29 March 2012

ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းပြောင်းရွှေ့မည်မဟုတ်

ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးချယ်ခံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ သန်းခေါင်စာရင်း ပြောင်းရွှေ့ဝင်ရောက်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခွန်သာမြင့်ကပြောသည်။

၎င်းက “အဲဒီကိစ္စတွေလုပ်ဖို့ အချိန်လည်းမပေးနိုင်တာနဲ့ တန်လည်းမတန်တာနဲ့ မ၀င်တော့ပါဘူး။ ကျွန်တော်တို့အားလုံး ဆွေးနွေးပြီးဆုံးဖြတ်ခဲ့တာပါ။” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄၊၅၆ တွင် သန်းခေါင်စာရင်းဝင်ထားပြီး ယင်းသန်းခေါင်စာရင်းတွင် ၎င်းတစ်ဦးသာရှိသည်။

သတင်း.... Yangon Press International