14 January 2010

သန်လျှင်မြို့ရဲ့ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေအောင် ပြုလုပ်နေကြသော စီးပွားရေးသမားများနှင့် အာဏာပိုင်များ..၊

အဘိုးအဘွားတွေလက်ထက်ကတည်းကနေထိုင်ခဲ့တဲ့ကျွန်မတို့ရဲ့သန်လျှင်မြို့ကလေးဟာအရင်
တုန်းကအလွန်အေးချမ်းတိတ်ဆိတ်ပြီးအနားယူချင်စရာကောင်းသောရှေးဟောင်းမြို့လေးတစ်မြို့
ဖြစ်ပါတယ်။အောက်မြန်မာပြည်ရဲ့ပြင်ဦးလွင်လို့တင်စားခေါ်ကြတယ်။ရှေးဟောင်းဘုရားတွေရှိတဲ့
အပြင်မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနဲ့သန်လျှင်သူသန်လျှင်သားတွေဟာအေးချမ်းစွာနေထိုင်ခဲ့ကြပါ။

သန်လျှင်မြို့ကလေးကိုတက္ကသိုလ်ကျောင်းများစတင်ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ရာမှယခုနောက်ပိုင်းတွင်
တော့ကျောင်းသားကျောင်းသူများနဲ့စည်ကားပြီးဝန်ထမ်းမြို့ကလေးကနေကျောင်းသားမြို့တော်အဖြစ်
ပြောင်းလဲခဲ့ပါတယ်။သန်လျှင်အရှေ့ပိုင်းတက္ကသိုလ်၊သမ၀ါယမကောလိပ်၊နည်းပညာကောလိပ်နှင့်
ရေကြောင်းတက္ကသိုလ်စတဲ့ကျောင်းတွေနဲ့ဂုဏ်ကျက်သရေတင့်ခဲ့ပါတယ်။အခုအချိန်မှာတော့
ကျောင်းသားကျောင်းသူတွေကိုပျက်စီးစေခဲ့သောနာမည်ဆိုးနဲ့ကျော်ကြားရာမြို့တစ်မြို့ဖြစ်သွားခဲ့တာ
ကိုတော့သန်လျှင်မြို့သူတစ်ဦးအနေနဲ့အလွန်ပင်စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။နာမည်ဆိုးများ
စတင်ဖြစ်စေခဲ့တာကတော့၃နှစ်အတွင်းပေါ်ပေါက်ခဲ့တဲ့တည်းခိုးခန်းများကြောင့်ပင်ဖြစ်တယ်။
သန်လျှင်မြို့သည်ရန်ကုန်မြို့တော်လိုစီးပွားရေးအချက်အချာကျလို့တည်းခိုခန်းများလာရောက်ဖွင့်လှစ်
ထားတယ် ဆိုရင်တော့ ပြောစရာမလိုပါ။

ဝန်ထမ်းအများစုနှင့် တက္ကသိုလ်ကျောင်းများရှိနေတဲ့ သန်လျှင်မြို့မှာ တည်းခိုခန်း အရေအတွက်
၃၀နီးပါး ဖွင့်လှစ်ခွင့်ပေးထားသည်ကိုက ရယကများနှင့် မယကလူကြီးမင်းများ မည်သို့မည်ပုံ
စဉ်းစားပြီး ဖွင့်လှစ်ခွင့်လိုင်စင်ချပေးခဲ့သည်ဆိုတာကို နားမလည်နိုင်တော့ပါ။

