30 July 2010

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ခရီးသည်နှင့် ကုန်စည်ဈေးနှုန်းထားပြောင်း

မန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ၂၀၁၀ ခုနှစ်အတွင်း ပုဂ္ဂလိကလွှဲပြောင်းပြီးသည့်နောက်ပိုင်း ပြည်တွင်းခရီးစဉ် ခရီးသည်လက်မှတ်ခဈေးနှုန်းနှင့် ကုန်စည်ပို့ဆောင်သည့် နှုန်းထားများ ပြောင်းလဲသတ်မှတ်ထားသည်ဟု သိရသည်။ ယခင်နှုန်းထားများမှာ ခရီးသည်တစ်ဦးလျှင် ရန်ကုန်- မြိတ် ကျပ် ၅၀၀၀ ခန့်၊ ရန်ကုန် - ကော့သောင်း ကျပ် ၈၀၀၀ ခန့်၊ ရန်ကုန် - စစ်တွေ ကျပ် ၈၀၀၀ ဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ တစ်တန်လျှင် ရန်ကုန် - မြိတ် ကျပ် ၄၉၀၀ ခန့်၊ ရန်ကုန် - ကော့သောင်း ကျပ် ၅၀၀၀ ခန့်၊ ရန်ကုန် - စစ်တွေ ကျပ် ၆၀၀၀ ဖြစ်သည်။ ပြောင်းလဲသတ်မှတ်လိုက်သော နှုန်းထားများမှာ ခရီးသည်တစ်ဦးလျှင် ရန်ကုန် - မြိတ် ကျပ် ၁၈၀၀၀၊ ရန်ကုန် - ကော့သောင်း ကျပ် ၂၆၀၀၀၊ ရန်ကုန် - စစ်တွေ ကျပ် ၂၆၀၀၀ ဖြစ်ပြီး၊ ကုန်စည်ပို့ခဈေးနှုန်းများမှာ ကုန်တစ်တန်လျှင် ရန်ကုန် - မြိတ် ကျပ် ၁၅၀၀၀၊ ရန်ကုန် - ကော့သောင်း ကျပ် ၁၈၀၀၀ ၊ ရန်ကုန် - စစ်တွေ ကျပ် ၁၈၈၀၀ ဖြစ်ကြောင်း 24/7 News ဂျာနယ်တွင် ဖော်ပြထားပါသည်။