29 December 2011

ရန်ကုန်မြို့စက်ဆန်း ABC မှတ်တိုင်အနီးပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား

ည ၁ နာရီ ၅၈ မိနစ်တွင် ရန်ကုန်မြို့ အရှေ့ပိုင်း၌ အလွန်ပြင်းထန်သည့် ပေါက်ကွဲသည့် အသံ ကြောင့် အိပ်ပျော်နေသူများ လန့်နိုးလာကြသည်။

ယခုအချိန်ထိ ကြားသိရသည့် သတင်းများမှာ သာကေတ၊ သို့မဟုတ် စက်ဆန်းဘက်ရှိ လောင်စာဆီ သို့မဟုတ် CNG ဆိုင် ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။ ပုဇွန်တောင်တွင် နေထိုင်သူများက မီးလောင်နေသည့် အလင်းရောင်များ တွေ့မြင်နေရသော်လည်း နေရာအတိအကျ မမှန်းဆနိုင်သေးဟု ဆိုသည်။
.................................................................။

နောက်ထပ်ရရှိသည့် သတင်းအရ စက်ဆန်း အေဘီစီ မှတ်တိုင်အနီးရှိ ဆားဂိုဒေါင် အတွင်းမှပေါက်ကွဲသည်ဟု သိရသည်။ ကားလမ်းပိတ်ထားသဖြင့် အနီးရောက်အောင် YPI သတင်းထောက် သွားရောက်နေပါသည်။ လူနာတင်ယာဉ် တစီးထွက်သွားသည်ကိုတွေ့ရသည်။ မီးလောင်နေသည်ကို တွေ့မြင်နေရသည်။ မီးတောက်အရှိန် အနည်းငယ်လျော့သွားသည်ဟု သတင်းထောက်မှ သတင်းပေးပို့ပါသည်။

..............................................................။

ည ၂ နာရီ ၅၀ မိနစ်

ပုဇွန်တောင် သာကေတ တံတားအဆင်းမှ အေဘီစီ အထိကားလမ်းပိတ်ထားသဖြင့် လမ်းတွင် လူများအပြည့် အေဘီစီပေါက်ကွဲ မီးလောင်ရာသို့ သွားရောက်နေကြသည်။ ဒဏ်ရာရသူများ ဆေးရုံကြီးသို့ သယ်ဆောင်သွားပြီဟု အနီးရောက်နေသည့် သတင်းထောက်မှ ပေးပို့သည်။

..........................................။

၂ နာရီ ၅၆ မိနစ် ထပ်မံ သိရှိရချက်

စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသည်။ လမ်းပေါ်တွင် လူများပစ္စည်းသယ်ဆောင် ကာ ဘေးလွတ်ရာရှောင်ပြေးနေကြသည် ကို တွေ့ရသည်။ ဒဏ်ရာရသူအရေအတွက် မသိရှိရသေးသော်လည်း များပြားသည်ဟုယခုအချိန်ထိ ရရှိသည့် အချက်အလက်များအရ သိရသည်။

သတင်း...YIP