ရက်နေ့ ကြားသိရသည့် သတင်းတခုမှာ မို့ဘွမ်မှ ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာ (၂)ယောက်က သက်သေထွက်ဆိုထားသည်မှာ မို့ဘွမ်တွင် ဆွတ်လွတ်ရွယ်အပြင် အခြားကချင်အမျိုး သမီး(၃)ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားသည်ဟုသိရပါသည်။ ထိုအမျိုးသမီးများအား စစ်သားများက သားမယားပြုကျင့်ခြင်း။ အ၀တ်အစားများ လျှော်ခိုင်းခြင်း။ ထမင်းချက်ပေးခြင်း စသည့် အလုပ်များ လုပ်ရသည် ဟုပြောပါသည်။ မို့ဘွမ်ဆိုတာ မိုးမောက်မြို့နယ်။ လွယ်ဂျယ်မြို့နယ်ခွဲ တွင်းမှာဖြစ်ပြီး တရုတ်နယ်စပ်နဲ့ ကပ်ရပ်စစ်တပ်ရှေ့တန်း စခန်းဖြစ်ပါတယ်။ ထိုတောင်ခြေတ၀ိုက် အနောက်ဘက်မှာ ကချင်ပြည်နယ်ဘက်တွင် ခိုင်ဗန်ရွာ။ လွယ်လုံရွာ.. မုန်ခါပါရွာဆိုတာတွေ ၀ိုင်းရံထားပြီး။ အရှေ့ဘက်ခြမ်းမှာတော့ တရုတ်နယ်စပ်နဲ့ ကပ်ရပ်ဖြစ်ပါတယ်၊

မြန်မာအစိုးရက တဘက်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမဲ့ စစ်တပ်ကတော့ တိုင်းရင်းသားတွေအပေါ်... ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အစစ်အမှန် ဖြစ်နေတယ်ဆိုတာ သက်သေပြနေပါတယ်။ ပြောင်းလဲမှုက ရန်ကုန်နဲ့ နေပြည်တော်တ၀ိုက် အတွက်ဘဲ ဖြစ်နေသလို ဖြစ်ပါတယ်။

သူမမိသားစုဝင်များလည်း သူမပြန်လွတ်လာဖို့ မျှော်လင့်လျှက်ရှိသည်။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာတွင် တနှစ်နှင့် နှစ်လအရွယ် နို့စို့ကလေး သမီးလေးတဦးရှိသည်။ သမီးလေး နာမည်မှာ လွမ်းနောဖြစ်သည်၊ ယခုအချိန်တွင် သမီးလေးခမျာ အမေ.နို့ရည်ကို မတိုက်ကျွေးရသည်မှာ (၆)ရက်တိတိရှိပြီ ဖြစ်သည်၊ စကားတလုံးစ ၂လုံးစသာ ပြောတတ်သေးသည့် သမီးလေး လွမ်းနောက သူမအမေအရွယ် အမျိုးသမီးတွေကိုတွေဏ္ဍရင် သူမအမေပါမည်ထင် ဩအမေလာ။ လာဩဟု ပြောကာ ငိုလေ့ရှိသည့်ဟု သူမကို စောင့်ရှောက်နေသူ သူမအဖွားက ပြောပြပါသည်၊ ညစဉ် အမေကို ထထရှာ အော်ငိုသဖြင့် တညလျှင် ၂ခေါက်။ ၃ခေါက်ထထ ပိုးပေးရသည်ဟု ပြောပြပါသည်၊ နေ့ခင်းပိုင်းဆိုလျှင် အဖွားက တောင်ယာကို သွားရသဖြင့် သူမအားအသက် (၇၀)အရွယ် အဖိုးဖြစ်သူနှင့် အိမ်မှာထားခဲ့ရသည်ဟုဆိုသည်၊ သူမမျက်နှာမှာ အထီးကျန် အားငယ်နေသည့် မျက်နှာ။ တစုံတယောက်အား စောင့်မျှော်နေသည့် မျက်လုံးများကို တွေ့ခဲ့ရပါသည်၊ သူမအဖေဖြစ်သူမှာ အမေလွတ်လာဖို့ အတွက် ကြိုးပမ်းဖို့ လမ်းစရှာရန်။ ဆွေမျိုးတွေဆီ ထွက်သွားသည်ဟု ဆိုသည်၊ လွယ်ဂျယ်မြို့ရှိ ခမရ (၃၂၁) တပ်ရင်းမှူးဆီလဲ သွားခဲ့သည်ဟု သိရသည်၊ ယနေ့ထိ အိမ်ကို ပြန်ရောက်မလာသေးပါ၊

