03 August 2010

အခြေခံပညာကျောင်းများတွင် ပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲများသို့ တက်ရောက်ရာ၌ သရုပ်ပျက်ဝတ်ဆင်မှုများဖြင့် လာရောက်ခြင်းမပြုရန် တားမြစ်ခြင်း

အခြေခံပညာကျောင်းများသို့ မြန်မာ့ရိုးရာဝတ်စုံဖြင့် လာရောက်သူများကို ကျောင်းအတွင်းသို့ ၀င်ခွင့်ပြုမည်ဖြစ်ပြီး သရုပ်ပျက်ဝတ်ဆင်မှုများဖြင့် လာရောက်သူများအား ၀င်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။


အကြောင်းအမျိုးမျိုးဖြင့် အခြေခံပညာကျောင်းများသို့ လာရောက်ကြသူများမှာ မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်မှုမရှိသည့် ၀တ်စားဆင်ယင်မှုဖြင့် လာရောက်လျှင် အမြင်သင့်လျော်မှု မရှိသည့်အတွက် ယခုကဲ့သို့ စာကပ်ထားရခြင်း ဖြစ်သည်ကို စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမြင့်က ပြောပြခဲ့သည်။


"ဒီထုတ်ပြန်ချက်က ကျောင်းတိုင်းလိုလိုမှာ ရှိပါတယ်။ လိုက်နာတဲ့ မိဘတွေရှိသလို မလိုက်နာကြတဲ့သူ တွေလည်းရှိပါတယ်။ ကျောင်းအပ်တဲ့ ရာသီဆိုရင်လည်း ကျောင်းသား မိဘတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆီ လျော်မှုရှိရှိ ၀တ်ဆင်လာအောင်အသိ ပေးရပါတယ်"ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမြင့်က ဆက်လက်ပြောပြခဲ့သည်။ အခြေခံပညာကျောင်း အသီးသီးတွင်အချို့မှာ ကျောင်းဝင်ပေါက်ဂိတ်ဝမှာပင် စာကပ်ထားကာ အသိပေးခြင်း ပြုလုပ်ထားသည်ကိုလည်း သိရသည်။ ထို့ပြင်ကျောင်း အသီးသီးသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသူတိုင်းအား မှတ်ပုံတင်၊ ဧည့်သည်ကတ်ပြုလုပ်မှသာ ၀င်ခွင့်ပြုကြောင်းသိရသည်။


ပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲများသို့ တက်ရောက်ရာ၌လည်း သရုပ်ပျက်ဝတ်ဆင်မှုများဖြင့် လာရောက်ခြင်းမပြုရန် တားမြစ်ခြင်းလည်း ရှိကြဟု news-eleven ဂျာနယ်တွင် ဖော်ပြ ပါရှိပါသည်.။

..........................................................................................................................................................

အခြေခံပညာကျောင်းများတွင် ပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲများသို့ တက်ရောက်ရာ၌ သရုပ်ပျက်ဝတ်ဆင်မှုများဖြင့် လာရောက်ခြင်းမပြုရန် တားမြစ်ခြင်း


ဤ သို့ သော မြန်မာယဉ်းကျေးမှုကို အမှန်တကယ်ထိန်းသိမ်း တယ်ဆိုသော သတင်းကတော့ ကောင်းမြတ်တဲ့သတင်းတစ်ခုပါ.။ လက်ရှိ မြန်မာနိုင်ငံကို မတရားအုပ်ချုပ်နေသော စစ်အာဏာရှင် များ၏ မိသားစု နှင့် သူတို့၏ အသိုင်းအဝိုင်း သူတို့နှင့်ဆက်နွယ်နေသော အုပ်စုများ လည်းလိုက်နာသင့်တဲ့စည်းမျဉ်း
တစ်ခုပါ.။

ထိုသူများ၏ အသိုင်းအဝိုင်း နှင့် မြန်မာပြည်ရှိ သူတို့အားပေး အားမြှောက်ပြုနေသော အနုပညာရှင် မြန်မာအမျိုးသမီးများ ကအဓိက ရှောင်ကြဉ်ရမည့်အချက်ပါ.။အင်တာနက်စာမျက်နှာ တွင် ဖော်ပြပါရှိသော မြန်မာအနုပညာရှင် အမျိုးသမီး များနှင့် မော်ဒန် သရုပ်ဆောင်များ မြန်မာအဆိုတော်အမျိုးသမီးများ၏ ဝတ်စားဆင်ယင် မှုများကိုလည်း အထူး တားမြစ် သင့်သော အချက် ဖြစ်ပါသည်။

ယခုလို တားမြစ် ပိတ်ပင် မှုတွေ ပြုလုပ် ထားပြီး စစ်အာဏာရှင်များနှင့် စီးပွားတူ၊ လုပ်ငန်း တူသောစီးပွားရေး သမားများ၏ ဈေးကွက် ကြော်ငြာ များတွင် မြင်မကောင်းသော အဝတ် အစား များကိုဝတ် ပြပြီး မြန်မာ မိန်းကလေးများ ကို ကြော်ငြာ ခိုင်းနေသည် များကိုလည်း အထူး ရှောင့်ကြဉ်တားမြစ်သင့် ကြောင်းပါ.။ အထူးသဖြင့် အရက်ကြော်ငြာ၊ စီးကရက်ကြော်ငြာ၊ ကားကြော်ငြာ၊ ကော်ဖီမစ်ကြော်ငြာ ၊ အချိုရည်ကြော်ငြာများ ၊ အစရှိသောကြော်ငြာများနှင့်စတိတ်ရှိုးများတွင် မြန်မာ မလေးများ၏ ဝတ်စား ထားပုံမှာအထူးပင် သရုပ်ပျက်လှပါသည်.။ ထိုသို့သော် အပြုအမှုမျိုး တွေမပြုလုပ်ဘို့ တားမြစ်ဘို့မည်သူများတွင် တာဝန် ရှိပါသနည်း.။

မြတ်လေးငုံ