01 August 2010

လန်ဒန်ရောက် နအဖ စစ်အာဏာရှင်အလိုတော်ရိ အနုပညာသည်မင်းသားမင်းသမီးများကို ဆန္ဒပြ


ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချီနေတဲ့ အရုဏ်ဦးတွင် ဖူးသည့်ကြာ ဗီဒီယို ဇာတ်ကားဟာ ဦးသန့်အရေးအခင်းနဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွေကို သေးသိမ်အောင် ဖော်ပြချက်တွေ ပါဝင်နေပြီး သမိုင်းကြောင်းတွေကို အမှန်အတိုင်း မဖော်ပြပဲထားတဲ့ အတွက် အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တချို့လန်ဒန်ကို ရောက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြဖို့ ဗြိတိန်ရောက် မြန်မာ ကျောင်းသူ ကျောင်းသားတွေက စီစဉ်နေပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် နေတိုးနဲ့ မိုးယုစံဟာ တခြားသရုပ်ဆောင်တွေ ဖြစ်တဲ့ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ဂျင်းနီတို့နဲ့ အတူ မြန်မာအသင်း (ယူကေ) ရဲ့ အစီအစဉ်နဲ့လန်ဒန်မြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေမှာ အငြိမ့်နဲ့ စင်တင်တေးဂီတ ဖျော်ဖြေမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဗြိတိန်ရောက် မြန်မာကျောင်းသူတစ်ဦးဖြစ်တဲ့ မမို့မို့ခင်ကတော့ အစိုးရက အနုပညာရှင်တွေကို အသုံးချပြီး သမိုင်းကြောင်းကို လှည့်ဖျား လိမ်ညာဖုံးကွယ်ဖို့ ကျိုးပမ်းနေတာကို အနုပညာရှင်တွေ အနေနဲ့လဲ ဝါဒဖြန့်ဇာတ်ကားတွေမှာ အသုံးချခံ မဖြစ်ရအောင် အသိရဖို့ အခုလို ဆန္ဒပြဖို့စီစဉ်ရတာ ဖြစ်ကြောင်း၊ သမိုင်းအမှားကြီးကို လူငယ်တွေ အမှတ်မှားသွားရင် တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့ အကြောင်း ဘီဘီစီကို ပြောပြသွားပါတယ်။

အာရုံဦးမှာ ဖူးသည့် ကြာဇာတ်ကားတွင်ပါဝင်ခဲ့သော စစ်အာဏာရှင်အလိုတော်ရိ အနုပညာသည်များ စာရင်းမှာ -

ဒါရိုက်တာ တင်သန်းဦး၊

သရုပ်ဆောင်များ - လွင်မိုး၊ ကျော်ရဲအောင်၊ ဝေလုကျော်၊ လူမင်း၊ အောင်ခိုင်၊ ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ ရဝေအောင်၊ ဖြိုးငွေစိုး၊ ကျော်ဇေယျ၊ အောင်ဇော်၊ နန္ဒ၊ မင်းရာဇာ၊ ဖုန်းရှိန်၊ မိုးယံဇွန်၊ ကောင်းခန့်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ အရိုင်း၊ ကုသိုလ်၊ ငှက်ပြောကြော်၊ အောင်ကျော်မင်း၊ ညီနိုင်၊ ထက်မိုး၊ ကျော်စစ်၊ စိန်သန်း၊ ဧရာ၊ သတိုးစော၊ စိုင်းအောင်တင့်၊ အုန်းသီး၊ ဗေဒါ၊ စိုပြေ၊ မော်ကြီး၊ ကျော်မင်း၊ စပ်စု၊ ကျော်မင်း၊ ကိုကိုဦး၊ ကျားကြီး၊ ထက်အောင်၊ ကောင်းကျော်၊ ပျံလွှား …


သရုပ်ဆောင်အမျိုးသမီးများ - ဆွိ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒာကျော်ဇင်၊ မြတ်ကေသီအောင်၊ ၀ါဝါအောင်၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ သက်မွန်မြင့်၊ မိုးဟေကို၊ မယ်လိုဒီ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ မေသက်ခိုင်၊ ရတနာမယ်၊ ပြည်ဖြိုးခိုင်၊ အေးမြတ်သူ၊ မေကဗျာ၊ ဆုမြတ်သိင်္ဂီ၊ မေဦးခိုင်၊ ခင်မို့မို့အေး၊ ဂွမ်းပုံကြီး၊ ဂွမ်းပုံလေး၊ သဇင်ထွန်း၊ အိတုံ၊ မေလဲ့ …

စီစဉ်သူများ - တက္ကသိုလ် မြတ်သူ၊ ဦးဝင်းတင်၊ ဦးကိုကိုလှိုင်
ထုတ်လုပ်သူ - အေးလွင်
ဇာတ်ညွှန်း - လှိုင်းအောင်
လက်ထောက်ဒါရိုက်တာ - ဘုန်းဝေ၊ အောင်ကျော်မင်း၊ ဇင်မင်း- တို့ဖြစ်သည်ဟု ရေးသားထားသည်။