31 July 2011

ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ချက်အ​ပေါ် ဆရာကြီး​ ဒဂုန်တာရာကြိုဆို


တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ် ပဋိပက္ခ​တွေ အမြန်ဆုံး​ အဆုံး​သတ်နိုင်ဖို့​နဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေမှာ ကိုယ်စွမ်း​ရှိသမျှ ကြား​ဝင်ကြိုး​ပမ်း​ဆောင်ရွက်ဖို့​ အသင့်​ရှိတယ်လို့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က အစိုး​ရနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေကို စာ​ရေး​သား​ပေး​ပို့​ပြီး​ ​ပြောကြား​လိုက်ပါတယ်။

ဒီက​နေ့​ရက်စွဲနဲ့​ ​ပေး​ပို့​တဲ့​စာဟာ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်၊​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​၊​ မွန်ပြည်သစ်ပါတီနဲ့​ ရှမ်း​ပြည်တပ်မ​တော်​တွေထံကို လိပ်မူ​ရေး​သား​ထား​ပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်က ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေမှာ ကြား​ဝင်ကြိုး​ပမ်း​ဆောင်ရွက်ဖို့​ ​ပြောကြား​ခဲ့​တာနဲပတ်သက်ပြီး​ ဆရာကြီး​ ဒဂုန်တာရာကို ​မေး​မြန်း​ထား​ပါတယ်

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​မှုနဲ့​ ပတ်သက်ပြီး​တော့​ ဆရာကြီး​က ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ကို အမြဲတမ်း​တောက်​လျှောက် ​ပြောလာတယ် ဆို​တော့​ ဒီ ငြိမ်း​ချမ်း​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ​ဒေါ်စုရဲ့​ ကမ်း​လှမ်း​ချက်အ​ပေါ်မှာ ဆရာကြီး​ရဲ့​ အမြင်ကို ​ပြောပြ​ပေး​ပါခင်ဗျ။
“ဟုတ်ကဲ့​ ​ကောင်း​တာ​ပေါ့​ဗျ၊​ ငြိမ်း​ချမ်း​ရေး​လုပ်တယ်ဆိုတာ ​ကောင်း​တဲ့​အလုပ်ပဲ။ အခုလူ​တွေက ငြိမ်း​ချမ်း​ရေး​ထက် စစ်​ရေး​နဲ့​ လက်နက်ကို အား​ကိုး​တတ်ကြတယ်။ လက်နက်နဲ့​ ချဉ်း​ကပ်ချင်တယ်၊​ အဲဒါ မမှန်ဘူး​ခင်ဗျ။ ကမ္ဘာဦး​ကတည်း​က လက်နက် သုံး​ခဲ့​တာမဟုတ်ဘူး​။ ကမ္ဘာဦး​အစ​လေ၊​ ​နောက်ပိုင်း​တော့​ ဘုရင်​တွေ ​ပေါ်လာ​တော့​ လက် နက်အား​ကိုး​လာတာ။ ကျ​နော်တို့​က​တော့​ ငယ်ငယ်ကတည်း​က ငြိမ်း​ချမ်း​ရေး​ကို ကြိုက် တယ်။ အဲဒီအချိန်တုန်း​က သိပ်လှုပ်ရှား​မှု​တွေ မရှိ​သေး​ဘူး​။ လုပ်ရှား​မှု မရှိတဲ့​ အချိန်ကျ​တော့​ ဆရာကြီး​ သခင်ကိုယ်​တော်မှိုင်း​က ဂျူဗလီ​ဟောမှာ ကျ​နော်တို့​ ငြိမ်း​ချမ်း​ ​ရေး​ ညီလာခံလုပ်တယ်​လေ။

