27 July 2010

အသွားမတော်တစ်လှမ်းကြောင့် အသက်ပေးခဲ့ရတဲ့ သူနာပြုဆရာမ


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း လမ်းမပေါ်တွင် ဇူလိုင် (၁၆) ရက်နေ့က အသက်(၃ဝ)အရွယ် အမျိုးသမီးတစ်ဦး ပေါ့ဆစွာ လမ်းဖြတ်ကူးမှုကြောင့် ယာဉ်တိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ဇူလိုင် (၁၆)ရက်နေ့ နံနက် (၉းဝ၅)အချိန်တွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်-အင်းစိန် လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ကျော်သူရနိုင် မောင်းနှင်လာသည့် တက္ကစီ အငှားယာဉ်သည် လှည်းတန်းမှတ်တိုင် ''ဂျီရော်ဒါနို'' ဆိုင်ရှေ့ အရောက်တွင် အနောက်မှ အရှေ့သို့ လမ်းဖြတ်ကူးလာသူ မစန်းစန်းဝေ (၃ဝ)နှစ်အား ဝင်ရောက် တိုက်မိကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

''အခင်းဖြစ်ချိန်က ယာဉ်ကြောရှုပ်ထွေးနေချိန်ပါ။ အဲဒီအမျိုးသမီးက (၂၄၃) အထူးယာဉ်ကြီးရှေ့ကနေဖြတ်ကူးတာပါ။ အသံကြားလိုက်ရတော့ အထူးယာဉ်က တိုက်တယ်ထင်တာ။ သွားကြည့်တော့ ဘေးကတက္ကစီအထွက်မှာ ဝင်တိုက်မိတဲ့ ပုံစံပဲ။ လဲကျသွားတဲ့အနေအထားက ပက်လက်ပုံစံဆိုတော့နောက်စေ့နဲ့ ကတ္တရာ လမ်းနဲ့ရိုက်မိသွားတယ်ထင်တယ်။ ပွဲချင်းပြီးပါပဲ။ ကားသမားကလည်း ထွက် မပြေးပါဘူး''ဟုမျက်မြင်တွေ့ရှိသူတစ်ဦးကပြောကြားသည်။ သေဆုံးသူ မစန်းစန်းဝေသည် အနောက်ပိုင်းတက္ကသိုလ်တွင်နေထိုင်သူ ဖြစ်သည်ဟုသိရသည်။ အခင်းဖြစ်ရပ်ကြောင့်ယာဉ်မောင်းကျော်သူရနိုင် (၄ဝ)နှစ် (ဘ)ဦးကိုကိုနိုင်ကိုယာဉ်မှုစစ်ရဲစခန်းမှ (ပ) ၃၈၂/၂ဝ၁ဝ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း
်လျှပ်တပြက် ဂျာနယ်တွင်ဖော်ပြပါရှိသည်.။