25 June 2010

သြစတြေးလျနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဂျူလီယာဂီလတ်


ဩစတြေးလျနိုင်ငံ၏ သမိုင်းတလျှောက် ပထမဆုံးသော အမျိုးသမီး ၀န်ကြီးချုပ်ရာထူးကို လက်ခံရယူပြီးနောက် အလွန်ဂုဏ်ယူပျော်ရွှင်မိကြောင်း ဂျူလီယာဂီးလတ်က ပြောကြားခဲ့သည်။ လက်ရှိဝန်ကြီးချုပ် ကီဗင်ရုဒ်က လေဘာပါတီ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပြီးနောက် ယင်းအာဏာရပါတီ၏ ခေါင်းဆောင်ရာထူးကို ဆက်ခံကာ နိုင်ငံ၏ ၀န်ကြီးချုပ် ဖြစလာသူ ဂျူလီယာသည် အမျိုးသမီး တစ်ဦးအနေနှင့် ဩစတြေးလျ နိုင်ငံရေးတွင် အမြင့်ဆုံး အောင်မြင်မှုကို ရရှိခဲ့ခြင်းဖြစ်သည်။


လေဘာပါတီ၏ ပြန်ကြားရေးဌာန တာဝန်ရှိပုဂ္ဂိုလ် မိုက်ကယ်ဖောရှောက “လေဘာပါတီရဲ့ ခေါင်းဆောင်သစ်နဲ့ နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်အဖြစ် ဂျူလီယာဂီးလတ်ကို ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်”ဟု အတည်ပြု သတင်းထုတ်ပြန်ပေးခဲ့သည်။ ကင်ဘာရာတွင် ပါတီတွင်း အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်ပြီးနောက် ယခုလို တိုင်းပြည်ခေါင်းဆောင်နေရာ အပြောင်းအလဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖောရှောက ယခုဆုံးဖြတ်ချက်သည် လေဘာပါတီအတွက်ရော၊ ၀န်ကြီးချုပ်ဟောင်း ကီဗင်အတွက်ပါ အလွန်ခက်ခဲစေကြောင်း ပြောကြားသွားသည်။ သို့သော်လည်း ပါတီ၏ လက်ရှိယိမ်းယိုင်နေသော အနေအထားက ခေါင်းဆောင်သစ်တစ်ဦး လိုအပ်နေသည်ကို ညွှန်ပြလျက်ရှိကြောင်းလည်း ဖောရှောဆိုသည်။ “ကီဗင်ဟာ (၂၀၀၇)ခုနှစ်က လေဘာပါတီကို အာဏာရလာဖို့ စွမ်းဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက် တစ်ခုကတော့ ဂျူလီယာကို ပါတီဒုတိယခေါင်းဆောင် ခန့်အပ်ခဲ့တာပါပဲ”ဟု ဖောရှောကဆိုသည်။ ထို့အပြင် ၀န်ကြီးချုပ်သစ် ဂျူလီယာသည် လာမည့်ရွေးကောက်ပွဲတွင် လေဘာပါတီအား ပြည်သူ့ထောက်ခံမှုရရှိအောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်းလည်း ဖောရှောက မှတ်ချက်ပြု ပြောဆိုသွားသည်။ွှ့ဤသတင်းအား ပလဲနက်(Planet) ဂျာနယ်တွင် ဖော်ပြပါရှိသည်.။