02 December 2010

မနက်ဖြန် ဒီဇင်ဘာလ (၂)ရက်နေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မယ့် World AIDS Day အခမ်းအနား..

 
(အမေ့အိမ်မှာ တွေ့ရတဲ့ အမေ့သား ကိုထိန်လင်း) အမေတွေရဲ့ အရိပ်အာဝါသအောက် အမေ့အိမ်တိုင်းမှာ သားသမီးတိုင်း ပျော်ရွှင်ကြပါတယ်.. အမေတွေနဲ့ ဝေးကွာနေကြတဲ့ ရေခြားမြေခြားမှ သားသမီးတွေ မိခင်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ..

မနက်ဖြန် ဒီဇင်ဘာလ(၂)ရက်နေ့မှာ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ  World AIDS Day အခမ်းအနား.. ကိုကျင်းပပြုလုပ်မှာ မနက် ၁၁နာရီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

မနက်ဖြန်မှာ ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်အားပေးမည့် အဆိုပါ အခမ်းအနားသို့ တောင်ဒဂုံ (၁၈)ရပ်ကွက်မှာ ရှိတဲ့ မဖြူဖြူသင်း ဦးစီးဦးဆောင်ပြု စောင့်ရှောက်နေတဲ့ ၃၇၆ ဂေဟာမှ HIV/AIDSဝေဒနာရှင်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်..။ နိုင်ငံခြားသံရုံးများမှ သံတမာန်များအား ဖိတ်ကြားထားပြီး.. ဖျော်ဖြေရေး အစီအစဉ်များ ကဗျာရွတ်ပွဲများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပါမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်ချီကား (၈)ကားအနက်မှ (၃)ကားအား HIV/AIDS ဝေဒနာ ရှင်များအား လှူဒါန်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်.. .. ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းမှလည်း အဆိုရှင်များနှင့် တွဲဖက်၍ ဂစ်တာတီးဖျော်ဖြေမှာ ဖြစ်ပြီး ပြည်တွင်းမှ အဆိုပညာရှင်များမှလည်း လာရောက် သီဆိုဒါန ပြုမှာ ဖြစ်ကြောင်း သိရှိရပါတယ်...။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၁)ရက်နေ့ကို  World AIDS Day နေ့အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပ ပြုလုပ်ကြပါတယ်..။ ယခုနှစ်မှာတော့ နှစ်(၉၀)ပြည့် အမျိုးသားအောင်ပွဲနေ့နဲ့ နေ့ရက်တိုက်ဆိုင် နေတဲ့အတွက် .. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထိမ်းအမှတ် အခမ်းအနားကို မနက်ဖြန် ဒီဇင်ဘာလ (၂)ရက်နေ့ မှာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

သတင်း... ဒီမိုဝေယံ