14 January 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဝင် မချို၊ ကိုရွှေဂျိုး၊ ကိုစိန်လှိုင် ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ စီရင်ချက်ချ

အဖွဲ့ချုပ်ဗဟို လူမှုအထောက်အကူပြုအဖွဲ့ဝင် မချို ခေါ် မမြင့် မြင့်စန်း အပါအဝင် ၃ ဦးကို ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ စီရင်ချက် ချလိုက်ပါတယ်။ လှိုင်òမိ့နယ် အဖွဲ့ချုပ်ဝင် ကိုရွှေဂျိုး၊စမ်းချောင်းကသုံးရောင်ခြယ် အဖွဲ့ဝင် ကိုစိန်လှိုင်နဲ့ မချို တို့ကို တရားမဝင်အသင်းနဲ့ ဆက်သွယ်မှုပုဒ်မ ၁၇-၁နဲ့ ပြစ်ဒဏ်ချ လိုက်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ›နေဦးကျော်ဟိုးက ပြောပါ တယ်။ အင်းစိန်ထောင် အတွင်းရှိ စမ်းချောင်းမြို့နယ်တရားရုံး တရားသူကြီး ဦးတင် ဆွေလင်းက ပြစ်မှုကျုးလွန်ကြောင်း အထောက်အထား ခိုင်လုံမှုမရှိဘဲ အမိန့်ချလိုက် တယ်လို့ ဦးကျော်ဟိုးက ပြောပါတယ်။

“သူ့ရဲ့ စီရင်ချက်မှာလည်းပဲ မျက်မြင်သက်သေ ရှိတယ်ဆိုတာလည်း မပေါ် ပေါက်ဘူး။ ဒီလို ငွေပေးငွေယူ လုပ်တာနဲ့ပတ်သက်လို့ စာရွက်စာတမ်း အထောက် အထား ရှိတယ်လို့လည်း မပေါ်ပေါက်ဘူး။ ဆိုလိုတာက အန်အယ်လ်ဒီ(အယ်လ် အေ)က အီဗား(ခေါ်)ဆန်းလှိုင်(ခေါ်)တင်လှိုင်ဆီမှာ ငွေလက်ခံရယူတယ် ဆိုတဲ့ စာ ရွက်စာတမ်း အထောက်အထား မျက်မြင်သက်သေလည်း မရှိဘူး။ “ဒီလို မရှိဘဲနဲ့ ဒီလိုမျိုး အပြစ်ဒဏ်ပေးတာက ဥပဒေအရဆိုရင် ကျနော် တို့က လက်မခံနိုင်ဘူး၊ ကျနော်တို့ဘက်က လုံးဝမကျေနပ်ဘူး၊ မကျေနပ်တဲ့အတွက် အယူခံတင်ဖို့အတွက် ပြင်ဆင်နေပါတယ်။” ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက ဖမ်းဆီးခဲ့တဲ့ သူတို့ ၃ ဦးကို အခု ပြစ်ဒဏ်ချ ချိန်မှာ ချုပ်ရက်ခံစားခွင့် မရတဲ့အပေါ်လည်း အယူခံတင်သွားမယ်လို့ ဦးကျော်ဟိုးက ဆက်ပြောပါတယ်။

“၂ဝဝ၉ မတ်လထဲက ဖမ်းထားတာ၊ ချုပ်ရက် ၆ လလောက် နစ်နာနေတယ်၊ တနည်းအားဖြင့် ပြောရရင် သူတို့ကို ပြစ်ဒဏ် ၃ နှစ် ပေးပေမယ့် တကယ်တမ်း ချုပ် ရက် ၆ လက မခံစားရတဲ့အတွက် သူတို့ဟာ ၃ နှစ်ခွဲ ကျတဲ့သဘော ဖြစ်နေတာပေါ့။ “နောက်ပြီး စီရင်ထုံးတွေလည်းရှိတယ်။ ဘယ်နေ့ ဘယ်ရက်က ချုပ်တယ် ဆိုတာ ချုပ်တဲ့ အရာရှိတွေကို ခေါ်မေးရမယ်၊ မေးပြီးတော့ တရားရုံးရဲ့ အမှုတွဲမှာ မှတ်တမ်းတင်ရမယ်၊ တင်ပြီးတော့ ပြစ်ဒဏ်ပေးလို့ရှိရင် ပြစ်ဒဏ်ထဲက ထုတ်နှုတ်ရ မယ် ဆိုပြီးတော့ တရားရုံး ညွှန်ကြားလွှာတွေမှာ ပါပြီးသားပါ။ အဲဒါကို တရားသူကြီးက မလိုက်နာတဲ့အတွက်ကြောင့် ချုပ်ရက်တွေ နစ်နာ နေရတယ်၊ ဒီကိစ္စအတွက်လည်း ကျနော်တို့က အယူခံ တက်ရမှာဘဲ၊ ၆ လ ချုပ်ရက် က ပျောက်နေတာပေါ့ဗျာ။” ရခိုင်ကျောင်းသားလူငယ် ၁၁ ဦး အမှုကိုလည်း အင်းစိန်ထောင်တွင်းရှိ အ နောက်ပိုင်း ခရိုင်တရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးခဲ့ရာ တရားလိုပြသက်သေ အင်တာနက် စောင့်ကြည့်တာဝန်ခံ ဒု-ရဲအုပ် ဝင်းကျော်ကို စစ်ဆေးခဲ့တယ်လို့ ဦး ကျော်ဟိုးက ပြောပါတယ်။ စစ်တွေမြို့က ကိုကျော်မိုး၊ကိုကျော်ဝင်းနဲ့ကိုထွန်းလင်းကျော်တို့ အပါအဝင် ကျောင်းသားလူငယ် ၁၁ ဦးကို မနှစ်က စက်တင်ဘာလအတွင်းမှာ အာဏာပိုင်တွေ က ဖမ်းဆီးခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မ တွေနဲ့ တရားစွဲထားတယ်လို့ ရှေ့နေ ဦးကျော်ဟိုးက ပြောပြခဲ့ပါတယ်။

ရင်းမြစ်..DVB