နိုင်ငံတော်သမ္မတသက်တမ်းအတွင်း
 လုံးဝလုပ်ဆောင်ခြင်း ပြုလုပ်မည်မပာုတ်ပာု သမ္မတဦးသိန်းစိန်မှ 
ကတိပေးပြောကြားထားသည့် ကချင် ပြည်နယ်၊ 
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေးသုံး စက်ပစ္စည်းနှင့် 
ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်တော့မည် ဖြစ်ကြောင်း 
သိရသည်။
“မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာရှိတဲ့
 ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို တရုတ်နိုင်ငံကို ပြန်ပို့တော့မှာပါ။ သြဂုတ်လ
 ၈ ရက်နေ့ နေပြည် တော် စက်မှုဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ 
လက်ရှိမှာတော့ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားပါတယ်”ပာု 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက 
ပြောကြားသည်။
ထို့ပြင်
 မကြာသေးမီကာလများအတွင်းကလည်း ကချင်ပြည်နယ်အတွင်းရှိ 
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း နေရာများတွင် တရုတ်နိုင်ငံ CPI နှင့် 
အေးရှားဝေါလ်ကုမ္ပဏီဝန်ထမ်းများ လှုပ်ရှားမှုရှိနေဆဲ သတင်းများပေါ်ထွက်ခဲ့ပြီး 
တရုတ်နိုင်ငံ CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင် ရန် 
ယင်းဒေသရှိတိုင်းရင်းသားများအား မက်လုံးပေးမြူဆွယ်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ကို
 မြစ်ဆုံစီမံကိန်းကြီးသာပြီးသွားရင် မီးရမယ်။ ရေရမယ်တွေပြောပြီး 
စည်းရုံးနေပါတယ်။ ဒါတောင် တစ်ချို့မသိတဲ့သူတွေ ပါသွားကြသေးတယ်။ 
ကျွန်တော်တို့အနေနဲ့ မြစ်ဆုံစီမံကိန်းပြန်စဖို့ လုံးဝကန့်ကွက်သွားမှာပါ။ 
ဧရာဝတီပျက်စီးမယ့်အရေး၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ် ဝန်းကျင် 
ထိန်းသိမ်းဖို့အရေးတွေအတွက် ဆုံးတဲ့အထိ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် 
တိုက်ပွဲဝင်သွားမှာပါ”ပာု မြစ်ဆုံအရေးလှုပ်ရှားခဲ့သူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း
 မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နိုင်ရန် ယခင်အစိုးရလက်ထက် ၂၀၀၆ 
ခုနှစ် ဒီဇင်ဘာလတွင် အမှတ် (၁)လျှပ် စစ်စွမ်းအားဝန်ကြီးဌာနနှင့် 
တရုတ်နိုင်ငံ၏ CPI ကုမ္ပဏီတို့မှ သဘောတူလက်မှတ်ရေးထိုး၍ 
စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက် တွင် 
နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ 
မိမိတို့အစိုးရသက်တမ်းကာလအတွင်း ယင်းမြစ်ဆုံစီမံကိန်း တည်ဆောက်နေမှုများကို 
ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သတင်း....yangonchronicle  
