
တချို့တ၀က် နေနစ်မြုပ် လျှက်ရှိသည့် လူနေအိမ်တန်းလျား

ရေနစ်မြုပ်နေသည့် လူနေရပ်ကွက် လမ်းတလမ်း

ပုသိမ် မြို့တော်ခန်းမရှေ့ရေနစ်မြု ပ်မှုမြင်ကွင်း

ရေဘေးဒုက္ခသည်စခန်းတစ်ခု

ရေနစ်မြုပ်လျှက်ရှိသည့် လူနေရပ်ကွက် တခု

စာသင်ကျောင်းများရေနစ်မြုပ် နေပုံ

ပုသိမ် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ကျောင်းသွားကျောင်းပြန်
ပုသိမ်မြို့တစ်ဝက်ခန့်ရေလွှမ်းမိုးခံရသောကြောင့် စာသင်ကျောင်းနှင့်
ဘုန်းတော်ကြီးကျောင်း များတွင်ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများတွင်
ရေဘေးဒုက္ခသည်
နှစ်ထောင်ကျော် ထိရှိလာသည်။
င၀န်မြစ်ရေသည်
စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်ရောက်ရှိနေပြီး
ရက်အနည်းငယ်ထိ ဆက်လက်တည်ရှိနေဦးမည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ
ကြေငြာထားသည်။
ထပ်မံရွှေ့ပြောင်းလာမည့်ရေဘေးဒုက္ခသည်များအတွက် စာနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလိုအပ်လာမည်ဖြစ်သည်။
ယခုရေလွှမ်းမိုးမှုသည် ၂၀၀၄ ခုနှစ်နောက်ပိုင်းအဆိုးဝါးဆုံးဖြစ်သည်ဟု ပုသိမ်ဒေသခံများကပြောသည်။
ယခုလဆန်းပိုင်းမှစတင်၍ဖြစ်ပေါ်ခဲ့သော င၀န်မြစ်ရေကြီးမှုကြောင့်
သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ် များတွင်
ရွာလုံးကျွတ်ပြောင်းရွှေ့ရမှုများပြု လုပ်နေရပြီး ရေဘေးကယ် ဆယ်ရေးစခန်းများ တွင်
ကျန်းမာရေးနှင့်စားနပ်ရိက္ခာအကူအညီများ အမြန်ဆုံးလိုအပ်လျှက်ရှိနေသည်။
ပုသိမ်မြို့ရှိ
အခြေခံပညာကျောင်း ၂၅ကျောင်းပိတ်ထားရပြီး ပုသိမ်-ရန်ကုန်ကားလမ်းမတွင်
ဒါးကကျေးရွာနှင့် ဂုံမင်း၊ကြိုးကြာကွင်းအထိကားလမ်းမပေါ်တွင်
ရေနစ်မြုပ်နေသောကြောင့် ပုသိမ်-ရန်ကုန်ကားလိုင်းများလည်း ယနေ့မှစတင်၍
ရပ်နားလိုက်ရသည်။
သတင်း... YPI