19 December 2009
စက်ဝိုင်း ..။
မြန်မာပြည်မှာ H.I.V ပိုးကူးစက်ခံနေတဲ့ နှုန်းနည်းသွားပြီဆိုတာ တ ကယ်လား၊ စစ်တမ်းထုတ်ထားတဲ့ ကိန်းဂဏန်းတွေကရော အမှန်ပဲ လား၊ အဲဒီစစ်တမ်းတွေကို ဘယ်လိုပုံစံနဲ့ကောက်ထားတာလဲ၊ ဒီအ ချက်တွေကို ဘယ်သူမှတိကျစွာ ဖြေဆိုနိုင်တာမရှိပါဘူး။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုတော့ ထိန်းချုပ်မှုတွေရဲ့ ကြားထဲမှာ ဘယ်အဖွဲ့ အစည်းမှ စစ်တမ်းအမှန်ကို ကောက်ယူဖို့မလွယ်လို့ပါ။ မြန်မာပြည် မှာ H.I.V ပိုးကို လိင်ဆက်ဆံမှုကနေ အများဆုံး ကူးဆက်ပါတယ်။ ၂ဝဝ၅ ခုနှစ်တုန်းက ကျမ အင်းစိန်ထောင်မှာ ရှိနေစဉ်တုန်းကပါ။ ဈေးအပေါဆုံး ပျော်တော်ဆက်ကလေးတွေကို ၁၃ (ဃ) ဆိုတဲ့ ပုဒ်မ နဲ့ ပျမ်းမျှထောင် ၃ လ ချလေ့ရှိပါတယ်။ အဲဒီ ၁၃ (ဃ) ဆိုတာတွေ က ထောင်ထဲမှာအများကြီးပါ၊ ဝင်လာလိုက် ပြန်လွတ်သွားလိုက်၊ နောက်ထပ်ဝင်လာလိုက်နဲ့ သံသရာလည်နေကြ သူတွေပါ။
ကျမတို့ရှေ့မှာပဲ ဘာရောဂါဖြစ်မှန်း မသိဘဲ သေဆုံးသွားကြလေ့ရှိ ပါတယ်၊ ဘယ်သူကမှလဲ သူတို့ဖြစ်နေတဲ့ ရောဂါကို စိတ်မဝင်စား ကြပါ၊ အရေးတယူလည်း မရှိကြပါ၊ သူတို့တွေက ကျမတို့ရဲ့တိုက်တွေမှာ သန့်ရှင်းရေးလုပ်ကြရတဲ့ သူတွေမို့လို့၊ သူတို့နေမကောင်းရင် ကျမတို့ဆီက ဆေးတောင်းနေကျပါ။ သူတိုမှာ အနာကြီးကြီးတွေ ဖြစ်တတ်သလို၊ ရေယုန်တွေလည်း ပေါက်နေကျပါ။ အမြဲတမ်း ချောင်းဆိုးနေ တာကိုလည်းတွေ့ရလေ့ ရှိပါတယ်။ တခါတရံပရုတ်လုံးတောင် တောင်းတတ်ပါတယ်။ ပထမတုန်းကတော့ ပရုပ်လုံးကို ဘာလုပ်တာမှန် မသိပေမယ့်၊ နောက်တော့သိလာပါတယ်၊ ကာလသားရောဂါကြောင့်ရတဲ့ အနာထဲကို ပရုပ်လုံးကြိတ်ပြီးသိပ်ကြတာပါ၊ အစာအဟာရကလဲမပြည့်ဝတော့ သူတို့ဟာအမြဲတမ်း ပိန်ညှောင်ညှောင် လေးတွေများပါတယ်။ လူနေမှုအဆင့်အတန်းကလည်း အနိမ့် ဆုံးကလူတွေ ဖြစ်တာမို့ နေရာအ တည်တကျမရှိကြပါဘူး၊ ကြုံရာအိပ်ကြုံရာစားကြရပါတယ်။
ဝမ်းသွားတဲ့ရောဂါကိုလည်း မကြာခဏ ခံစားရလေ့ ရှိပါ တယ်။ ကျမနဲ့ အေးမိုးက သူတို့ကိုမေးကြည့်ဘူးပါတယ် "နင်တို့ဆေးမစစ်ဘူးလား" လို့ပါ၊ သူတို့က "ရဲစခန်းကတော့ ဖမ်းတိုင်းသွေးဖောက်တာ ပါပဲ၊ ဒါပေမယ့် ကျမတို့ကိုတော့ တခါမှဘာမှမပြောဘူး" တဲ့၊ အဲဒီမိန်းခလေးတွေဟာ H.I.V ကိုသိလည်းမသိသလို အန္တရာယ်ဘယ် လောက်ကြီးတယ်ဆိုတာကို