လိုအပ်လို့ထပ်မေးချင်ရင် အောက်ပါနံပါတ်မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်၊

မိုင်းဂျာ -၀၀၈၆- ၁၅၃ ၆၈၉ ၆၉၃ ၇၆

အားပရီ ၀၀၈၆-၁၃ ၅၇၈ ၂၇၁ ၉၆၀

မာန်အောင်မြို့ နယ်တွင် ပိုစတာကမ်ပိန်းတစ်ခု လှုပ်ရှား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ပိုစတာကမ်ပိန်းတစ်ခုကို နိုဝင်ဘာ ၂ ရက်နေ့က ပြုလုပ်သွားတယ်လို့ သိရပါတယ်။

“မနေ့က မနက်စောစော ၆ နာရီကျော်လောက်မှာ မြန်အောင်မြို့နယ် မြို့ သစ်ဈေးနားမှာ ပိုစတာတစ်ခု ကပ်ထားတာကို တွေ့ရတယ်” မာန်အောင်မြို့ခံတစ်ဦးက ပြောပါတယ်။

“မာန်အောင်မြို့စာတိုက်ရုံးနားမှာ ပိုစတာ တစ်ခု၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးမှာ ပိုစတာ တစ်ခုနဲ့ မော်တော်ကားဂိတ်နားမှာလည်း ပိုစတာတစ်ခု အပါအဝင် မာန်အောင်မြို့နယ်အတွင်းမှာ ပိုစတာ ၇ခု ၈ ခုလောက် ကပ်ထားတာကို တွေ့ခဲ့ရတယ်” လို့ မာန်အောင်မြို့ခံတစ်ဦးက ဘားမားဗီဂျေ ကို ပြောပါတယ်။

အဆိုပါ ပိုစတာ ရဲ့ အပေါ်ဆုံးမှာ နိုင်ငံရေးအကျဉ်းကျ သံဃာတော်တွေရဲ့ပုံ ပါတယ်။အဲဒီအောက်မှာ “မြန်မာပြည်သူများဘက်တွင် ကမ္ဘာ့ပြည်သူများ ရပ်တည်နေကြသည်။” ဆိုတဲ့ စာတမ်းပါတယ်။ အဲဒီအောက်မှာ နိုင်ငံရေးအကျဉ်းသား ယောက်ျား၊ မိန်းမတွေရဲ့ ဓာတ်ပုံတွေပါတယ်။ အဲဒီအောက်မှာ “တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်” ဆိုတဲ့စာတမ်းပါတယ် လို့ မာန်အောင်မြို့ခံတစ်ဦးက ဘားမားဗီဂျေ ကို ပြောပါတယ်။ဈေးကိုလာတဲ့ပြည်သူတွေက ဈေးရှေ့ မှာ ကပ်ထားတဲ့ပိုစတာကို စိတ်ဝင်တစားဖတ်ရှုနေကြပါတယ်။ဒါပေမယ့် မနက် ၇ နာရီ ဝန်းကျင်လောက်မှာတော့ ရဲတွေရောက်လာပြီး ပိုစတာတွေကို လာသိမ်းသွားတယ်လို့ ပြောပါတယ်။

အခု ပိုစတာကမ်ပိန်းကို ဘယ်အဖွဲ့အစည်းကနေ လှုပ်ရှားလုပ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
“နိုင်ငံရေးအကျဉ်းသားတွေကို လွတ်စေချင်တဲ့ဆန္ဒဟာ လူအများစုမှာ ရှိနေကြပါတယ်။ အဲဒီဆန္ဒပေါ်မှာ လူတစုကနေ လှုပ်ရှားပြီး အကောင်အထည်ဖော်လိုက်တာဖြစ်တယ်” လို့ မာန်အောင်မြို့ခံတစ်ဦးက ဘားမားဗီဂျေ ကို ပြောပြခဲ့ပါတယ်။

သတင်း... (Burma VJ Media Network)

အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုနောက်ဆုံး​ရသတင်း

1 _1_

3.11 news

အကြွေးရှင်နဲ့ ဥက္ကဋ္ဌပေါင်းပြီး လယ်ယာမြေကို မတရားသိမ်းဆည်း

အကြွေးရှင်နဲ့ ဥက္ကဋ္ဌပေါင်းပြီး လယ်ယာမြေကို မတရားသိမ်းဆည်းကြွေးနဲ့ပတ်သက်ပြီး ကြွေးရှင်ဦးသန်းလှက ကျွန်တော့်လယ် ၅ဧကကိုတောင်းပါသည် ။ ကျွန်တော် ကမပေးနိုင်သေးကြောင်းပြောခဲ့ပါသည်။ မပေးရ မလား ဆိုပြီး ကျေးရွာဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်ပေါင်းပြီးဦးမြင့်အောင် က ကျွန်တော့အိမ်ကိုလာပြီး “ငွေ ၅ သိန်းနဲ့ နားကပ် တရံပေးမင်းလယ် ၅ဧက ကိုလဲ ဦးသန်းလှ ကို ကြွေးအတွက်ပေး လိုက်ပါ“ လို့ပြောသည်။

ကျွန်တော်က အခုမရှိသေးလို့မပေးနိုင်သေးဘူးလို့ ပြောလိုက်ပါသည်။ဦးမြင့်အောင်က ကျွန်တော့်ကို မပေးရင် မင်းလယ် ၅ဧက ကို သိမ်းမယ်လို့ပြောပြီး တစ်ပတ်အကြာမှာ စာထွက်ပြီး သိမ်းခဲ့ပါသည်။ အဲဒီနောက်ြ မို့နယ် ဥက္ကဋ္ဌ ဦးလှသောင်းကို ကျွန်တော် တိုင်ကြားခဲ့ပါသည်။ အရေးမယူပါဘူးခရိုင်ဥက္ကဋ္ဌကို ကျွန်တော်နောက်ထပ် တိုင်ကြားခဲ့ ပါသည်။ခရိုင်ဥက္ကဋ္ဌကလည်းအရေးမယူခဲ့ပါဘူး ။

အဲဒီနောက် ကျွန်တော်(၂၅ရက်၆လပိုင်း၂၀၁၀ခုနှစ် ) ရန်ကုန်တိုင်းမှူးဦးဝင်းမြင့်ထံသို့တိုင်ကြား ခဲ့ပါသည်။ ရန်ကုန်တိုင်း မှူးထံမှ ခရိုင်ကနေ ပြီး (၁၆ရက်၉လ၂၀၁၀ခုနစ်) ခရမ်းမြို့နယ်မရကဥက္ကဋ္ဌထံသို့ စာရောက် ခဲ့ပါသည်။

အဲဒီနောက်ကျေးရွာဥက္ကဋ္ဌကို ဘယ်အချိန်စစ်ဆေးတယ်ဆိုတာ မသိပါဘူး။ကျွန်တော်၂၉ရက် ၂၀၁၀ခုနစ်မှာ ကျွန်တော်ကိုခေါ်ပြီး စစ်ဆေးခဲပါသည်။ကျွန်တော်ပြတဲ့ အသိသက်သေတွေကို ၁လ ၂၀၁၁ ခုနစ်ကနေခေါ်ပြီး စစ်ဆေးပါသည်။နောက်၁လ ပိုင်း၆ရက်နေ့က လက်မှတ်ခေါ် ထိုးခိုင်းပါသည်။

ကျွန်တော့်စစ်ချက်တွေကို ကျွန်တော်ပြန်ဖတ်ကြည့်ပါသည်။ ကျွန်တော်ထွက်ဆိုတဲ့အတိုင်းမဟုတ်ပါဘူးလို့ ကျွန်တော်ပြောတဲ့အခါ ကြတော့အတွင်းရေးမှူးဦးဝင်းကြည်က ဒါဆိုရင် ပြန်ပြောပါလို့ ပြောပါသည်၊ ကျွန်တော်နောက်တစ်ခါ စကားတွေကို ပြန်ပြီး ထွက်ဆိုခဲ့ပါသည်။

အဲဒီစစ်ချက်တွေ (၉လ၊၁၀လ ) ရှိပါပြီ အခုအချိန်ထိဘာမှ အဖြူ အမဲမသိရသေးပါဘူး။ ဒါ့ကြောင့် သက်ဆိုင်ရာကဆောင် ရွက်ပေးပါရန် ကျွန်တော်အခုတိုင်ကြားရခြင်းဖြစ်ပါသည်။


