သတင်းစာလွတ်လပ်ခွင့်
 အပါအဝင် အပိတ်ခံထားရသော သတင်းဂျာနယ်များ ပြန်လည်ထုတ်ဝေခွင့်ပေးရန် 
 တောင်းဆိုချက်များ ထုတ်ပြန်ခြင်းနှင့် ရှပ်အင်္ကျီအနက်ဝတ်ဆင် 
စည်းရုံးလှုံဆော်ခြင်းများ သတင်းမီဒီယာသမားများက 
 ပြုလုပ်ခဲ့ပြီးရက်ပိုင်းအတွင်း ပိတ်ထားသော ဂျာနယ်များကို 
ပြန်လည်ထုတ်ဝေခွင့် ပေးခဲ့ပြီးနောက် သြဂုတ်လ ၁၃ ရက် နေ့မှစ၍ 
သတင်းမီဒီယာများအားလုံးကို ထုတ်ဝေဖြန့်ချီပြီးမှသာ စာပေ စိစစ်ရေးသို့ 
တင်ပြရသောစနစ်သို့ ပြောင်းလဲကျင့် သုံးမည်ဖြစ်ကြောင်း 
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဦးစီးဌာန အကြီးတန်း 
အရာရှိတဦးက ပြောကြားသည်။
သြဂုတ်
 ၁၀ ရက်နေ့က မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို 
ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းခဲ့ပြီးနောက် ယင်းသို့ ထုတ်ဖော် 
ပြောကြားခြင်း ဖြစ်သည်။
"ကိုယ့်တာဝန်
 ကိုယ်ယူခိုင်းလာတဲ့ သဘောလို့ မြင်တယ်"ဟု ၎င်းတို့ ဖော်ပြမည့်သတင်းများအတွက် 
ဥပဒေအရသာ ဆောင်ရွက် လာနိုင်ကြောင်း The Unity ဂျာနယ်ထုက်ဝေသူ 
ဦးစောသန်းမြင့်က သုံးသပ်သည်။
The
 Voice Weekly ဂျာနယ်မှ တာဝန်ရှိသူတဦးကမူ ဂျာနယ်တိုက်တစ်တိုက်စီလျှင် 
အာမခံငွေသိန်း (၅၀) တင်သွင်းရမည် ဟူသော အစီအစဉ်ကို ထုတ်တင်စနစ်သို့ 
ပြောင်းလဲခြင်းအတွက် တရားဝင်ခေါ်ယူပြောဆိုပါက စတင်ကျင့်သုံးလာနိုင်ကြောင်း၊ 
ထုတ်တင်စနစ် ပြောင်းလဲသည် ဖြစ်စေ စာနယ်ဇင်းကောင်စီ ပေါ်လာသည်ဖြစ်စေ 
အမှန်တကယ်လိုအပ်သည်မှာ လွတ်လပ်စွာ သတင်းရေးသားခွင့်သာ ဖြစ်ကြောင်း သုံးသပ် 
ပြောကြား သည်။
"တစ်ပတ်ထဲမှာ
 အာမခံငွေထဲက သိန်း ၅၀ လုံးကုန်သွားနိုင်တယ်"ဟု စာပေစိစစ်ရေး၏ 
မူဝါဒများနှင့် ဆက်လက် ထိမ်းချုပ်ထားနိုင်ပြီး ပိုမိုတင်းကျပ်လာနိုင်သည့် 
အခြေအနေအတွက် ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြား သည်။
သတင်း...   yangonchronicle
