31 July 2010

ပြည်သူ့အနုပညာရှင် ကိုကျော်သူ၏ မြန်မာပြည်သူများအား ပေးဆပ်မှု




တစ်ချက်ခုတ် သုံးချက်ပြတ် ကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်းဆွမ်းကပ်ရန် ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ပြည်မြို့သို့ သွားခဲ့ရာ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ပြည်မြို့ ရွှေပေါက်ပင် ကျောင်းသို့ ရောက်ရောက်ခြင်း ဆရာတော်ကြီးအား ဦးတိုက်ကာ ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ အများပြည်သူ လှူဒါန်းထားသော အများပြည်သူအတွက် အုတ်ရေကန်နှင့် အ၀ီစိရေတွင်း အခြေအနေ ကို ကြည့်ရှုကြပြီး ၃၀.၇.၂၀၁၀ (သောကြာ) နေ့ နံနက်တွင် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဆွမ်းလောင်းလှူမည့် အစီအစဉ်ကို ဆရာတော်ကြီး၏ တပည့်များနှင့် တိုင်ပင်ဆွေးနွေးကြသည်။

နေ့လည် (၃း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး တို့အဖွဲ့နှင့် တွေ့ဆုံကြစဉ် အောင်လံမြို့နယ် မကွေးတိုင်း ငပျင်းကျေးရွာရှိ ကိုထွန်းမင်းနိုင် (၃၂) နှစ်သည် ပဲတီစိမ်းခြွေနေစဉ် ခြွေလှည့်စက်အတွင်းသို့ ညာဘက် ခြေထောက် ထိခိုက်မိသည့် အတွက် ဒူးခေါင်းအောက်ပိုင်း ဖြတ်ပစ်ခဲ့ရပြီး ယခု ဒုတိယအကြိမ် ပေါင်ရင်းမှထပ်မံ၍ ဖြတ်တောက် ရမည် ဖြစ်သည့်အတွက် ကိုထွန်းမင်းနိုင်၏ ခွဲစိတ်ကုသမှုအတွက် သွေးလိုအပ်နေကြောင်း သိရှိရသည်။ လိုအပ်သော သွေးအမျိုးအစားမှာ B (ဘီ) သွေးအမျိုးအစားဖြစ်ကြောင်း သိရှိရသည့် အတွက် ဥက္ကဌ ဦးကျော်သူမှ လှူဒါန်းမည်ဟု ပြောဆိုကာ ပြည်မြို့ ဆေးရုံကြီးသို့ သွားရောက်ကာ လူနာအား အားပေး စကားပြောကြား၍ လိုအပ်သော သွေးအား လှူဒါန်းခဲ့သည်။

ယင်းနေ့ ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ည (၇း၀၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော် ဘုရားကြီး ၏ ဆရာရင်းဖြစ်သော ဘ၀နတ်ထံပျံလွန် သွားတော်မူပြီးဖြစ်သော ကမ္ဘာ့ရွှေရင်အေး ဆရာတော် (ရွှေဗျိုင်းနားဆရာတော်ကြီး) ၏ သက်တော် (၁၀၅) နှစ်ပြည့် ပူဇော်ပွဲ အခမ်းအနားကို သံဃာတော် များ၊ သီလရှင်များ၊ တပည့်ဒါယကာ ဒါယကာမများနှင့် ရတနာမာန်အောင်ကျောင်းတွင် ကျင်းပရာသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် သွားရောက်ပူဇော်ကန်တော့ ခဲ့ပါသည်။

၂၉.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ရတနာမာန်အောင် ကျောင်းဝင်းအတွင်းရှိ ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၊ ယက်ကန်းစဉ်တောင် ဆရာတော်ဘုရားကြီး၊ တစ်သုံးလုံး ဆရာတော် ဘုရားကြီး တို့၏ ရုပ်ထုတော်များ ထားရှိရာ အဆောင်အတွင်းသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားနှင့် အတူ သွားရောက်၍ သင်္ကန်းများ ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ တယ်လီဖုန်းဆက်သွယ်ကာ O (အို) သွေးအမျိုးအစား တစ်လုံး လိုအပ် ကြောင်း ပြောကြားသည့်အတွက် ဦးသန်းစိန်မှ သွားရောက်ပြီး လှူဒါန်းခဲ့သည်။ လူနာ၏ အမည်မှာ ဦးလေးကြည် (၆၆) နှစ် ၀က်တောရွာ၊ ပေါက်ခေါင်းမြို့နယ်မှ ဖြစ်ပြီး အစာအိမ် သွေးကြောပေါက်၍ ခွဲစိတ်ရမည့် လူနာဖြစ်သည်။ ဦးသန်းစိန်နှင့်အတူ ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ ကိုဇော်လတ်အောင် သည်လည်း ကိုဘိုစန်း (၃၃) နှစ် ကိုင်းစုရွာ၊ ရွှေပန်းတောအခြေစိုက်၊ အောင်လံမြို့သည် ၀မ်းဗိုက်တွင် ဓါးထိုးခံရ၍ ခွဲစိတ်ကုသရန် သွေးလိုအပ်ပါ၍ သွားရောက်လှူဒါန်းခဲ့သည်။

