Showing posts with label တိုင်ကြားစာ. Show all posts
Showing posts with label တိုင်ကြားစာ. Show all posts

30 May 2013

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း..

မောင်ပြည့်စုံ၏ ပြတ်ရှ၊ ဒဏ်ရာများ
 
 ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား
အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း


အားကစားနှင့် ကာယပညာကြီးကြပ်မှု
 ကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်
28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော အမှတ် (၁၂) ရပ်ကွက် နှင့် ကမာကလူ
ကျေးရွာ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ပွဲတွင် ဘောလုံးပွဲ ကျင်းပနေစဉ်
ကမာကလူကျေးရွာမှ မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည်။

 ပွဲပြီးချိန်တွင် ကွင်းအပြင်မှ အော်ဟစ်အားပေးသည်ဆိုကာ မောင်ပြည့်စုံအား ခရမ်းမြို့နယ်
ကြက်ခြေနီတပ်ဖွဲ့ဝင် ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ
လက်သီးဖြင့်ထိုးခြင်း၊ ဆေးသေတ္တာအတွင်းမှ ကတ်ကြေးဖြင့် ထိုးခြင်းများ
ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် မောင်ပြည့်စုံမှာ ခရမ်းမြို့နယ်
ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်မှ
ချက်ချင်း ဆေးရုံမှဆင်းခိုင်းပါသည်။ မှုခင်းဖြစ်စဉ် မဖြစ်ပေါ်အောင်
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖုံးဖိခဲ့ကြပြီး လက်သိပ်ထိုး
ဖြေရှင်းခြင်း၊ လျှော်ကြေးပေး ဖြေရှင်းခြင်းမျိုး၊ မတရားသဖြင့်
နိုင့်ထက်စီးနင်း ပြုလုပ်ကြပါသည်။ အဆိုပါ လူမှုရေး ဆောင်ရွက်နေသည်ဟု အမည်ခံထားသည့် ကြက်ခြေနီဆိုသူများမှ ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာကြောင့် မောင်ပြည့်စုံမှာ
ဦးခေါင်းနှင့် ပခုံးတွင် စုတ်ပြဲဒဏ်ရာ ရရှိပြီး ၁၂ ချက်
ချုပ်လိုက်ရပါသည်။

ဤကဲ့သို့ မိမိကိုယ်ကိုယ် မိမိအများအကျိုးပြု ပြည်သူလူထုအတွက်ဟု ခံယူထားသော ပြည်သူ့ ကြက်ခြေနီဆိုသူများမှ ပြည်သူတဦးအား နိုင်ထက်စီနင်း လူမဆန်စွာ ရိုက်နှက် ထိုးကြိတ်မှုအား ခရမ်းမြို့နယ် အား/ကာ မှူး ဦးသန်းထွန်း၊
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် (ကြက်ခြေနီ ဒုဥက္ကဋ္ဌ )ဦးကျော်မြင့်အောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးလွင်၊ မြို့နယ် ဆေးရုံအုပ် ဒေါက်တာမင်းလွင်တို့အား မှုခင်းဖြစ်စဉ် အမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ
ရမ်းကားသော ကြက်ခြေနီများအား စစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
 
မရမ်းကားတဲ့ ခရမ်းသား

26 February 2012

အလှူရေစက် ပါးစပ်နဲ့မဟုတ်ပါ လက်နဲ့ပါ လှူနိုင်တန်းနိုင်ပါစေ... (တိုင်ကြားစာ)

ကုမ္ပဏီနာမည်ကတော့ (ရာဇသူရ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော်)တဲ့

ပါးစပ်နဲ့ ငွေတွေလှူပြီး လက်နဲ့ငွေတွေ မထုတ်လာသေးတဲ့ ကုမ္ပဏီအလှူ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် မြို့ပေါ်ဌာနဆိုင်ရာအသီးသီးနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ် ၁၀ သိန်းစီ ပြည်ထောင်စုနေ့က ရာဇသူရအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော် မှ လှူဒါန်းခဲ့ပါသည်။ အလှူငွေလက်ခံရရှိသည့် အသင်းအဖွဲ့များမှလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။ သို့သော် အဆိုပါကုမ္ပဏီမှ လှူဒါန်းခဲ့သည်မှာ ပါးစပ်ဖြင့်လှူဒါန်းခဲ့ပြီး အလှူငွေများ ယခုအချိန်အထိ လက်ခံရရှိခြင်း မရှိသေးပါ။ အဆိုပါကုမ္ပဏီအားမေးမြန်းသောအခါ စီးပွားရေး အဆင်မပြေသဖြင့် ခဏစောင့်ပါရန် ပြောကြားပါသည်။

