23 June 2010

မြ၀တီမြို့နယ်ရှိ တာဝန်ရှိသူတို့ထံသို့အသိပေးတင်ပြခြင်း။(ပြည်သူများရင်ဖွင့်သံ)

(မယက =လာဘ်ရမှ အလုပ်လုပ်သောအဖွဲ့)
(မြို.နယ်စည်ပင်= ချစ်တီး အကြွေးတောင်းသလို ငွေတောင်းသောအဖွဲ့)
(မြို့နယ်ရဲတပ်ဖွဲ့=ရဲရဲတင်းတင်း ငွေတောင်းနေကျအဖွဲ့ )
တာဝန်ရှိသူတို့ သည် အောက်ပါတို့ ကို ဆောင်ရွက်ပေးပါရန် အသိပေးတင်ပြပါသည်။
(၁) မြို့တော်သန့်ရှင်း သာယာ လှပရေးအတွက် ဆောင်ရွက်နိုင်ရန်။
(၂) ယာဉ်အန္တရာယ် ကင်းရှင်းရေး ကြိုတင် ဆောင်ရွက်နိုင်ရန်။
(၃) အများပြည်သူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန်။

အမှတ်စဉ် (၁) မြို့တော်သန့်ရှင်း သာယာ လှပရေးအတွက် ဆောင်ရွက်နိုင်ရန် အသိပေးခြင်း။
မြ၀တီမြို့ -ဘုရင့်နောင်လမ်းမ ၊ညဈေးရှေ့သည် ၊အလွန်စည်ကားသော၊နေရာ တနေရာဖြစ်ပါသည်။စည်ကား တိုးတက်လာသည်နှင့်အမျှ ၊ စနစ်တကျ ရှိသင့် ပေသည်။
ညဈေးရှေ့၊ ဘုရင့်နောင်လမ်းမ(ကတ္တရာလမ်းမကြီး) ပေါ်ရှိ၊ ပျံကျ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၏ နေရာယူထားမှူ ။
ဆိုင်ကယ်/ဆိုက်ကားများ၏၊ နေရာယူမှူ၊
စည်းကမ်းမဲ့စွာ၊ မော်တော်ယာဉ်နှစ်ထပ်ရပ်မှူ၊
စသည်တို့မှာ မြို့တော် သန့်ရှင်းသာယာ၊ လှပရေးအတွက် အလွန် အကျည်းတန် ရုပ်ဆိုးလှပါသည်။
ထိုသို့ ဆိုင်ခန်းများ၊ ကားများ၊ ဆိုင်ကယ် ကယ်ရီများကြောင့်ညနေပိုင်းအချိန်များတွင်၊ ၃ လမ်းသွား ကတ္တရာလမ်းသည်ပင်၊ ၁ လမ်းသာ မောင်းနှင်နိုင်ခြင်း။တခါတရံ လမ်းပိတ်ဆို့ခြင်းတို. အမြဲ ဖြစ်ပေါ်လျက်ရှိပါသည်။

အမှတ်စဉ် (၂) ယာဉ်အန္တရာယ် ကင်းရှင်းရေး ကြိုတင် ဆောင်ရွက်နိုင်ရန် အသိပေးခြင်း။

အထက်ပါတင်ပြသည့်အတိုင်း၊လမ်းများပိတ်ဆို့ခြင်းကြောင့်၊ အမြဲလိုလိုပင်၊ယာဉ်အန္တရယ်ဖြစ်ပေါ်ခြင်းကြောင့်၊ လူသေဆုံးမှူ များပင် ကြုံတွေ့နေရပါသည်။
ယာဉ်ထိန်းရဲများသည်လည်း၊ ယာဉ်အန္တရယ် ဖြစ်ပေါ်ပြီးမှ၊ ရောက်ရှိလာတတ်သဖြင့်၊ ကြိုတင်စီမံချက်များဖြင့်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ကို စံနစ်တကျ၊ အမြဲ ဆောင်ရွက်နိုင်လျှင် သင့်တော်ပါမည်။

အမှတ်စဉ်(၃) အများပြည်သူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန် အသိပေးခြင်း။

