16 January 2010

ဒီနေ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နအဖဆက်ဆံရေးဝန်ကြီး အောင်ကြည်တို့  တွေ့ ဆုံ .။



လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့
၂၀၁၀ ခုနှစ်တွင် ပထမဆုံး အကြိမ် အဖြစ် ယနေ့တွေ့ဆုံကြောင်း သိရှိရပါသည်.။ယနေ နေ့လယ်
၁နာရီမှ၁နာရီ၂၀မိနစ်အထိ၂၀မိနစ်ကြာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်
တွေ့ဆုံ ကြကြောင်း သိရပါသည်။

လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် ၂၀၀၇ အောက်တိုဘာ
၂၅ ရက်နေ့က စတင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ၉ ကြိမ်ရှိပြီဖြစ်သည်။

ဒီနေ့တွေ့ဆုံမှုဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီကို တိုးချဲ့ ဖွဲ့စည်းတဲ့
သတင်း ပေါ်ထွက်ခဲ့ ပြီးနောက် ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်တို့တွေတဲ့ ကိစ္စ သတင်းအသေးစိတ် ကိုတော့ မသိရှိသေးကြောင်း သိရှိရပါသည်.။