လယ်သမားကြီးဦးလှစိုး
(အောက်ကျင်းကျေးရွာ)

မြန်မာနိုင်ငံ၏ ဘိန်းစွဲမှုပြဿနာ

(The Diplomat မှ 2nd October, 2011 ရက်စွဲပါ "Burma's Opium Addiction" သတင်းကို yangonchronicle မှဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်တိုင်းရင်းသားတို့၏ ဌာနေတွင် ဘိန်းစိုက်ပျိုးမှု ကြီးထွားလျက် ရှိသည်။ ထိုအချက်ကို Plaung Women's Organization မှ ယခင်လက ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ အမှန်စင်စစ် ဒေသအာဏာပိုင်များသည် ထိုပြဿနာကို သိရုံသာမကဘဲ ဒေသတွင်း ဘိန်းကုန်သွယ်မှုကို ထိထိရောက်ရောက် အကာအကွယ်ပေးကာ အားပေးမြှင့်တင်လျက် ရှိသည်။

နမ့်ခမ်းမြို့နယ်အတွင်း ၁၅ ရွာရှိ ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သော ၂ နှစ်အတွင်း ၇၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု PWO အုပ်စုက အစီရင်ခံ တင်ပြထားသည်။ အဆိုပါဒေသတွင် ၂၀၀၈ ခုနှစ်က ဘိန်းစိုက်ဧရိယာ ၆၁၇ ဟက်တာမျှသာ ရှိရာမှ ယခုနှစ်တွင် ၁၁၀၉ ဟက်တာသို့ တိုးပွားလာသည်ဟု မျှော်လင့်ရပါသည်။ ယခင်က ဘိန်းစိုက်ပျိုးခြင်း မရှိခဲ့သော ၁၂ ရွာခန့်သည်လည်း ၂၀၀၉ ခုနှစ်မှ စတင်စိုက်ပျိုးလာခဲ့သည်ဟု ဆိုသည်။

ပလောင်အသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးစွဲမှု ပြဿနာသည်လည်း ပိုမိုဆိုးရွားလျက်ရှိသည်။ ကျေးရွာတစ်ရွာတွင် အသက် ၁၅နှစ် အထက် ယောင်္ကျားလေးများ၏ ၉၁ ရာခိုင်နှုန်းမှာ မူးယစ်ဆေးစွဲနေသည်ကို PNO အုပ်စုကို တွေ့ရှိခဲ့ပါသည်။ ယင်းသို့ မူးယစ်ဆေးစွဲမှုသည် အိမ်တွင်းရေး ပြဿနာ အပါအဝင် ရာဇဝတ်မှုများကို ပိုမိုဖြစ်ပွားစေလျက်ရှိပါသည်။

ယင်းသို့ ဒေသတွင်း ဘိန်းစီးပွားရေးလုပ်ငန်း ပြန်လည်အသက်ဝင် ရှင်သန်လာခြင်းအတွက် ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကို PWO အုပ်စုက အပြစ်တင်လိုက်ပြီး ဒေသခံလွှတ်တော်အမတ်ကိုလည်း ဒေသတွင်း ဘိန်းစီးပွားရေး လုပ်ငန်းအား အဓိကကာကွယ်ပေးနေသူဟု စွပ်စွဲထားသည်။ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်က သူ့အားမဲထည့်ပါက အဟန့်အတားမရှိ ၅ နှစ် ဘိန်းစိုက်ခွင့်ရမည်ဟု နမ့်ခမ်းမဲဆန္ဒရှင်များ ပြောကြားစည်းရုံး ခဲ့ကြောင်း ရွာသားတစ်ဦးက ထုတ် ဖော် ပြောဆိုခြင်းကို PWO အုပ်စုက ကိုးကားတင်ပြထားခြင်းဖြစ်သည်။

ဦးကျော်မြင့်သည် မနှစ်က ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရကိုယ်စားပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အမတ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ပလောင်တောင်သူများသည် မူလက လက်ဖက်စိုက်ပျိုးသူများဖြစ်သော်လည်း တပ်မတော်အစိုးရ ကြီးမားစွာ ထိန်းချုပ်ထားသော လက်ဖက် စီးပွားရေးလုပ်ငန်း ကျဆင်းလာမှုကြောင့် ၎င်းတို့ဘဝ ရှင်သန်နိုင်ရေးအတွက် ဘိန်းကို မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးကြရခြင်း ဖြစ်သည်။ ထိုအတောအတွင်း ဘိန်းစိုက်ပျိုးမှု ကြံ့ကြံ့ခံ ရှင်သန်နိုင်ရခြင်းမှာ နိုင်ငံရေးသမားများ၊ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များက အခွန်များ၊ ဆက်ကြေးများ ကြီးကြီးမားမား ကောက်ယူ ကာ ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်။