၃၀.၇.၂၀၁၀ (သောကြာ) နေ့နံနက်တွင် ဗုဒ္ဓဆင်းတုများအား ရေချမ်းသပ္ပါယ်ခြင်း၊ သစ်သီး ဆွမ်းကပ်လှူခြင်း၊ ဗုဒ္ဓစွယ်တော်အား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်ခြင်း၊ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်း ချ အမျှဝေခြင်းများ ပြုလုပ်ကာ ရန်ကုန်မြို့သို့ နေ့လည် (၁၂း၀၀) နာရီတွင် ပြန်လည်ထွက်ခွာခဲ့သည်။

ထို့ကြောင့် မိမိတို့ ခရီးစဉ်ရည်ရွယ်ချက်သည် ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်း ဆွမ်းကပ်ရန် ဖြစ်သော်လည်း ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၅) နှစ် ပူဇော်ပွဲနှင့် ကြုံကြိုက်ခြင်း၊ အရေးပေါ် ခွဲစိတ်ကုသရန် သွေးလိုအပ်သော လူနာများအား တိုက်ရိုက် သွေးလှူဒါန်းခွင့် ရရှိခဲ့ခြင်း တို့ကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ် ဒါနကုသိုလ် ခရီးစဉ်ဟု သတ်မှတ်နိုင်ပါတော့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။
.........................................................................................................................................................................

မြန်မာပြည်ရှိ ရုပ်ရှင်သရုပ်ဆောင်များသည်
ပြည်သူကျွေးသော ထမင်းကိုစားသောက်နေပြီး ပြည်သူတွေကိုလဲ ကိုယ်နိုင်တဲ့ ဘက်က နေပြီးပြန်လည် ကူညီနိုင်သောလုပ်ငန်းများကို လုပ်ဆောင် သင့်တယ်ဆိုတာကိုတော့မမေ့သင့် မမေ့အပ်ပါဘူး.


မြန်မာပြည် ရှိပြည်သူများက မေတ္တာ တရားများနှင့် အားပေး နေပြီ ပြည်သူများက လေးစားလျက် ရှိအောင်ပြည်သူ တွေအတွက် ပြန်လည် ပေးဆပ်မှုများကို အနုပညာရှင် ဖြစ်တဲ့ ဘဘဦးသုခ တို့လို ကိုကျော်သူ ကို နမူနာယူသင့်ပါတယ်. မြန်မာပြည်သူ့တွေ အတွက် ပြန်လည် ပေးဆပ်မှုတွေ လုပ်သင့်ပါတယ်.။

မြန်မာပြည်သူတွေကျွေးတဲ့ ထမင်းနဲ့ စားသောက်နေကြပြီ မြန်မာပြည်သူတွေအတွက် တကယ် အတုယူနိုင်တဲ့ဇာတ်ကားများကိုသရုပ်ဆောင်သောလုပ်ငန်းများ သာပြုလုပ်သင့်ပါတယ်.။မြန်မာအမျိုးသမီး သရုပ်ဆောင်များ မလုံတလုံ အဝတ်အစားများ၊ မပေါ်တပေါ် အဝတ်အစားများ ကိုလဲမဝတ်သင့်ပါဘူး.။ဆယ်ကျော်သက်မြန်မာမလေးများ၏အတုယူစရာ အဝတ်အစားများ သာဝတ်သင့် ပါသည်.။