ငြိမ်း​ချမ်း​ရေး​ ကွန်ဂရက်လို့​ ​ခေါ်တာ​ပေါ့​။ ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ ကွန်ဂရက်လုပ်တဲ့​အခါမှာ ကျ​နော်တို့​ ပါတယ်။ ဥက္ကဌက​တော့​ ဆရာကြီး​ခင်ကိုယ် ​တော်မှိုင်း​ပေါ့​။ ဒုတိယဥက္ကဋ္ဌက သခင်​လေး​မောင်တို့​၊​ ဦး​ထွန်း​အောင်​ကျော်တို့​၊​ ဘုန်း​ကြီး​ တပါး​က ဘွဲ့​တော့​ ​မေ့​နေပြီဗျ။ ဘုန်း​ကြီး​ဘွဲ့​တွေ ပါလိလိုဆို​တော့​ နည်း​နည်း​ရှုပ်တယ်။ ကျ​နော့်​ကိုလည်း​ ဒုတိယ ဥက္ကဋ္ဌဆိုပြီး​ ခန့်​တယ်။ ၁၉၅၂ ​နောက်ကျ​တော့​ ဂျူဗလီ ​ဟောကြီး​ကို ဖျက်လိုက်တယ်ဗျ။ ဖျက်ပြီး​တော့​ အခု စစ်ပြတိုက်လုပ်ထား​တယ်။ စစ်ပြ တိုက်ကလည်း​ မမှန်ပါဘူး​ဗျာ၊​ သူတို့​က ပညာသိပ်တတ်တာမဟုတ်ဘူး​ခင်ဗျ။ အဲဒါ ​ကြောင့်​ ကျ​နော်က ငြိမ်း​ချမ်း​ရေး​လုပ်တာကို ဘယ်သူပဲ လုပ်လုပ် ကြိုက်ပါတယ်။ ​ကောင်း​ လည်း​ကောင်း​တယ်။ ငြိမ်း​ချမ်း​ရေး​မရှိဘဲနဲ့​ ဘာမှ လုပ်လို့​ ရမှာမဟုတ်ဘူး​။ ဗမာပြည်က ဘယ်လိုဖြစ်သွား​လဲဆို​တော့​ စစ်သမား​တွေ လက်ထဲကို အုပ်ချုပ်​ရေး​ ​ရောက်သွား​တဲ့​ အခါကျ​တော့​ သူတို့​က သူတို့​လုပ်ချင်သလို လုပ်တာ။ အဲဒီမှာ ငြိမ်း​ချမ်း​ရေး​ကို သူတို့​က သိပ်မကြိုက်ဘူး​။ သူတို့​က လက်နက်ရှိမှ ရပ်တည်လို့​ ရမယ် လို့​ထင်တယ် မဟုတ်ပါဘူး​။ အဲဒီလို အ​ခြေအ​နေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဗိုလ် ​အောင်ဆန်း​ရဲ့​သမီး​ ငြိမ်း​ချမ်း​ရေး​ စကား​ပြောတာ ကျ​နော်တို့​ ကြိုက်တာ​ပေါ့​ဗျာ။”
အခု ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​မှုနဲ့​ ပတ်သက်လို့​ရော ဆရာကြီး​ရဲ့​ အမြင်သ​ဘောထား​လေး​ကို ​ပြောပြပါ။

“ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​တာ ကြိုက်တာ​ပေါ့​ဗျာ။ ​ဒေါ်​အောင်ဆန်း​စုကြည်လို လူက ငြိမ်း​ချမ်း​ရေး​လုပ်တယ်ဆို​တော့​ ပို​ကောင်း​တာ​ပေါ့​။ သူက လူကြည်ညိုတဲ့​လူ။ သူကိုယ်တိုင်ကလည်း​ ပညာတတ်တယ်။ ​နောက်ပြီး​တော့​ သူ့​အ​ဖေကလည်း​ ဗမာပြည်ရဲ့​ခေါင်း​ဆောင်ဆို​တော့​ ​ကောင်း​တာ​ပေါ့​ အဲဒါ။ သူ ကမ်း​လှမ်း​တာ ​ကောင်း​တယ် ကျ​နော် ကြိုက်တယ်။”