နားမလည်ပါဘူး။ ယုတ်စွအဆုံး ကာလသားရောဂါကြောင့် ဘာဖြစ်နိုင်တယ်ဆိုတာကိုတောင် သေချာမသိ ပါဘူး။ တချို့ဆိုရင် အသက် ၁ဝ နှစ်လောက်နဲ့ မှောင်ရိပ်ခိုကြတာပါ၊ ထောင်ထဲကိုရောက်လာရင် သီချင်းလေးတအေးအေးနဲ့ ကျွေးမယ့် လူရှိရင်စားပြီး ကျွေးမယ့်လူမရှိရင် ပုံစံဝင်စွဲကြပါတယ်။ ဒီလိုနဲ့ဝင်ထွက်သံသရာလည်ပြီး တချို့လည်းသေသွားကြပါတယ်၊ နောက်ထပ် အသစ်တွေနဲ့ ၁၃ (ဃ) တွေနည်းသွားတာ လျှော့သွားတာမတွေ့ရဘဲ ပိုလို့သာတိုးလာနေပါတယ်။ ထောင်ထဲမှာက ဆေးထိုးပြွန်၊ ဆေးထိုးအပ်အပါအဝင် ခွဲစိတ်ပစ္စည်း၊ သွားနဲ့ခံတွင်းအတွက် သုံးတဲ့ပစ္စည်း ကရိယာတွေကို ဆေးကြော သုတ်သင်လေ့မရှိပါဘူး။
တခါက ကျမသွားကိုက်လို့ သွားဆရာဝန်ထွက်ပြပါတယ်၊ ကျမရှေ့ကလူတွေကို လုပ်တာကြည့်ရင်းနဲ့ ကျမဆုံး ဖြတ်လိုက်ပါတယ်၊ သွားကိုက်လို့တော့မသေနိုင်ဘူး H.I.V ကူးစက်ရင်သေတတ်တယ် ဆိုပြီးမပြတော့ပါဘူး၊ လူတိုင်းကို ဒီပစ္စည်းနဲ့ သုံးပြီး ပါးစပ်ထဲကိုကြည့်ပါတယ် အပ်ကောက်တွေကိုလည်း ဖြုတ်မလဲပါဘူး။ ပစ္စည်းတွေကကြည့်ရုံနဲ့တင် အရမ်းညစ်ပတ်တာ သိ သာနေပါတယ်။ အဲဒီပစ္စည်းကရိယာတွေနဲ့ပဲ သွားဝေဒနာခံစားရသူတိုင်းကို ကုသနေတာပါ။ ကျမတို့နိုင်ငံရေး အကျဉ်းသားတွေထဲမှာလည်း မသန့်ရှင်းတဲ့ဆေးထိုးအပ် အပါအဝင်ဆေးဘက်သုံး ကရိယာတွေကြောင့် H.I.V ပိုးကူး စက်ခံရပြီး ထောင်ထဲမှာတင် သေဆုံးသွားသူတွေရော၊ ပြန်လွတ်လာပြီးတော့မှ သေတဲ့လူတွေမနည်းလှပါဘူး၊ အခြားအကျဉ်းသားတွေ မှာလဲဒီလိုမျိုး ကူစက်ခံရမှာပါပဲ။
ကျမ မှတ်မှတ်ရရ ဖြစ်နေတာက တခါတုန်းက ကျမ နေမကောင်းလို့ ဆေးထိုးရမယ်ဆိုတော့ ဆေးမှူး က ဆေးထိုးပြွန်နဲ့အပ်ကို တခါတည်းတပ်ပြီး ဆေးစုပ်လာပါတယ်။ ကျမတို့တွေက ထောင်ဝင်စာမှာတခါသုံး ဆေးထိုးအပ်တွေကို ရုံး ခန်းမှာ အပ်ထားပြီးသားပါ။ ကျမရှေ့မှာဖွင့်တာမဟုတ်တဲ့ ဆေးထိုးအပ်နဲ့ ကျမ ဆေးထိုးမခံနိုင်ပါဘူး၊ ဒါကြောင့်ထောင်ထဲမှာ ကျမ ဆေးမ ထိုးတော့ပါဘူး၊ ဒီလိုဖြစ်ရပ်မျိုးတွေဟာ အကျဉ်းသားတွေကို သေဒဏ်စီရင်လိုက်သလိုပဲလို့ ခံစားမိပါတယ်။ နောက်တမျိုးက ပြည့်တန်ဆာလောကမှာ ကျင်လည်နေတာကြာပြီဆိုတော့ တန်ကြေးကျလာတဲ့ ပြည့်တန်ဆာတွေပါ၊ သူတို့ကိုခပ်ပေါ ပေါ "ဘိ" တွေကနေဖမ်းလာတာပါ၊ ထောင်ဒဏ်ကလဲ ၁ နှစ် (သို့) ၂ နှစ်ကျတတ်ပါတယ်။ သူတို့က ပညာလေးတွေကလည်း မတောက် တခေါက်တော့တတ်ကြပါတယ်။ သူတို့ကလည်း ရောဂါပိုးတော်တော်များများ ငြိတွယ်ခံနေရသူတွေပါ၊ သူတို့လဲ H.I.V ပိုးကိုမကြောက် နိုင်သူတွေထဲမှာ ပါဝင်ပါတယ်။