ကျမတို့ လူငယ်အရွယ်တုံးက ခေတ်စား ခဲ့သော စိုးမြတ်သူဇာရဲ့စတိုင်၊ စိုးမြတ်သူဇာလို ဆံပင် အရှည် များကို
ကျမတို့ လူငယ်တွေ လိုက်ထား ကြပါတယ်.၊နောက်စိုးမြတ်သူဇာလို မြန်မာအကျီင်္လေးတွေ လိုက်ဝတ်ခဲ့ ကြပါတယ် ထမီတိုတို လေးတွေ နဲ့ရှပ်အကျီင်္တွေဝတ်ကြတဲ့ ခေတ်တခေတ် တောင်ဖြစ်ခဲ့ပါတယ်.။ မဟေမာရဲ့ စတိုင်ဆိုလဲ မဟေမာရဲ့ အကျီင်္လေးတွေကို လိုက်ချုပ်ကြ လိုက်ဝတ်ကြတာပါ။

အခုတော့မြန်မာကားကြည့်လိုက်ရင် ထမီတောင် မဝတ်ကြတော့သလို ဖော်ပြ ချွတ်ပြ နေတာ တွေဟာ တကယ်အမြင် မတော်တာတွေပါ ၊ကိုယ်ရဲ့ အနုပညာ တော်တာ ဖော်စရာမလိုသလို ချွတ်စရာလဲ တကယ်မလိုပါဘူး။သူ့ခေတ်နဲ့ သူ့စတိုင်တွေ ပြောင်းလဲလာခဲ့တာ လက်ခံပါတယ်.၊ခေတ်မှီတာနဲ့ခေတ်ဆန်တာ မတူသလိုဖော်ပြ ချွတ်ပြတာလဲ ခေတ်မှီတာ မဟုတ်သလို ခေတ်ဆန်တာလဲမဟုတ်ပါဘူး။ ကိုယ်ရဲ့ ဝတ်စား ဆင်ယင်မှုဟာ ကိုယ့်ရဲ့ ပင်ကိုယ် စိတ်ဓာတ်ကို ပြသနေတာ တစ်ခုပါဘဲ၊ဆွဲဆောင်မှုရှိ အောင်ပြုလုပ်နေမယ်ဆိုရင်တော့ ဖြင့်အမှားကြီးမှားနေတာသာဖြစ်ပါလိမ့်မယ်။ဒါပေမယ့် ကိုယ့်အနုပညာကို မြတ်နိုး တယ် တန်းဘိုးထားတတ်တဲ့ အနုပညာသည် တယောက်က ဒီလိုနေပြ လုပ်ပြနေမှ ကိုယ့်အနုပညာ အောင်မြင်လာမှာ မဟုတ်သလို ကိုယ့်ကိုသဘောကျ ပြီး မြန်မာအမျိုးသမီးလေးတွေ လိုက်အတုခိုးပြီးဝတ်ကြ မှာကိုလဲအထူးသတိ ပြုသင့်ပါတယ်.။

ပြည်သူကျွေးသော ထမင်းကိုစားသောက်နေပြီး ပြည်သူတွေကိုလဲ ကိုယ်နိုင်တဲ့ ဘက်က နေပြီးပြန်လည် ကူညီနိုင်သောလုပ်ငန်းများကို လုပ်ဆောင် သင့်တယ်ဆိုတာကိုတော့မမေ့သင့် မမေ့အပ်ပါဘူး.။ ပြည်သူအကျိုးပြု ဇာတ်လမ်းတွေ ရိုက်တယ် ဆိုတာလဲ အမှန်တကယ် ဇာတ်လမ်းတွေသာ ရိုက်သင့် သရုပ်ဆောင်သင့်ပါတယ်.။

ကော်လံဖားပြီး အကယ်ဒမီ ရွှေစင်ရုပ်ဆု ကိုမရမှာ ကြောက်ပြီး သမိုင်းတရားခံတွေ မလုပ်သင့်ပါဘူး ။ ကိုယ့်ရဲ့ အနုပညာကို ကိုယ်တကယ် တန်းဘိုးထား ရင်တော့ ကော်လံဖားတဲ့ ဇာတ်ကားများကိုမဖြစ်မနေ သရုပ်ဆောင် ရမယ် ဆိုရင်တောင် ပြည်သူတွေ ရဲ့ မျက်နှာကို အမှန်တကယ် ကြည့်ပြီး ပြည်သူ့ အနုပညာရှင် ဖြစ်ဘို့ကို သာ အမှန်တကယ်လုပ်သင့်ပါကြောင်း ကျမ အမြင်တခု အနေနဲ့ ဖော်ပြလိုက်ပါတယ်.။

မြတ်လေးငုံ