04 December 2010

ကျောင်းသားလူငယ်များကိုစစ်ကြောရေးစခန်းတွေမှာရက်ရက် စက်စက်စစ်ဆေးမေးမြန်းခိုင်းတဲ့ထောက်လှမ်းရေးအကြီးအကဲဟောင်း နေအိမ်အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်

ယနေ့ (၄.၁၂.၂၀၁၀)စနေနေ့ နံနက် ၅ နာရီ ခွဲတွင် နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင်ဖမ်းဆီး ခံရပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသားလုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အားနိုဝင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်သက်၍ ဗိုလ်ချုပ်ခင်ညွှန့်၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကားတွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကိုလည်း ခြံထဲ မှာတွေ့တယ်။ပြီးတော့ သူ ခြံတံခါးရှေ့က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်အကျယ်ချုပ် တစ်ယောင် ရှိသေးတယ် ဟု FNG သို့ ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်းငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်အပေါင်ဆိုင် များ တွင် သွားရောက် ရောင်းချရသည်.။

FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း တိုးတက်ဖြစ်ထွန်းသမျှကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

သတင်း..freedomnewsgroup.

....................................................................................................။