23 June 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွအထွေအတွင်းရေးမှူး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားBenazir Bhutto Shaheed ဆုပေးအပ်ခံရခြင်း

ပန်းချီ မျိုးမြင့်


ပါကစ္စတန် ပြည်သူ့ပါတီမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား Benazir Bhutto Shaheed ဆုပေးအပ်လိုက်သည်။ အဆိုပါဆုကို လုပ်ကြံခံလိုက်ရသည့် ယခင် ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း Benazir Bhutto Shaheed အားဂုဏ်ပြုသည့်အနေဖြင့် ၄င်း၏မွေးနေ့ နှစ်ပတ်လည်ကာလတွင် ယခုလိုပေးအပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါဆုရွေးချယ်ရေးအဖွဲ့ကို လက်ရှိအာဏာရပါတီဖြစ်သည့် ပါကစ္စတန် ပြည်သူ့ပါတီမှ လက်ရှိသမ္မတလည်းဖြစ် ၀န်ကြီးချုပ်ဟောင်း Benazir Bhutt၀ ၏ ခင်ပွန်းလည်းဖြစ်သည့် Asif Ali Zardari, နှင့် အဆိုပါပါတီ၏ ဥက္ကဋ္ဌဖြစ်သည့် Bilawal Bhutto Zardari ဦးဆောင်သည်။ Benazir Bhutto Shaheed ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံးချီးမြှင့်သည့်ဆုလည်းဖြစ်သည်။

http://www.thenews.com.pk/