သူတို့တွေဟာ ရှေ့တန်းဖြန့်ဖြူးရေးသမားတွေပါ။ သူတို့ရဲ့တန်ကြေးက အရမ်းမမြင့်သလို၊ အရမ်းလည်း မနိမ့်လှပါဘူး၊ ရုပ်ရည်အားဖြင့်လည်း သိပ်အဆိုးကြီးတွေ မဟုတ်ပါဘူး။ ကျမတို့တိုက်ထဲ အလုပ်လာလုပ်တဲ့ ကောင်မလေးတွေနဲ့ စကားကြည့်ဘူးပါတယ်၊ သူတို့ကိုကောင်းရောင်း ကောင်းဝယ်လုပ်စားဖို့ အကြံ ပေးကြည့်တော့ သူတို့ကရယ်ပါတယ်၊ ပြီးတော့ပြောတာက "အမရယ် အခုလိုခေတ်ကြီးထဲမှာ အရင်းအနှီးများများမရှိပဲနဲ့ ဘယ်လိုလုပ် ဈေးရောင်းလို့ရမှာလဲ" တဲ့။ ကျမကရတဲ့ပိုက်ဆံစုထားပေါ့ ဆိုတော့၊ ကျမတို့ကအများကြီးမရပါဘူး၊"ခေါင်း" တွေကလည်း ဖြတ်သေး တာတဲ့၊ ကျမ ထင်တယ်လေ ငွေရှာရလွယ်ကူတဲ့ ဒီလုပ်ငန်းထဲမှာသူတို့ကိုယ်တိုင် ပျော်နေတာဖြစ်နိုင်တယ်။ သူတို့မှာလည်း H.I.V နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေ ရှိနေကြပါတယ်။ သူတို့က H.I.V ပိုးကနယ်စပ်သွားတဲ့ လူတွေမှာဖြစ်တာတဲ့လေ၊ ကျမနဲ့ အေးမိုးက မဟုတ်ဘူး မြန်မာပြည်ထဲမှာလဲ ရှိတယ်ဆိုတော့ သူတို့ လက်မခံပါဘူး ပြန်မပြောသာလို့မပြောပေမယ့် သူတို့ မယုံဘူးဆိုတာ သိသာ ပါတယ်။
နောက်တမျိုးက ကြေကြီးတဲ့လူတွေပါ၊ ကျမတို့ အင်းစိန်ထောင်မှာရှိနေတုန်း ၁၉၉၅ ခုနှစ်က ဗိုလ်ချုပ်ထွန်းကြည် အိမ်ကိုငှားပြီး "ဘိ" ထောင်ထားတဲ့ ဒေါ်သီတာဆိုတဲ့ မိန်းမနဲ့ကောင်မလေး ၇ ယောက်ကိုဖမ်းလာပါတယ်။ ကောင်မလေးတွေက ခပ်မိုက်မိုက်လေးတွေပါ၊ သူတို့ကကြေးကြီးပါတယ်၊ တော်ရုံလူတွေမကပ်နိုင်ပါဘူး၊ ဖွင့်ထားတဲ့ပုံစံကလည်း အတော်လေးကို လျှို့လျှို့ဝှက်ဝှက်လုပ်ထားတာပါ၊ အပြင်ကကြည့်ရင် export-import ရုံးခန်းလိုပြင်ဆင်ထားပါတယ်။ ကောင်မလေးတွေကို မြေတိုက်ခန်းထဲမှာထားတာပါ၊ ဧည့်သည်က လာမယ်ဆိုရင် ဖုန်းနဲ့အရင်ချိန်းရပါတယ်၊ ပြီးမှလက်ခံတွေ့ဆုံပါတယ်၊ ဧည့်သည်အသစ်ဆိုရင် ရင်းနှီးတဲ့ဧည့်ဟောင်းမပါရင် လက်မခံပါ ဘူး။