အဲဒီ​တော့​ ကျန်တဲ့​လူ​တွေရဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဆောင်ရွက်ချက်ထက်စာရင် ​ဒေါ်​အောင်ဆန်း​စုကြည်ဆိုလို့​ရှိရင်လည်း​ ဥပမာ ဗမာပြည်က တိုင်း​ရင်း​သား​တွေ​ရော ပြည်တွင်း​မှာ ​မြေပြန့်​ကလူ​တွေက​ရောက ​ထောက်ခံတယ်ဆိုတဲ့​ အသံ​တွေက ကျယ်ကျယ်ပြန့်​ပြန့်​ ​ပေါ်ထွက်​နေတယ် ဆို​တော့​ ဒီ ​ဒေါ်​အောင်ဆန်း​စုကြည် ကြား​ဝင်​ဆောင်ရွက်မယ်ဆိုလို့​ရှိရင် အစိုး​ရဘက်က​ရော၊​ ကာယကံရှင် တိုင်း​ရင်း​သား​တွေက​ရော၊​ ပြည်​တွေက​ရော ဘယ်လို အခန်း​ကဏ္ဍ​တွေက ပါသင့်​ပါသလဲ ဆရာကြီး​။

“တိုင်း​ရင်း​သား​တွေက​တော့​ ကျ​နော်တို့​ တပြည်တည်း​ တ​မြေတည်း​သား​ လူ​တွေ​လေ။ အဲဒီလူ​တွေက ​ထောက်ခံတယ်ဆို​တော့​ ပို​ကောင်း​တာ​ပေါ့​။ ကျ​နော်က​တော့​ ကြိုက်တယ်ဗျာ။ ​ဒေါ်​အောင်ဆန်း​စုကြည် တ​ယောက်တည်း​လုပ်တာတင် မဟုတ်ဘူး​၊​ တပြည်လုံး​ပါလာ​အောင် တပြည်လုံး​လည်း​ ငြိမ်း​ချမ်း​ရေး​စိတ်​တွေ ရှိတယ်။ ဒီက လူ​တွေက ဖမ်း​ချင် ဆီး​ချင်၊​ တား​ချင် ဆီး​ချင်​တော့​ ခွကျတယ် အဲဒါ​လေး​ တခုပဲ။”
ဒေါ်​အောင်ဆန်း​စုကြည်က ဒီ​ခေါင်း​ဆောင်ပိုင်း​က​နေ ကမ်း​လှမ်း​သလို ​အောက်​ခြေမှာ​ရော ငြိမ်း​ချမ်း​ရေး​ကွန်ရက်​လေး​တွေ ဖွဲ့​ပြီး​ လုပ်ရင်​ရော အဆင်မ​ပြေနိုင်ဘူး​လား​ ဆရာကြီး​။
“အဲဒါလည်း​ ​ပြေနိုင်ပါတယ် ​ကောင်း​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ လုပ်နိုင်​လေ ​ကောင်း​လေပဲ။ တကမ္ဘာလုံး​ အခုက ဆူတဲ့​ သ​ဘော​ပေါ့​ဗျာ။ ငြိမ်း​ချမ်း​ရေး​ သိပ်ကြိုက်တဲ့​ လူနဲ့​ စစ်ဘက်ကြိုက်တဲ့​လူက အခုက ဖြစ်​နေကြတာကိုး​ အ​ရှေ့​အလယ်ပိုင်း​မှာ။ ကရာဖီဆိုလို့​ရှိရင် သူ့​အ​ခြေအ​နေက ထွက်​ပြေး​ရမလို ဖြစ်​နေပြီ။ အား​လုံး​က ဝိုင်း​တွန်း​ကြတာ​ပေါ့​။ အဲဒီ​တော့​ ဥ​ရောပသမဂ္ဂကလည်း​ ငြိမ်း​ချမ်း​ရေး​ပဲ။ ကျ​နော်တို့​ အခု အ​ရှေ့​တောင်အာရှအသင်း​ပေါ့​ဗျာ အဲဒါကလည်း​ ငြိမ်း​ချမ်း​ရေး​ ငြိမ်း​ချမ်း​ရေး​တွေ အခုတ​လော ​ပြောကြတယ်ဗျ။ ငြိမ်း​ချမ်း​ရေး​အသံ​တွေ ကြား​နေရတယ်။ အဲဒါ​တော့​ ​ကောင်း​တဲ့​လက္ခဏာ ကျ​နော် တ​ယောက်တည်း​အမြင်​လေ။”

