15 December 2009

မြန်မာပြည် က ပုဂ္ဂလိက ကျန်းမာရေး ဆေးခန်းတွေ က ဘာတွေကို အလေးပေးမလဲ ?.။



လက်ရှိကျန်းမာရေးလောကမှပုဂ္ဂလိကကဏ္ဍတွင်ဖြစ်ပေါ်နေသောကွက်လပ်မှာအကြောင်းအရာတစ်ခု
တည်း
တွင်သာအခြေခံနေသည်မဟုတ်ဘဲ၊တစ်ခုထက်များပြားသောအကြောင်းအရာများပေါ်တွင်ဆက်
စပ်မှီတည်
လျက်ရှိကြောင်း ဆန်းစစ်လေ့လာသူများ၏ အဆိုအရသိရသည်။


ယင်းတို့တွင် ဆရာဝန်နှင့် လူနာများကြားမှ အစဉ်အလာဆန်သော ပုဂ္ဂိုလ်ရေးဆက် ဆံမှု၊ ပုဂ္ဂလိက
ဆေးခန်း အချို့၏ညံ့ဖျင်းသောဝန်ဆောင်မှု၊ မပြည့်စုံသောစီမံခန့်ခွဲမှုနှင့် စနစ်ကျနမှုပိုင်းအားနည်းချက်
များအပြင် ဥပဒေ ပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာလျော့ရဲမှု တို့တွင် အခြေခံနေကြောင်း ထောက်ပြကြသည်။


အမေက လေဖြတ်တာ နှစ် ၂၀ရှိပြီ။ နှစ် ၂၀အတွင်းမှာဆေးရုံတက်ရတာရှစ်ကြိမ်ရှိပါပြီ။ဖြစ်ပုံက
ဓမ္မစေတီလမ်းမှာရှိတဲ့အထူးကုဆေးခန်းကြီးတစ်ခုမှာအမေ့ရဲ့ဗိုက်ထဲမှာအကျိတ်တွေ့လို့ခွဲတာ။
ခွဲစိတ်ဆရာဝန်ကြီးကခွဲပြီးဒီအတိုင်း ထွက်သွားတယ်။ ကျန်တဲ့သူနာ ပြုတွေက ပြန်ချုပ်ပေးကြတယ်။


အ၀တ်စနှစ်ခုကို လုံးချုပ်သလိုချုပ်လိုက်တာ၊ အထဲမှာ အနာကဖြစ်လာတယ်။အဲဒီလိုနဲ့၁၀ရက်လောက်
ကြာတော့ ချုပ်ကြောင်းထဲက သွေးပုပ်တွေ ထွက်လာနေပြီ။ အဲဒီဆရာဝန်ကြီးက ည ၁၁နာရီမှာ ရောက်လာတယ်။ပြီးတော့ဒီညခွဲရမယ်မဟုတ်ရင်အသက်အာမမခံဘူး။ဒါကျွန်တော့်အမှားမဟုတ်ဘူး။
အထဲမှာတစ်ခုခုဖြစ်နေတာလို့
ပြောတယ်။

အခုဒုတိယအကြိမ် ထပ်ခွဲလိုက်ရော ကင်ဆာလို့သတ်မှတ်တယ်။ ကင်ဆာဆရာဝန်နဲ့ပြဖို့ဆက်ပြောတယ်။ ကျွန်တော်တို့က မပြတော့ဘူး။ ဆေးရုံမှာ ရက် ၄၀ ကျော်ပြီလို့ပြောတော့ မကျေနပ်ဘဲ ဆင်းခွင့်ပေးတာ။ အပြင်မှာ ချုပ်ကြောင်းနာကို ပါရဂူ ဆေးခန်းမှာ သုံးလကုရတယ်။ ပြီးမှ ကင်ဆာဆရာဝန်ဆီကို သွားတာ။ သူကလဲ ထွေထွေ ထူးထူး မစမ်းသပ်ဘူး။

ကင်ဆာဆေး ခြောက်လသောက်ခိုင်းတယ်။ နောက်မှမိသားစုဆရာဝန်ကသွေးစစ်ထားတဲ့ရလဒ်တွေကို
ကြည့်ပြီးကင်ဆာမဟုတ်ပါဘူး။ဆေးတိုက်နေတာရပ်ပါလို့ပြောတော့မှရပ်လိုက်တာ။အခုထိအမေက
အကောင်းအတိုင်းပါပဲဟု ဗိုလ်တ ထောင်မြို့နယ်မှ ဘာသာပြန်စာရေးဆရာကိုထင်အောင်ကျော်က အထူးကုဆေးခန်းကြီးတစ် ခုရဲ့ ကျန်းမာရေးဝန်ဆောင်မှုကို သူ၏အတွေ့အကြုံနှင့်အတူ ရှင်းပြသည်။


ရင်းမြစ်...
ရန်ကုန်မီဒီယာ ဂရုပ်