အဲဒီတည်းခိုးခန်းများဟာရပ်ကွက်(PublicArea)နှင့်ရောနှောပြီးဖွင့်လှစ်ထားကြတယ်။ဒီအပြင်
အထက်တန်းကျောင်းများနှင့်နီးတဲ့နေရာများ၊သံဃာနယ်မြေဘုန်းကြီးကျောင်းများနဲ့ကပ်လျှက်ပါ
မရှောင်ပဲဖွင့်လှစ်ထားကြသည်။သည်နေရာများကိုအခြေခံပြီးဖွင့်လှစ်ခွင့်ပြုထားတဲ့တည်းခိုးခန်း
လုပ်ငန်းများကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုမည်သူကတာဝန်ယူဖြေရှင်း
ပေးခဲ့ပါသလဲ။ဒီဆိုးကျိုးတွေဆိုတာကတော့ ကျောင်းသားစုံတွဲအချို့သည် အလွယ်တကူသွား
လာနိုင်တဲ့အဲဒီတည်းခိုးခန်းများသို့သာဝင်ရောက်ပြီးတွေ့ဆုံကြတယ်၊ပညာရှာနေတဲ့အချိန်မှာ
မမှားသင့်တဲ့အမှားတွေကျူးလွန်ကြတယ်။

တကယ်ပြသနာကတော့အတုမြင်အတတ်သင်လွယ်သောအရွယ်မရောက်သေးတဲ့ကလေးသူငယ်
တွေ၊အထက်တန်းကျောင်းသားတွေကထိုလုပ်ရပ်များကို အတုခိုးမှားစေနိုင်ပါတယ်။ အဲဒီတည်းခိုးခန်း
တွေမှာစနေ၊တနင်္ဂနွေလိုမျိုးရက်မျိုးတွေမှာTaxiတွေနဲ့ဝင်ထွက်နေကြတဲ့အမျိုးစုံသောအတွဲပေါင်းများ
အပြင်အခကြေးငွေယူပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တဲ့သူတွေပါ ၀င်ထွက်သွားလာနေကြတာကို မြို့သူမြို့သား တွေက မြင်တွေ့ကြားသိနေရပါတယ်။

ရပ်ကွက်နှင့်ရောနှောဖွင့်ထားခြင်းကြောင့်မိဘမောင်နှမများလည်းအမြင်မတော်၊အရွယ်ရောက်ခါစ
ကလေးများကို ထိုကဲ့သို့သောအရာတွေကိုတွေ့စေခြင်း မြင်စေခြင်းသည် နောက်ဖြစ်လာမည်မျိုးဆက်
များ အတွက် များစွာသောဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ရပ်ဝေးမှ လာရောက်ပညာသင်ကြတဲ့ အဆောင်နေကျောင်းသူများသည် မိဘထိန်းကွပ်ရာမှဝေးနေ သည့်အတွက်ကိုယ့်ကိုယ်ကိုမထိန်းသိန်းနိုင်ခြင်း၊အယုံလွယ်ခြင်းမသွားသင့်သည့်နေရာများကိုသွားခြင်း၊
နိုင်ငံခြားယဉ်ကျေးမှုများကိုအတုယူလွဲမှားခြင်းတို့ကြောင့်ဘ၀များစွာပျက်ခဲ့ရပါတယ်။ဒီလိုဘ၀ပျက်ခဲ့
ရတဲ့သာဓကများဟာသန်လျင်မြို့တွင်းတွင်ကြားသိမြင်သိနေရပါတယ်။

သည်ဖြစ်ရပ်တွေဟာ အနာဂတ် နိုင်ငံတော်သစ်အတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။
အခုဆိုလျှင် ကျောင်းသားလူငယ် လူရွယ်ကြားမှာ ဟာ ခေတ်စားလာပြီး အဲဒီကနေHIV ပြန့်နံ့ကူးစက်
မှု ပိုမိုဖြင့်မားလာခဲ့တယ်။ အအေးခန်းတည်းခိုခန်းတွေဟာ ဒီလိုမဆင်မချင်(sex)ကိစ္စတွေ ဖြစ်ပေါ် လာစေတဲ့အခြေအနေတွေကို တွန်းပို့ပေးနေတယ်၊ မည်သူ့တွင်တာဝန်ရှိသလဲဟုသော
မေးခွန်းကို ကျွန်မမေးချင်ခဲ့ပါတယ်။

ဘာကြောင့် များစွားသောတည်းခိုခန်းများဖွင့်လှစ်နိုင်ရန်အတွက် လိုင်စင်ချပေးခဲ့ပါ သလဲ။
သိသိနှင့် မသိကျိုးကျွံ့ပြုနေတဲ့သန်လျှင်မြို့မှ မယကလူကြီးမင်းများကို စဉ်းစားဥာဏ်လေး
နည်းနည်းလောက်ရှိပါလို့တိုက်တွန်းပါရစေ။

