20 June 2010

ပန်းဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားဗိုလ်ဆွန်ပက်လမ်းတွင်၄၄၀ဗို့အားရှိ မီတာပုံးကိုဘက်ထရီအိုးဟောင်းထင်ကာသယ်ဆောင်သူနှစ်ဦးဓာတ်လိုက်သေဆုံး


ဗိုလ်ဆွန်ပက်လမ်းတွင် အသစ်ပြန်လည်တည်ဆောက်ရန် ဖြိုဖျက်လျက်ရှိသော အဆောက်အအုံတစ်ခုမှ ထွက်ရှိလာသည့် အုတ်ကျိုးများကို လာရောက်သယ်ယူရှင်းလင်းကြစဉ် ၄၄၀ဗို့အား ရှိ မီတာပုံးကို ဘက်ထရီအိုးဟောင်းထင်ကာ မçယူဖယ်ရှားရှင်းလင်း သူနှစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလ လမ်းနှင့် ကုန်သည်လမ်းကြား ဗိုလ်ဆွန်ပက် လမ်းတွင်တည်ရှိသော တိုက်အမှတ်-၇၄-၈၆ အဆောက်အအုံကို သက်ဆိုင်ရာက အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ် မှတ်ခဲ့ပြီး ယခုအခါ အဆိုပါအဆောက်အအုံ ကို ဖြိုဖျက်ကာ ရှစ်ထပ်ခွဲ ပြန်လည်တည် ဆောက်ရန်အတွက် ဖျက်ဆီးနေစဉ် ယင်း အဆောက်အအုံမှထွက်ရှိသော အုတ်သဲ ကျောက်အဟောင်းများကို လုပ်သားငါးဦး ပါဝင်သောအဖွဲ့က သယ်ယူကာ တောင်^ မြောက်လမ်းဆုံသို့ ပို့ပေးခဲ့သည်မှာ နှစ်လ နီးပါးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

''ညနေ ၄နာရီဝန်းကျင်လောက် ပဲရှိသေးတယ်။ ဓာတ်လိုက်တယ်၊ ဓာတ် လိုက်တယ်လို့ကြားတော့ ကျွန်တော် သွား ကြည့်လိုက်သေးတယ်။ အဲဒီအချိန်မှာ တစ် ယောက်က မှောက်လျက်လဲနေပြီး နောက် တစ်ယောက်က အကြောဆွဲသလိုဖြစ်နေ တာ''ဟု ယင်းတိုက်အနီးတွင်နေထိုင်သော မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးကပြောသည်။


အဆိုပါအဆောက်အအုံတွင် မြေ အောက်မှသွယ်တန်းထားသော ၄၄၀ဗို့အား ရှိ လျှပ်စစ်မီတာပုံးတစ်ပုံးတပ်ဆင်ထားပြီး တိုက်ဟောင်းအုတ်ပုံအောက်တွင် တစ်ဝက် ဖုံးလွှမ်းနေသောယင်းပုံးကို သေဆုံးသူနှစ်ဦး က ဘက်ထရီအိုးဟောင်းထင်ကာ မ ပြီးရှင်း လင်းရာမှ ယခုကဲ့သို့ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ အဆိုပါအဖြစ်အပျက်ကြောင့် အသက်(၃၀)အရွယ်ရှိ မျိုးဆန်းနှင့် တောင် ဒဂုံမြို့နယ် ၇၀ရပ်ကွက် မင်းရဲကျော်စွာလမ်း တွင် နေထိုင်သော အသက်(၅၁)နှစ်အရွယ် ရှိ ဦးမောင်ဝင်းတို့သေဆုံးခဲ့သည်။ ဦးမောင် ၀င်းသည် လုပ်ငန်းခွင်တွင် သားဖြစ်သူ ရှိုင်း သူ၊ ညီဖြစ်သူ အေးသွင်တို့နှင့်အတူလုပ်ကိုင် နေစဉ်အတွင်း ယခုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သတင်း..YMG