ဈေးဆိုင်များ၏နေရာယူမှူကြောင့်၊ကတ္တရာလမ်းမထက်သာမက၊ လူသွားလမ်း(ပလက်ဖောင်း)တွင်လည်း အများပြည်သူ လမ်းလျှောက် မရခြင်း။ကျောင်းဆင်းချိန် ညနေပိုင်းတွင်လည်း ကျောင်းသားများ သွားလာရ ခက်ခဲခြင်းတို.သည်၊ ဈေးဆိုင်များမှ အမိုးများမိုးထားခြင်း၊ စားပွဲခုံများ/ကုလားထိုင်များကို၊ ပလက်ဖောင်း ပေါ်တွင် ချထားခြင်းတို.ကြောင့်၊ အများပြည်သူတို.အား၊ လွန်စွာမှ အနှောင့်အယှက်ဖြစ်ရပါသည်။

စားသောက်ဆိုင်များ၏ ကြော်လှော်ချက်ပြုတ်သည့်၊ ညှော်နံ့ပေါင်းစုံတို့ကြောင့်၊ အနီးတ၀ိုက်ရှိ ပြည်သူများမှာ ကျန်းမာရေး ထိခိုက်ရပါသည်။
ထို.အတူ ညဈေး တ၀ိုက်တွင် ခေတ်မှီဆေးခန်း အပါအ၀င် ဆေးခန်းများစွာလည်းရှိသဖြင့်၊ လာရောက်ပြသသော လူနာများအဖို့လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။

ပေးစာ ရေးသူ၏ ကိုယ်တွေ့ဖြစ်စဉ်အကျဉ်း

ကျွှန်တော်သည်၊ မြ၀တီ မြို့ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပါသည်။တနေ့တွင် အမျိုးသမီး နေမကောင်းသဖြင့်၊ ညဈေးရှေ့ရှိ ခေတ်မှီဆေးခန်းသို့ လာရောက်ပြသပါသည်။

ပထမ အခက်အခဲ မှာ ကားရပ်၍ မရခြင်းဖြစ်ပါသည်။(အဘယ်ကြောင့်ဆိုသော် ဈေးဆိုင်များရှေ့  ဆိုင်ကယ်၊ ကားတို့ ကို မဆင်မခြင် ရပ်နားထားခြင်းကြောင့်ဖြစ်ပါသည်။)

ဒုတိယအခက်အခဲမှာ -ပလက်ဖောင်းတွင် လမ်းလျှောက်၍ မရခြင်းဖြစ်ပါသည်။(ဈေးဆိုင်များရှေ့  စားပွဲ၊ ကုလားထိုင်များ ပိတ်ဆို့နေခြင်းကြောင့်ပင်။)

တတိယအခက်အခဲမှာ - ဆေးခန်းသို့ရောက်သောအခါ ထိုင်နေစဉ်တွင် ညှော်နံ့ ပေါင်းစုံတို့ကို၊ ရှူ ရှိုက်နေရခြင်းကြောင့် စိတ်အနှောင့် အယှက်များစွာ ဖြစ်ပေါ်ခဲ့ရပါသည်။

ဆေးခန်းမှ ပြောပြချက်အရ၊ ညှော်နံ့ပေါင်းစုံသည်၊ နေ့တိုင်းဖြစ်ပျက်နေသောကြောင့်၊ မည်သို့လုပ်ရမှန်း မသိကြောင်း၊ လူနာများလည်း အလာ ကျဲသွားကြောင်း၊ အနားတ၀ိုက်ရှိ အိမ်များလည်း စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သိရှိရပါသည်။

ညှော်နံ့ ပေါင်းစုံထွက်ပေါ်လာသော ဆိုင်ခန်းများမှာ……..
၁- ထမင်း ဟင်း ကြော်လှော်ရောင်းသည်.ဆိုင်။
၂- စားသောက်ဆိုင်
၃- အသုတ်ဆိုင်
၎-အသားကင်ဆိုင်
၅-ကြက်ကြော်ဆိုင်
၆-ယိုးဒယား အကင်ဆိုင်
၇-၀က်သားတုတ်ထိုးဆိုင်တို့ ဖြစ်ပါသည်။

စီမံဆောင်ရွက်သင့်သည်မှာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို.၏ ကွပ်ကဲမှူဖြင်. မြို့နယ်စည်ပင်၊မြို့နယ်ရဲတပ်ဖွဲံ့၊ ကျန်းမာရေးဌာန တို. ပူးပေါင်းဆောင်နိုင်ရန် တင်ပြပါသည်။

ပန်ပန်

မေလ်းထဲသို့ ပေးပို့ လာသော ကြောင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်.။