13 January 2010

သျှမ်းပြည်မြောက်ပိုင်း၌ နအဖ ဆန့်ကျင်သော လှုပ်ရှားမှု ဖြစ်ပေါ် .

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ အချက်အခြာ နေရာများတွင် နအဖစစ်အစိုးရ ဆန့်ကျင်သည့် စာသားများ ကို မှုတ်ဆေးဖြင့် ရေးထိုးသည့် လှုပ်ရှားမှုများ ၂ ရက်ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင် မူဆယ်မြို့ခံ များက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမုချ ကျဆုံးရမည် ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်ပေး ရေး ဒို့အရေး စသည့် စစ်အစိုးရ ဆန့်ကျင်ရေး စာသားများကို ဇန်နဝါရီ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များက မူဆယ်မြို့၏ နေရာ ၃ ခုတွင် ရေးထိုးထားကြောင်း သိရသည်။

ဇန်န၀ါရီ ရ ရက်နေ့က အထက ၂ ကျောင်း ပညာရေးစုံညီ အစည်းအဝေးပြုလုပ်ချိန်တွင် အဆိုပါကျောင်း နံရံနှင့် လမ်းများပေါ်တွင် ရေးထိုးထားကြောင်း မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

နောက်တစ်ရက်တွင် လ၀က ရုံးရှေ့နှင့် ရဟတ်ယာဉ်ကွင်းရှိရာနေရာများ၌ အဆိုပါ စာသားများ အတိုင်းရေး ထိုး ထားခြင်းကို ထပ်မံတွေ့ရှိခဲ့ရကြောင်း သူက ဆိုသည်။

“အထက ၂ မှာ အဲဒီနေ့က ပညာရေးစုံညီပွဲတော်ရှိတယ် ၉ နာရီလောက်စတာပေါ့ မှုတ်ဆေးနဲ့ နံရံတွေ လမ်းမ ပေါ်တွေမှာ ထိုးထားတယ် မနက်ပိုင်းမှာပဲ ရဲတွေလာဖျက်သွားတယ် နောက်တစ်နေ့ကျတော့လည်း ဒီစာသားတွေပဲ လ၀က ရုံးရှေ့ရယ် လေယာဉ်ကွင်းရှေ့မှာရယ် ထပ်လုပ်ထားတာတွေ့ရတယ် ” လို့ သူက ဆက်ပြောသည်။

အထက ၂ ကျောင်း ၀န်ထမ်းတစ်ဦးက ကျောင်းရှေ့ မှုတ်ဆေးဖြင့်ရေးသားထားသည်မှာ မှန်ကန်ကြောင်း အ တည် ပြု ပြောကြားသည်။

“ကျောင်းရှေ့နံရံမှာ မှုတ်ဆေးနဲ့ရေးထားတာ ပညာရေးစုံညီပွဲမဟုတ်ဘူး ငွေချူပွဲ ဆိုပြီးရေးထားတယ် ကျန်တာ တွေတော့မတွေ့ဘူး ကျမတို့က ၇ နာရီလောက်သွားတော့ နံရံမှာရေးထားတာပဲတွေ့ရတယ် ထုံးနဲ့ ထပ်သုတ် လိုက် တယ် ” လို့ အဆိုပါ ၀န်ထမ်းက ပြောသည်။

မူဆယ်မြို့ပေါ်တွင် ယခုကဲ့သို့ အစိုးရဆန့်ကျင်စာ ရေးသားခြင်းမှာ ရှားရှားပါးပါးဖြစ်ကြောင်းနှင့် မည်သည့် အဖွဲ့ အစည်းက ပြုလုပ်ခဲ့သည်ကို မသိရှိကြောင်း စောစောက မြို့ခံက ပြောသည်။

လ၀ကရုံးရှေ့နှင့် ရဟတ်ယာဉ်ကွင်းရှေ့ ဆန့်ကျင်စာများရေးသားထားခြင်းကို အတည်ပြုချက် ရယူနိုင်ခြင်း မရှိခဲ့ပါ။

ရင်းမြစ်..။သျှမ်းသံတော်ဆင့်