24 June 2010

မြန်မာ့ပထမဆုံးပုဂ္ဂလိကအင်ဂျင်နီယာတက္ကသိုလ် AIT က MCC၊ ILBC တို့ နှင့် ပူးပေါင်းဖွင့်မည်


မြန်မာ့ပထမဆုံးပုဂ္ဂလိက အင်ဂျင်နီယာတက္ကသိုလ်အား အရှေ့ တောင်အာရှဒေသတွင် နာမည်ကြီး AIT နှင့် မြန်မာနိုင်ငံမှ MCC, ILBC တို့ပူးပေါင်း၍ စက်တင်ဘာတွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပုဂ္ဂလိကအင်ဂျင်နီယာ တက္ကသိုလ်အတွက် Foundation Course အား ILBC မှ တာဝန်ယူ သင်ကြားမည်ဖြစ်ကာ တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်တို့ကို MCC မှ တာဝန်ယူသင်ကြားမည်ဖြစ်ပြီး သုံး နှစ်စလုံးကို ပြင်ဦးလွင်ရှိ MCC Trai- ning Institute (ရတနာပုံ)တွင် တက်ရောက်ရမည်ဖြစ်ကြောင်း သိရ သည်။

ထို့နောက် တတိယနှစ်နှင့် စတု တ္ထနှစ်တို့အား ထိုင်းနိုင်ငံဗန်ကောက် မြို့ရှိ AIT Main Campus တွင်တက် ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

''ရတနာပုံမှာ တက်ရမယ့်အ တွက်ကလေးတွေအတွက် AIT Main Campus မှာတက်ရတာနဲ့ မခြားတဲ့ ပတ်ဝန်းကျင်ကို ခံစားနိုင်ပါလိမ့်မယ်။ ဒီအတွက် ဗန်ကောက်မှာတက်ရတဲ့ အခါ အခက်အခဲမရှိအောင်မြင်ပါလိမ့် မယ်''ဟု MCC မှ CEO ဒေါ်ချော ခင်ခင်က ပြောသည်။

ထို့နောက် အဆိုပါပုဂ္ဂလိက အင်ဂျင်နီယာတက္ကသိုလ်တွင် သတင်း နှင့်ဆက်သွယ်ရေးဘာသာရပ် Telecommunications နှင့် Mechatronics ဘာသာရပ်တို့သင်ကြားမည် ဖြစ်ပြီး B.Sc ဘွဲ့ရရှိမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပျမ်းမျှတစ်ဘာသာအမှတ် ၆၀ရရှိသူ များ လျှောက်ထားနိုင်ကြောင်းသိရ သည်။

သတင်း...YMG