25 March 2012

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအား နွားထိုးကြီးကော်မရှင် ခေါ်ယူသတိပေး

နွားထိုးကြီးမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကိုယ်စားလှယ်လောင်းမှ ဥပဒေနှင့်မညီသည့် လုပ်ဆောင်နေမှုများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်ကြားခဲ့သည့်အတွက် နွားထိုးကြီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲက ၎င်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအား ခေါ်ယူ သတိပေး လက်မှတ်ရေးထိုးစေခဲ့ကြောင့် သိရသည်။

“နွားထိုးကြီးမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဥပဒေကိုဆန့်ကျင်ပြီးတော့ သာသနာ့အဆောက်အအုံတွေဖြစ်တဲ့ ဇရပ်တွေ၊ ဓမ္မာရုံတွေက ခန်းမ ဆောင်တွေကို ဌားရမ်းသုံးပြုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းကြည်နှင့် NLD ကိုယ်စားလှယ်တွေကို ထောင်ထွက် တွေ၊ သူခိုးတွေဆိုပြီး ဥပဒေနဲ့မညီညွှတ်ဘဲ ပြောဆိုသွားပါတယ်။ ဒါကြောင့် နွားထိုးကြီးကော်မရှင်အဖွဲ့ခွဲကို တိုင်လိုက်ရတာပါ”ပာု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း၏ ဥပဒေနှင့် မညီညွှတ်သည့် လုပ်ဆောင်နေမှုများနှင့် အသေရေဖျက် စွပ်စွဲမှုများကို NLD ပါတီမှ တိုင်ကြားခဲ့သည့်အတွက် နွားထိုးကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ပြည်ခိုင်ဖြိုးပါတီ၏ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ညွှန့်နှင့် အဖွဲ့ဝင် ဦးအောင်ဇော်မြင့် တို့အား ခေါ်ယူ၍ ဥပဒေနှင့် ပောာပြောမှုများကို လုပ် ဆောင်ရန် ခေါ်ယူသတိပေးခဲ့ရကြောင်း သိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်တာတွေကို လုပ်တဲ့နေရာမှာ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွကို ဆန့်ကျင်ပြီးလုပ်တဲ့အတွက် ခုလို ခေါ်ယူသတိပေးရတာပါ။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှမျှတတနဲ့လုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးထားပါ တယ်”ပာု နွားထိုးကြီးကော်မရှင်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သတင်း....... yangonchronicle