ခေါင်းစဉ် မသိ..။
ဒီလို   နဲ့ ...
ဒဏ်ရာ ရ  ခဲ့တဲ့.
ကန္တာရ  နှစ်များ  နဲ့လည်း
သစ္စာ   ထား ခဲ့ ပြီး
အဲဒီ  လို  နဲ့.....
အမှန်တရား  ကို  လည်း
ထမင်း  စား  ဖိတ်ခဲ့  ပြီ
အဲဒီ လို နဲ့.....
နေကြာ ပွင့်တွေ ကိုလည်း
နေသာ  ခွင့် ပေး  လိုက် ပြီး
အဲဒီ လို နဲ့.....
အ ဆိပ် နဲ့ မိတ် ဖွဲ့
အိမ်မက် တွေ ကိုလည်း
ဘိလပ်ရည်  တိုက်ခဲ့ ပြီ
ဒီလို နဲ့....
လွတ်လပ်ရေး ကဗျာ အတွက်
မြေ တကွက် ထွန်းယက် ခဲ့ ပြီး ပြီ။
(မောင်ချောနွယ်)
