02 December 2010

နှစ် (၉၀) ပြည့်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သန်လျင်မြို့ နယ်၌ ကျင်းပ။

နှစ် (၉၀) ပြည့်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သန်လျင်မြို့ နယ် ကျောင်းသားလူငယ်များမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောဆွေးနွေးပွဲနှင့် ကဗျာရွတ်ဆိုပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁) ရက်နေ့  နေ့ လည်နှစ်နာရီကသန်လျင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းရေးမှူး (CWC) အဖွဲ့ ဝင် ရှေ့နေဦးစိုးဟန်အိမ်တွင် ကျင်းပခဲ့ကြသည်။



အခမ်းအနားကို သန်လျင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မြို့ နယ်စည်းအဖွဲ့ ဝင်များ၊ NLD လူငယ်များ၊ ကျောင်းသားလူငယ်များ၊N LD သွေးအလှူတာဝန်ခံ ကိုညီနှင့်အဖွဲ့ များ၊ မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးလိုလားသူ ကျောင်းသားလူငယ်များနှင့် အခြားစိတ်ပါဝင်စားသူ ပြည်သူများအပါအ၀င် အင်အားခုနှစ်ဆယ့်သုံးယောက် တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားကို အခမ်းအနားအစီအစဉ်ခြောက်ရပ်ဖြင့် ပြုလုပ်ခဲ့ကြပြီး ကျောင်းသားလူငယ်များက အမျိုးသားအောင်ပွဲနေ့ နှင့် သက်ဆိုင်သောကဗျာများ ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော အင်အားစုများက ကျိုက်ခေါက်စတီတော်သို့  သွားရောက်ဖူးမျှော်ခဲ့ကြပြီး မြန်မာနိုင်ငံဒီမိုကရေစီစနစ်ထွန်းကားစေကြောင်း ဆုတောင်းခဲ့ကြကြောင်း သတင်းရရှိသည်။