28 December 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပါတီမူဝါဒများ ပြင်ဆင်ရေးဆွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန်ခွင့်ပြုထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ခေတ်နှင့်လျော်ညီ သည့်ပါတီမူဝါဒများကို ပြန်လည်ပြင်ဆင်ရေး ဆွဲ၍ ပါတီမှတ်ပုံတင်ခဲ့ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအား ပါတီမှတ်ပုံတင် လျှောက်ထားရန် ပါတီ အဖွဲ့ခေါင်းဆောင် ဦးတင်ဦးနှင့် ဒု-ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ယခင်သုံးစွဲခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏မူဝါဒများကို လုံးဝပြောင်း လဲ၍ ရေးဆွဲခြင်းမပာုတ်ဘဲ ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် ပါတီမူဝါဒများကို စာသားနှင့် စကားလုံးအချို့ပြင်ဆင်၍ ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပြုပြင်ရေးဆွဲခဲ့သော ပါတီမူဝါဒများတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ညွှန်းသော ဈေးကွက် စီးပွားရေးကို အခြေခံ၍ လွတ်လပ်သောကုန်သွယ်မှုကို အခြေခံသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ရင်းနှီးစွာ ဆက်ဆံရေးနှင့် ထင်သာမြင်သာရှိသော၊ တာဝန်ခံသော စီးပွားရေးမူဝါဒများ၊ ပြည်သူလူထုအား အမှန်တကယ်အကျိုးရှိစေသော ကျန်းမာရေးမူဝါဒများ၊ လက်ရှိ ထက် ပိုမိုကောင်းမွန်သော ပညာရေးစနစ်ဖြစ်ပေါ်စေသော ပညာရှင်မူဝါဒများ ပါဝင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ပါတီ မှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်းအစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

သတင်း... ရန်ကုန်တိုင်းမ်