12 August 2012

တရားဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်း ကိုကာကွယ်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


တရားဥပဒေဆိုသည်မှာ လူအဖွဲ့အစည်းကို ထိန်းချုပ်ရန်မဟုတ်၊ လူ့အဖွဲ့အစည်းကို ကာကွယ်ရန်သာဖြစ်သည်ဟု ယုံကြည်ကြောင်း တရားဥပ ဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်ကြောင်း လွတ်တော်သတင်းများအရ သိရသည်။
အဆိုပါကော်မတီကို ယခုလ (၇)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင် ၁၃ဦးနှင့် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေး မှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်တော်၏ (၂၀)ခုမြောက်ကော်မတီဖြစ်ကြောင်း၊ (၁)နှစ်သက်တမ်း ရှိသော ပြည်ထောင်စုအဆင့်ရှိ ကော်မတီတရပ်ဖြစ်ကြောင်း သိရသည်။
ကော်မတီ၏တာဝန်များမှာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ တရားရေးအဖွဲ့အစည်းများ တရားဥပဒေနှင့် အညီနေထိုင်ပြုမှု ဆောင်ရန်အတွက် ထိန်းညှိကူညီရန်နှင့် အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွတ်တော်ဥက္ကဋ္ဌမှတဆင့် လွတ်တော်သို့တင်ပြခြင်း၊ တည်ငြိမ်အေးချမ်း မှုပျက်ပြားစေသော အကြောင်းကိစ္စများပေါ်ပေါက်ပါက သို့မဟုတ် ပေါ်ပေါက်စေနိုင်သည်ဟု ယုံကြည်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများကို ကုညီစောင့် ကြည့် ထိန်းညှိပေးခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်နိုင်စေရန် လေ့လာသုံးသပ်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာပြီး ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌန်းရန် လိုအပ်ချက်များကို လွတ်တော်သို့ တင်ပြချင်းများကိုလည်း ကောင်း၊ ဋ္ဌာနအဖွဲ့အစည်းများက ထုတ်ပြန်သည့်အမိန့်ကြေငြာစာ၊ အမိန့်ကြေငြာချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများ၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌန်းချက်ဥပဒေများနှင့် ညီညွတ်ဆီလျော်အောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ လိုအပ်ပါက လုပ်ငန်းနှင့်သက်ဆိုင်သော ဆက် စပ်အဖွဲ့အစည်းများကို မေးမြန်းဆွေးနွေးနိုင်သည်။
ပထမဆုံး အစည်းအဝေးကို ပြည်သူ့လွှတ်တော်ကော်မတီရေးရာအဆောင် I-12 တွင် သြဂုတ်လ (၉)ရက်နေ့တွင် ကျင်းပခဲ့ပြီး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း အဆိုပါအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ကော်မတီတွင်ပါဝင်သော အဖွဲ့ဝင်များထံမှ တရားဥပဒေစိုးမိုးရေးအပေါ် တစ်ဦးချင်းအမြင်များကို တောင်းခံခဲ့ ကြောင်းလွတ်တော်သတင်းများအရသိရသည်။
သတင်း.....Yangon Chronicle