လှူဒါန်းခဲ့သည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာသင်ကျောင်းများ၊ ကုသိုလ်ဖြစ် ဆေးပေးခန်းများ အားလုံးစုစုပေါင်း (၃၅)ခု နှင့် လှူဒါန်းငွေစုစုပေါင်း သိန်း ၃၅၀ ခန့်ရှိသည်ဟု သိရှိရပါသည်။ ထပ်မံသိရှိရသည်မှာ အဆိုပါ ကုမ္ပဏီပိုင်ရှင်မှာ ဟင်္သာတမြို့သား လူမျိုးခြားတစ်ဦးဖြစ်ပြီး မည်သို့မည်ပုံ ချမ်းသာလာသည်ကို မသိရှိရပေ။ ကုမ္ပဏီအမည်တွင် နေပြည်တော်ဟုပါရှိပါသည်။ ယခုမှ ဟင်္သာတသို့ ပြန်လည်ရောက်ရှိလာပြီး ငွေကြေးအမြောက်အများကို လောလောဆယ် ပါးစပ်ဖြင့် လှူဒါန်းခဲ့သဖြင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းခဲ့သည်ကို မြို့ခံများမှ စိတ်ဝင်စားလျှက်ရှိပါသည်။

21 January 2012

ယခု ချိန်ထိ တောင်သူလယ်သမားတွေကို မတရားတာတွေ လုပ်နေတုန်းပါလား...

သို့ /


ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ

အကြောင်းအရာ ။ ။ တောင်သူလယ်သမားများ၏ လယ်ယာထွက်သီးနှံများအား ၀ယ်ယူပြီး
ငွေကြေးကိစ္စလိမ်လည်မှု

ကျွန်တော်ဦးသိန်းဟံ (KYN.၀၈၆၃၆၁) ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ် အိုးဝကျေးရွာနေထိုင်သူနှင့်အပေါင်းအပါ (၂) ဦးကျော်ဦး (KYN.၁၁၁၁၆၇) (၃) ဦးကျော်ဦး (၄) ဦးတင်ရွှေ (၅)ဦးသောင်းကြည်နှင့် (၆) ဦးစောငွေတို့ ထံမှ ကံသာကျေးရွာနေ ကိုလှကျော်ဆိုသူမှ ၁.၂.၂၀၁၁လယ်ယာထွက် ဖရဲသီးများအား တရက်၂ရက်အတွင်းပေးချေမည်ဟုဝယ်သွားပါသည်။သို့သော်၅လခန့်ကြာသည့်တိုင်အောင် ဖရဲငွေမရသည့် အတွက် ကိုလှကျော်နေထိုင်သော ကံသာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သော ဦးအောင်ဆန်းဝင်းထံ တိုင်ကြား၍ တောင်းဆိုခဲ့ပါသည်။ နှစ်ကြိမ် ရက်ချိန်းပေးပါသည် ။ သုံးကြိမ်မြောက်သောအခါ မပေးနိုင်ကြောင်း တိုင်ချင်ရာတိုင်ဟု ဦးလှကျော်မှအုပ်ချုပ်ရေးမှူးရှေ့တွင် ပြောပါသည်။ အုပ်ချုပ်ရေးမှူးမှ ဘုရားပျိုစခန်းမှူးထံတွင် တိုင်ကြားခဲပါသည်။ ဘုရားပျိုစခန်းမှ ခရမ်း မြို့နယ်တရားရုံးသို့ ၆လပိုင်း၁၀ရက်နေ့တွင် ဆက်လက်တိုင်ကြားခဲ့ပါသည်။

အမှုဖွင့်ကာ အရေးယူပါသော်လည်း (၂၀၁၁-ကြီး-အမှုအမှတ် ၁၈၆-ဇွန်လ-၁၀ရက်)နေ့စွဲဖြင့်အမှုဖွင့်ခဲ့ပါသည်။ သို့သော်ယခုတိုင်အောင် ထိရောက်စွာအရေးယူမှု မရှိခဲ့သည့်အပြင် နစ်နာသူကျွန်တော် တို့လယ်သမားများကိုလည်း အမျိုးမျိုးချိန်းဆိုမှုကြောင့် ခရီးစရိတ်နှင့် လုပ်အားများများစွာ နစ်နာလျှက်ရှိပါသည်။အမှုကို တရားရုံးမှ ယခုတိုင် စီရင်ချက်မချဘဲ တရာခံကိုလှကျော်မှာလည်း ယခု တိုင်လယ်သမားများ ထံမှ ဖရဲသီးများကို လက်ငင်းပေးစနစ်ဖြင့် ၀ယ်ယူလျှက်ရှိပါသည်နစ်နာခဲ့ရသော ကျွန်တော်တို့ လယ်သမားများမှာ အစိုးရမှ ဘဏ်ချေးငွေ များ ပြန်လည်တောင်းခံ ချိန်တွင်ငွေကြေးအကျပ်အတည်းများဖြင့် ရင်ဆိုင်တွေကနေရပါသည်။ ထို့ကြောင့် တာဝန်ရှိသူသက်ဆိုင်ရာမှ စစ်ဆေးပြီးထိရောက်စွာအရေးယူရန်တင်ပြအပ်ပါသည်။

