24 June 2010

မြန်မာသင်္ဘောကပ္ပတိန်နှင့်အဖွဲ့ လှိုင်းကြားလေကြား သက်စွန့်ဆံဖျားဖြင့် လူလေးဦးအသက်ကယ်

အတ္တလန္တိတ်သမုဒ္ဒရာအတွင်း မုန်တိုင်းမိကာ မျောနေသော ရွက်သင်္ဘောပေါ်မှ အင်္ဂလန်နိုင်ငံသား လေးဦးကို မြန်မာသင်္ဘောကပ္ပတိန်ခေါင်းဆောင်သော သင်္ဘောသားအဖွဲ့က အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများအသင်း(MOSA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဇွန် ၉ရက်တွင် အတ္တလန္တိတ် သမုဒ္ဒရာအတွင်း၌ ဗြိတိသျှနိုင်ငံသားလေး ဦးပါဝင်သော အပျော်စီးရွက်သင်္ဘောသည် စပိန်အနောက်မြောက်ဘက် မိုင် ၃၀၀အကွာ ၌ မုန်တိုင်းဒဏ်ကြောင့် တက်မကျိုးပြီး သမု ဒ္ဒရာအတွင်း လှိုင်းများကြား၌ မျောနေစဉ် မြန်မာသင်္ဘောကပ္ပတိန် ဦးဇော်အောင် ခေါင်းဆောင်သည့် ဓာတုဗေဒပစ္စည်းတင် သင်္ဘော MTM Princess သည် သမုဒ္ဒရာ တွင်းမျောကာ ဒုက္ခတွေ့နေသော ယင်း အပျော်စီးသင်္ဘောအားတွေ့ရှိ၍ အခက် အခဲများကြားမှ အင်္ဂလန်နိုင်ငံသားလေးဦး ကို အသက်မသေဘဲ ကယ်တင်နိုင်ခဲ့သည်။

''အင်္ဂလန်နိုင်ငံသားလေးဦးက အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးပါ။ အသက်ကတော့ (၅၈)နှစ်နဲ့ (၇၀)ကျော်ဝန်း ကျင်တွေဖြစ်ပါတယ်။ အဲဒီလို မြန်မာသင်္ဘော ကပ္ပတိန်က အင်္ဂလန်နိုင်ငံသားလေးဦးကို သက်စွန့်ဆံဖျားကယ်တင်ခဲ့တဲ့အကြောင်း ကို ဗြိတိသျှနိုင်ငံကထုတ်တဲ့ Fair Play မဂ္ဂဇင်းမှာ တခမ်းတနားဖော်ပြခဲ့တယ်လို့ သိရတယ်။ ဒီလို အင်္ဂလန်နိုင်ငံသားလေး ဦးကို သက်စွန့်ဆံဖျားကယ်တင်ခဲ့တဲ့ မြန်မာ သင်္ဘောကပ္ပတိန်ခေါင်းဆောင်တဲ့အဖွဲ့ကို အလွန်ချီးကျူးဖို့ကောင်းတယ်။ အခမ်းအနား နဲ့ သူတို့ကို ဂုဏ်ပြုသင့်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုသမုဒ္ဒရာအကျယ်ကြီးမှာ သင်္ဘောတစ်စင်းက လှိုင်းလေကြားထဲမှာ ပျက်စီးနေတဲ့သင်္ဘောတစ်စင်းထဲကလူတွေ ကို အသက်မသေဘဲ ကယ်တင်နိုင်ခဲ့တာ နည်းတဲ့အရည်အချင်းမဟုတ်ဘူး။ သူတို့ရဲ့ သတ္တိနဲ့စိတ်ဓာတ်ကို သင်္ဘောသားတိုင်း အတုယူသင့်တယ်''ဟု MOSA မှ တာဝန် ရှိသူက ပြောသည်။

ယခုဖြစ်ရပ်ကဲ့သို့ပင် ပြီးခဲ့သည့် ၂၀၀၈ခုနှစ်ကလည်း သမုဒ္ဒရာအတွင်း လှိုင်း လေများကြား၌ ပြည်သူများ၏ အသက် ကို ကယ်တင်ခဲ့သော မြန်မာသင်္ဘောကပ္ပတိန် တစ်ဦးရှိခဲ့ဖူးကြောင်းသိရသည်။

သတင်း...YGM