25 March 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မြိတ်ကို ရွေးကောက်ပွဲမဲဆွယ်ခရီးမှာ သောင်တင်မှုနဲ့ ကြုံတွေ့ မှု မြို့ခံများ ပြောကြားချက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္သာရီတိုင်း မြိတ်ကို ရွေးကောက်ပွဲမဲဆွယ်ခရီး စနေနေ့က သွားရောက်ခဲ့ရာ မှာ သောင်တင်မှုနဲ့ ကြုံတွေ့ နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်ကို ရောက်ရောက်ချင်းပဲ ကံမွန်ရွာနဲ့ စခန်းသစ်ရွာကို ပါတီစည်းရုံးရေး အတွက် ဆက်လက် ထွက်ခွာသွားရာမှာ ညနေ ၅နာရီကျော်လောက် မှာ သောင်တင်မှုနဲ့ ကြုံရတာပါ။

မြန်မာစံတော်ချိန် ည ၈ ခွဲလောက်အချိန် ကမ်းမှာစောင့်နေတဲ့ ဒေသခံတွေအပြောအရတော့ ( ဒေါ်အောင်ဆန်းစုကြည်ကို ခုချိန်ထိတော့မမြင်ရသေးဘူး မြိတ် ဆိပ်ခံတံတားမှာအားလုံးကတော့စောင့်နေကြတယ် ။ ကမ်းပေါ် မှာရော ဗောတံတားပေါ်မှာရော လူတွေ အများကြီးရှိပါတယ်။ ဘယ်အချိန်ပြန် လာမယ်လဲခန့် မှန်းလို့ မရသေးဘူး။ ဘယ်သူမှတော့ရေရေရာရာမပြောပြနိုင်ဘူး။ (ပန်းဇင် ) ရွာ မှာဖြစ်တာလို့ ပြောပါတယ်။ ရေတက်လာဖို့  ၃နာရီလောက်စောင့်ရပြီး ၊ ခုရေတက်လာ
ပြီဖြစ်တဲ့ အတွက် ထွက်လာပြီလို့  ပြောပါတယ်။ အဲ့ဒီနေရာဟာသောင်တင်လေ့ရှိတဲ့နေရာဖြစ်ပြီး ခုတော့ရေတက်လာလို့ သောင်ကလွတ်သွားပြီလို့ ပြောပါတယ်။ မြို့ ခံတွေက နောက်က လိုက်သွားချင်ပေမယ့်လိုက်သွားလို့ မရဘူးဖြစ်နေ ပါတယ်။ အာဏာပိုင်တွေက တားမြစ်ထားတဲ့အတွက် လိုက်မယ့် စက်လှေ စပိတ်ဘုတ်မရှိပါဘူး။ ပြည်ဖြိုးထွန်း ကုမဏီပိုင်ရှင် ကိုလှသန်းက ဘိတ်မှာရှိတဲ့ စက်လှေတွေငှားမရအောင် ပိတ်ဆို့ ကန့် ကွက်နေတယ်လို့ လည်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွက် အသုံးပြုမယ့် ရေပေါ်ရှပ်ပြေးယဉ်တွေကို ငှားရမ်းလို့ မရှိဘဲ စပိဘုတ် အကြီးစားတွေနဲ့ပဲ သွားခဲ့ရတယ်လို့ မြိတ်ဒေသခံ ကိုထွန်းအေးက ဒီဗွီဘီကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်မြို့မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။ မနက်ဖြန် မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ကျွန်းစုမြို့နယ်ကို သွားရောက်မှာ ဖြစ်ပြီးတော့နေ လည်ပိုင်းမှာ မြိတ်က မြို့သူမြို့သားတွေနဲ့ ဒေသခံ တွေကို မဲဆွယ်တ၇ားဟောမယ်လို့ သိရပါတယ်။။

ုမြန်မာစံတော်ချိန် ည ၈နာရီခွဲလောက်မှာ ဒေါ်စုစက်လှေဘေးက စက်လှေမှာလိုက်ပါလာတဲ့ ဒီဗီဘီသတင်းထောက် ခွန်ခေါင်နဲ့  ဆက်သွယ်မေးမြန်းထားပါတယ်။