ထိုဒေသခံ လွှတ်တော်အမတ်၏ တရားမဝင် မူးယစ်ဆေးဝါးကိစ္စများကို ဗဟိုအစိုးရက ခွင့်ပြုထားခြင်းမှာ တိုင်းရင်းသား သူပုန်များအား နှိမ်နင်းသည့် စစ်ဆင်ရေးတွင် အပြန်အလှန် အကူအညီရရှိရန် ဖြစ်သည်ဟု PWO အုပ်စုက ယုံကြည်လျက် ရှိသည်။ ပဋိပက္ခပြဿနာများ ဖိစီးနေသော ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် အာဏာအကြား ဆက်စပ်ပတ်သက်မှုများကို ဤကိစ္စက မီးမောင်းထိုးပြနေသည်ဟု ၎င်းအုပ်စုက ပြောကြားသည်။

မြန်မာအစိုးရသည် တိုင်းရင်းသား တော်လှန်ရေးကို ဖိနှိပ်နှိမ်နင်းရာတွင် ဒေသခံပြည်သူ့စစ်များအပါအဝင် တပ်မတော် အဖွဲ့အစည်းအပေါ်တွင် မှီခိုရန် လိုအပ်ကြောင်းနှင့် အစိုးရနောက်လိုက်ပြည်သူ့စစ်များ၊ လက်နက်ကိုင်အုပ်စုများ ဘိန်းကုန်ကူးမှုဖြင့် အသက်ရှင်နေခြင်းကို ခွင့်ပြုထားကြောင်း ၎င်းတို့က ဆက်လက်ပြောဆိုသည်။

မြန်မာအစိုးရ တင်ပြသော ကိန်းဂဏန်းများကိုသာ အခြေပြုလျက်ရှိသော ကုလသမ္မဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဌာန UNODC အနေဖြင့် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအခြေအနေကို ပိုမိုလွတ်လပ်စွာ လေ့လာမှုပြုလုပ်ရန် ယခု ပြည်နယ်တစ်ခုထဲသာ လေ့လာထားသော PWO နောက်ဆုံး အစီရင်ခံစာက လှုံ့ဆော်ပေးနိုင်ပါလိမ့်မည်။ UNODC သည် အစိုးရ၏ ကိန်းဂဏန်းများကိုသာ မှီခိုအားထားနေခြင်းကြောင့် ပကတိ အခြေအနေကို မမြင်နိုင်တော့ဘဲ ပိုမိုဆိုးရွားလာနေသော မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် စွမ်းရည်ကျဆင်းလာလျက်ရှိသည်။

မြန်မာအစိုးရသည် အနိမ့်ဆုံးအနေနှင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများကို စုံစမ်းစစ်ဆေးသင့်ပါသည်။ ထို့အပြင် ဘိန်းစီးပွား လုပ်ငန်းကို ကာကွယ်ပေးမှုအတွက် အပြစ်ရှိသော စစ်ဖက်၊နယ်ဖက် တာဝန်ရှိသူ အရာရှိများကို အရေးယူရန် အဆင်သင့်ရှိနေရမည့်အပြင် ဘိန်းစိုက် တောင်သူများ ဘိန်းအစားထိုးသီး နှံစိုက်ပျိုးခြင်းကို အားပေးမြှင့်တင်ရန် လိုအပ်နေပါသည်။

ယခုအခါ မူးယစ်ဆေးဝါးလက်သည်တရားခံ မိစ္ဆာများအား မျက်စိမှိတ် မသိချင်ယောင်ဆောင်ခြင်းအစား လူ့အဖွဲ့အစည်းအတွင်း အန္တရာယ် ကြီးသော မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်ရန်အတွက် လူငယ်ထုပစ်မှတ်ထား စီမံချက်များကို တာဝန်သိသိဖြင့် ဆောင်ရွက်သင့်သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တင်ပြလိုက်သည်။