တကယ်လို့​ အစိုး​ရဘက်က​ရော၊​ တိုင်း​ရင်း​သား​တွေဘက်က​ရော ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို ကြိုဆိုတယ်ဆိုရင် ဆရာကြီး​က​ရော ငြိမ်း​ချမ်း​ရေး​ကော်မတီထဲမှာ ဒီအသက်အရွယ်နဲ့​ ပါနိုင်ဦး​မလား​။ ဆရာကြီး​ စိတ်အား​ထက်သန်မှု ရှိ​သေး​လား​။

“ကျ​နော် စိတ်အား​ထက်သန်ပါ​သေး​တယ်။ ငြိမ်း​ချမ်း​ရေး​မှတပါး​ ကမ္ဘာကြီး​ကို ကယ်နိုင်တဲ့​ နည်း​လမ်း​ဆိုတာ မရှိဘူး​ ငြိမ်း​ချမ်း​ရေး​ အင်အား​စုပဲ ရှိမယ်။”
ဆရာကြီး​ ပါဖို့​ အဆင်သင့်​ပဲ​ပေါ့​ အဲဒီလိုလား​ ဆရာကြီး​။

“ပါမှာပဲ ကျ​နော်က​တော့​ ပါရမှာ။ ပါဆို ငယ်ငယ်တုန်း​က​လောက် ဖျတ်လတ်မှု မရှိဘူး​ပေါ့​ဗျာ။ ဒါကလည်း​ အသက်အရွယ်က အသက်ကြီး​တဲ့​အထဲ ပါ​နေပြီ။ ပိုပြီး​တော့​ ကျ​နော် ခိုင်ခိုင်မာမာ ယုံကြည်လာတယ်ဗျ။ မငြိမ်း​ချမ်း​ရင် ဘာမှ လုပ်လို့​မရဘူး​။ ငြိမ်း​ချမ်း​မှသာလျှင် လယ်ယာစိုက်ပျိုး​ရေး​လည်း​ ​ကောင်း​မယ်။ စက်မှုလက်မှုကလည်း​ လူ​တွေ နား​လည်လာမယ်။ လူ​တွေက လုပ်ချင်တယ်ဗျ။ တချို့​က တား​တဲ့​လူ​တွေက ရှိ​နေလို့​။ တား​တဲ့​ အင်အား​စုဆိုတာက အုပ်စိုး​တဲ့​လူ​တွေက​ပေါ့​၊​ ဒိပြင်လူ​တွေက​တော့​ သိပ်မပါပါဘူး​။ ​နောက် ​ဒေါ်​အောင်ဆန်း​စုကြည်ကိုလည်း​ လူမျိုး​စု​တွေ ရှိတယ်မဟုတ်လား​။ ရှမ်း​တို့​၊​ ကချင်တို့​၊​ ချင်း​တို့​၊​ မွန်တို့​၊​ ကရင်တို့​၊​ အဲဒီလူ​တွေထဲက ရခိုင်တို့​ကလည်း​ ကြိုက်ကြတယ်၊​ ငြိမ်း​ချမ်း​ရေး​ကို အခု ငြိမ်း​ချမ်း​ရေး​စကား​ ​တော်​တော်​ပြောကြတယ်။ ကျ​နော်တို့​ လုပ်ကြည့်​မှ သိမှာ။”
တကယ်လို့​သာ ​ဒေါ်စုလုပ်ခွင့်​ရလို့​ရှိရင် ဗမာပြည်မှာ ငြိမ်း​ချမ်း​ရေး​လမ်း​က နှစ်​ပေါင်း​ ၆၀ ​လောက် ပိတ်​နေရာက​နေ ပွင့်​လာမယ့်​ သ​ဘောရှိတယ်​ပေါ့​ ဆရာကြီး​၊​ အဲလိုသ​ဘောလား။

“ချက်ချင်း​တော့​လည်း​ ဖြစ်မယ်မဖြစ်ဘူး​ ကျ​နော်လည်း​ မ​ပြောတတ်ဘူး​။ ဖြစ်နိုင်ရင်​တော့​ ​ကောင်း​တယ်။ ငြိမ်း​ချမ်း​ရေး​မရှိရင် ဘာမှ လုပ်လို့​ မရဘူး​။”

ရင်းမြစ်..DVB