ပိုက်ဆံရလျှင်ပြီးရောကိုယ့်မြို့ကိုယ့်လူငယ်တွေများစွာပျက်စီးနိုင်တဲ့ဒီလုပ်ငန်းကိုလုပ်ကိုင်နေကြတဲ့ စီးပွားရေးသမားများကိုလဲသိစေချင်ပါတယ်။အရင်သန်လျှင်မြို့နှင့်ယခုသန်လျှင်မြို့ဘာများတိုးတက်
လာပါသလဲ.?အဝေးရောက်သူငယ်ချင်းတွေကကျွန်မကိုမေးကြတယ်..ကျွန်မဘယ်လိုဖြေသင့်လဲ...
မီးတွေကလည်းပျက်မြဲအတိုင်းပျက် ပါတယ်လမ်းတွေကလည်း စုတ်မြဲအတိုင်းစုတ်ပါတယ်။၂လုံး ၃သုံး လောင်းကစားဒိုင်တွေဘောလုံးပွဲဒိုင်တွေဒီအအေးခန်းတည်းခိုးခန်းလုပ်ငန်းတွေပေါလာတာကလွဲလို့ တကယ်တိုးတက်လာတာဆိုလို့သန်လျှင်ရန်ကုန်တံတားလေးတစ်စင်းပါပဲ။သာမန်အမြင်ဖြင့်ကြည့်
မည်ဆိုရင်တော့ မြို့ဝင်ဝင်ခြင်း စတွေ့တာကတော့ တည်းခိုခန်းဆိုင်းဘုတ်တွေနဲ့အဆောက်အဦးများ ထည်ဝါစွာရည်တည်လျှက် ရှိတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။


သန်လျှင်မြို့ကိုမကြာခဏဆိုသလို ကျွန်မတို့ရဲ့ အစိုးရခေါင်းဆောင်များလာရောက်ကြပါတယ်။
မျက်စိမှိတ်ပြီးများလာရောက်ကြပါသလားလို့ မေးချင်ပါတယ်။ ဒါမှမဟုတ် ဒါတွေရှိနေတာကို
ဂုဏ်ယူနေကြသလားလို့လည်းမေးချင်ပါတယ်။

သန်လျှင်မြို့သူတစ်ယောက်အနေနဲ့ကိုယ့်မြို့ကိုယ့်ရွာမကောင်းသတင်းနဲ့ကျော်ဇောနေတာကိုအမှန်
တကယ်မမြင်ချင်မကြားချင်ပါဘူးရှင်၊ဒါကြောင့်ဒီစာကိုရေးလိုက်ရတာဖြစ်ပါတယ်။အားလုံးကိုလဲသိ
စေချင်ပါတယ်.... ကျွန်မလက်လှမ်းမှီသလောက်စုံစမ်းထားတဲ့ တည်းခိုခန်းနာမည်များကိုလည်း အောက်မှာဖော်ပြထားပါတယ်...

၁. စိန်းလဲ့
၂. မြမြင့်မိုလ်
၃. ပိတောက်ဝါ
၎. မြိုင်
၅. မြူနှင်းဝေေ၀ ၁ နှင့် ၂
၆. ရတနာပုံ
၇. မေ
၈. မေသရဖူ
၉. ရွှေမြင့်မိုလ်
၁၀. မဟာနွယ်
၁၁. သဇင်
၁၂.ပြုံးတစ်ရာဝေ
၁၃. ရွှေသရက်
၁၄.ရွှေချမ်းသာ
၁၅.လင်းရောင်ဦး
၁၆. ဘွန်ဆိုင်း
၁၇. စိမ်းလဲ့
၁၈.Excel
၁၉. မြရိပ်ညှိ
၂၀. အိမ်ဖြူ

လူငယ်တွေမပျက်စီးချင်သော မျိုးချစ်စိတ်ဖြင့်

စောကလျာဦး