ရုံးတွင် တိုင်ကြားခဲ့သည်မှာလည်း (၆)လရှိခဲ့ပြီဖြစ်ပါသော်လည်း မည်သည့်ဆုံးဖြတ်ချက်မှမချပဲ ရုံးချိန်းသာ ခဏခဏခေါ်နေခဲ့ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျွန်တော်တို့ လယ်သမားများဘက်မှ လိုအပ်သလို ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်ခင်ဗျာ။

တိုင်ကြားသူများ

(၁) ဦးသိန်းဟန် (KYN -၀၈၆၃၆၁) -၁၃သိန်း၂သောင်း( ရရှိရန် ကျန်ရှိငွေ)
အိုးဝကျေးရွာ၊ ခရမ်းမြို့ ၊ ရန်ကုန်တိုင်း( ရရှိရန် ကျန်ရှိငွေ)
(၂) ဦးကျော်ဦး (KYN -၁၁၁၁၆၂) -၈သိန်း၇သောင်း( ရရှိရန် ကျန်ရှိငွေ)
(၃) ဦးကျော်ဦး -၄သိန်း၃သောင်း( ရရှိရန် ကျန်ရှိငွေ)
(၄) ဦးတင်ရွှေ -၆သိန်း၆သောင်း( ရရှိရန် ကျန်ရှိငွေ)
(၅) ဦးသောင်းကြည် - ၂သိန်း၃သောင်း( ရရှိရန် ကျန်ရှိငွေ)
(၆) ဦးစောငွေ -၃သိန်း( ရရှိရန် ကျန်ရှိငွေ)

31 December 2011

ရဲမှူးကြီးလုပ်စားတဲ့ လာပြန်ပြီ ရဲအုပ်အဆင့်တိုး စာမေးပွဲ

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲအုပ်အဆင့်တိုးစာမေးပွဲကို (၁၄. ၁.၂၀၁၂ ) ရက်နေ့မှာ ပြုလုပ်တော့မယ်။ အားလုံး အယောက် ( ၆၀၀၀ ) ထောင်ကျော်ဖြေပါမည်။ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ရာထူးရယူပြီး ( ၂၁ .၄.၂၀၁၁ ) နေ့ဝန်ကြီးအစည်းအဝေး ခန်းမတွင် ဒုဝန်ကြီး၊ ရဲချုပ်၊ ရဲအရာရှိကြီးများ ကို ၀န်ကြီး၏ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ အများကြီးချပြခဲ့ပါတယ်၊ ပြီးတော့ တနိုင်ငံလုံးကြေညာချက်များထုတ်ခဲ့ပါတယ် အဓိက ကြေညာချက်မှာ ရဲအုပ်အဆင့်တိုးဖို့နဲ့ ဒုရဲအုပ်ဖြစ်ဖို့ ရဲတပ်ရင်းမှာ နေခဲ့ဖူးသူ၊ ရာထူးတိုးမယ်၊ ဒုရဲအုပ်သင်တန်းတက်ခွင့်ပေးမယ်တဲ့ (ငွေပေးမှ့ရမယ်၊ငွေဖြင့်လိုက်ရမည်ဆိုတဲ့ အကျင့်ဟောင်း အကျင့်ဆိုးများကိုဖျောက်ဖျက်ရမယ်) ဆိုတဲ့လမ်းညွှန်ချက်ကို အလေးထားပြီးညွှန်ကြားသွားပါတယ်။

