30 March 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကိုယ်ရေးအကျဉ်း


ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ကော့မှူးမြို့နယ်

မွေးသက္ကရာဇ် - ၁၉-၆-၁၉၄၅
ပညာအရည်အချင်း - နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာဖြင့် ဘွဲ့ဒီဂရီရှိခဲ့၊ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့၊ ၁၉၈၅-၁၉၈၆ ခုနှစ်တွင် ဧည့်ပညာရှင်အဖြစ်နှင့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနဌာနသို့ သွားရောက်ခဲ့၊ ၁၉၈၇ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ Simla ရှိ အိန္ဒိယ အဆင့်မြင့် ပညာဆည်းပူးရာဌာန၌ သုတေသနပြုလုပ်ခဲ့၊ နိုဗယ်လ်ဆု အပါအ၀င် ဂုဏ်ထူး ဆောင် ဆုတံဆိပ် မြောက်များစွာရရှိခဲ့။
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
မဲဆန္ဒနယ် - ကော့မှူးမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ -

၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြံပေးအရာရှိ အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်၌ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ဌာန အကြံပေးကော်မတီတွင် လက် ထောက် အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့။
၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် လူထု ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့။ ယင်းနောက် နေအိမ် အကျယ်ချုပ်များဖြင့် ၁၅ နှစ်ခန့် ထိန်းသိမ်းခံရ၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့၊ ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းပြီး မှတ်ပုံတင်သောအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်းခံရ။