ပြီးခဲ့တဲ့ လ အထိ ရဲအုပ် ၆၀၀ ကျော် အောင်တယ် ရဲတပ်ရင်းက ၅ ယောက်ပြည့်အောင်မပါခဲ့ပါဘူး တက်နေတဲ့ ဒုရဲအုပ်နောက်ဆုံးသင်တန်း မှာ ရဲတပ်ရင်းက ဆယ်ဂဏန်းကျော်ကျော် ပဲ ပါခဲ့ပါတယ်။ ရဲချုပ်က ၀န်ကြီးချမှတ်ထားတဲ့ မူဝါဒ ကို ( ၁ % ) လောက်တောင် အကောင်အထည်မဖော်နိုင်တာ…. ၀န်ကြီးသိပါရဲ့လား ? ၀န်ကြီးရော ဘာတွေလုပ်နေပါသလဲ ? ဒု ၀န်ကြီးတွေ ၊ရဲချုပ်တွေ က ဒါတွေကိုစိတ်မ၀င်စားပါဘူး၊ တစ်နိုင်ငံလုံး ရဲတပ်ဖွဲ့ အဆောက်အဦးတွေ ဆောက်လုပ်နေတာ သိန်းပေါင်း သောင်း ဂဏန်းနဲ့ သူတို့ရဲ့ပါတနာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရဖို့ အတွက်များစွာသောအလုပ်များဖြင့် ရှုပ်နေပါတယ် ၊ ပွဲခကလည်း ဌာနအတွက် ( ၃%) တဲ့..အိမ်အတွက်တော့ ဘယ်လောက်လဲမသိ ဘူး တွက်ကြည့်ကြပေါ့ဗျာ။

ရာထူးတိုး၊ နေရာပြောင်း စတဲ့ကိစ္စများကို တာဝန်ယူရတဲ့ ရဲမှူး စိုင်းသက်မွန် အဖွဲ့ကို စစ်ဆေးရေးအဖွဲ့ကစစ်ကြတယ်(အသံတွေထွက်လာလို့လေ )…အနယ်နယ်အရပ်ရပ်က ရဲမှူး နာမည်နဲ့ ဘဏ်ကနေ တရားဝင်ငွေလွှဲ တဲ့ငွေများ သိန်း ၁၀၀၀ ကျော်နှင့် ကားတစ်စီးသိမ်းဆည်းပြီး ဆက်လက်စစ်ဆေးခဲ့ရာ..အဆင့်အဆင့်သော အထက်လူကြီးနာမည်များပါဝင် လာသဖြင့်စစ်ဆေးမှုကို ရပ်စဲခဲ့ပြီး ရဲမှူး စိုင်းသက်မွန်ကို အလုပ်မှ့ထုတ်ပယ်ခဲ့ပြီး ဖုံးကွယ်ခဲ့ပါသည်။ အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များ ငွေ ၁ သောင်းလောက်ယူမိရင် ထောင် ၁ နှစ်လောက်ကျတဲ့ အရာရှိ ၀န်ထမ်းတွေ မှာတော့ထောင်ကျတာ ရာဂဏန်းမကတော့ပါဘူးခင်ဗျာ။

ရဲတပ်ဖွဲ့ရဲ့ရှင်းမရသောအမှု ကြီး ၏ အဓိက တရားခံမှာ ရဲမှူးကြီး ထွန်းအုံးဖြစ်ပါတယ် အဲ့ဒီတုန်းကတော့ ရင်တမမ နဲ့ပေါ့..အခုတော့ သူ့ရာသီ၊ သူ့အကွက်ပြန်ရောက်လာပြန်တော့တပ်ဖွဲ့များကို အကြောင်းကြားပါတယ် ( ရဲမှူးမိန်းမများ ကြိုတင်အသံလွှင့်ချက်မှ့တဆင့်) ရဲတပ်ဖွဲ့အားလုံး သူတင်ပေးမှ့ရာထူးတိုးမယ် အဆင့်တက်မယ်တဲ့ .သူတိုးပေးမှ့ ရမယ် .ကဲ.သူ့ကို ဆက်သွယ်ကြဖို့ကြေငြာပေးလိုက်ပါတဲ့။

နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ခဲ့တဲ့ Good Government , Clean Government ကို အကောင်အထည်ဖော်နေတဲ့ ပြည်ထဲရေးဝန်ကြီးလည်း( အောင်ပါစေ ) လို့ ရွှေမန်းတင်မောင် သီချင်းနဲ့ဆုတောင်းပေးလိုက်ပါတယ်၊ ဒုတိယအပိုဒ်ကလို..(ထိုနည်း လည်းကောင်း…ထိုနည်းလည်းကောင်း.. ) ဆိုရင်တော့ မကောင်းသေးပါဘူးလို့အကြံပြုတင်ပြလိုက်ပါတယ်ခင်ဗျား။

မတရားသဖြင့်ခံစားနေရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စစ်စစ်များ