ကောင်မလေးနဲ့ ပေးမတွေ့ခင်မှာ ကောင်မလေးတွေရဲ့ဆေးစစ်ချက်ကို ပြပါတယ်။ ကျမတို့က ကောင်မလေးတွေကိုမေးကြည့်ပါ တယ် ဘယ်လိုဆေးစစ်ချက်ကို ပြတာလဲသိချင်လို့ပါ။ ကောင်မလေးတွေက "သူတို့ကိုဆရာဝန်နဲ့ မှန်မှန်ပြပြီး၊ ဆေးထိုးဆေးစားခိုင်း တယ်" တဲ့၊ ဒါနဲ့ကျမတို့ကဆက်ပြီး ကွန်ဒုံရောသုံးကြလားလို့ မေးတော့သူတို့က"သုံးတဲ့လူကသုံးပြီး မသုံးတဲ့လူတွေမသုံးကြဘူး" တဲ့။ ဒါပေမယ့် အဲဒီလိုအမှုနဲ့ ဖမ်းထားတဲ့လူတွေကို ရဲစခန်းမှာသွေးဖော်စစ်ပြီး ထောင်ကိုသွေးအဖြေ ထည့်ပေးလိုက်ပါတယ်။ အဲဒီသွေး အဖြေ အရမိန်းခလေး ၂ ယောက်မှာ H.I.V ပိုးကူးစက်နေပြီတဲ့၊ ထောင်ထဲမှာတော့ အဲ့ဒီသတင်းဟာ ပျံ့နှံ့နေပါတယ်၊ အစားအသောက် သေချာ စားသောက်နေထိုင် နေတာဆိုတော့ AIDS လက္ခဏာစုတွေ မပြသေးပါဘူး၊ သူလိုကိုယ်လိုသာမာန် လူတွေပါပဲ၊ ဘာပဲဖြစ်ဖြစ် ကာယံ ရှင် တွေလဲသူတို့ရဲ့ သွေးအဖြေကိုသူတို့ကြားမှာပါဘဲ၊ ဘယ်သူကမှတော့ သူတို့ကိုတရားဝင်သွေး အဖြေကိုပြောမပြကြပါဘူး။ ကျမတို့ကထောင်ဆေးမှူး အန်တီဖောကိုမေးကြည့်ပါတယ်။
ထောင်ထဲမှာပြန့်နှံနေတဲ့ သတင်း ကာယကံရှင်ကို တရားဝင်ပြောပြလားလို့ လေ၊ ဒီတော့အန်တီဖောက "ငါတို့က နှင့်သိမ့်ဆွေးနွေး ပညာပေးဋ္ဌာန မဟုတ်ဘူး၊ ဒီတော့ ပြောမနေနိုင်ဘူး" တဲ့၊ ကျမကပဲဆက်ပြီး တော့ "အခုလွတ်ရင် ဆေးမှတ်တမ်းပေးမှာလား" ဆိုတော့ အန်တီဖောကပဲ "ဌာနဆိုင်ရာလုပ်ငန်းအရပေးစရာ မလိုဘူး"၊ အေးမိုး က ထပ်ပြီး "တခြားလူတွေကူးကုန်ရင် ဘယ်လိုလုပ်မလဲ" လို့မေးပါတယ်၊ အဲဒီတော့ အန်တီဖောက "ဝါသနာပါတဲ့လူတွေခံပေါ့၊ ပိုက်ဆံ ပေးပြီး ရောဂါဝယ်တ ငါတော့မသနားပါဘူး" တဲ့။ တကယ်ကသူတို့ အတွေးတိမ်တာပါ ဒီကိစ္စဟာအမျိုးသားရေးပါ၊ ပိုက်ဆံပေးပြီး ရောဂါဝယ်တဲ့ လူတွေကြောင့် သူတို့ရဲ့အိမ်ရှင်မတွေကို ကူးစက်မယ်၊ အိမ်ရှင်မတွေကတဆင့် အပြစ်မရှိ၊ အပြစ်မသိသေးတဲ့ ကလေး တွေကိုကူးစက်မယ် အရှည်ကြီးစဉ်းစားကြရင် ဒီစကားကိုပြောမှာ မဟုတ်ပါဘူး။
ကောင်မလေးတွေက ၁ နှစ်ခွဲပဲကျတာဆိုတော့ သူတို့ပြန်လွတ်မယ့်ရက်မှာ ကျမတို့ကိုလာနှုတ်ဆက်ပါတယ်၊ ကျမတို့ကအခုဘယ်ကို ပြန်မလည်းလို့မေးတော့၊ သူတို့မာမီရဲ့ယောက်ျားက မန္တလေးမှာအိမ်းငှားထားပြီးပြီတဲ့၊ ရန်ကုန်မှာက အမှုကိစ္စဖြစ်သွားတော့ ဆက်နေ လို့ မကောင်းတော့လို့ မန္တလေးတက်ပြီး၊ လုပ်ငန်းခွင်အသစ်ပြန်စမယ်တဲ့၊ ဒါဆိုရင်အသစ်ဆိုပြီး ဈေးတောင်ပိုရသေးတယ်တဲ့၊ သူတို့ မာမီက ၇ နှစ်ကျတာဆိုတော့ ဘယ်သူထောင်ဝင်စာလာတွေ့မှာလဲလို့ မေးလိုက်မိသေးတယ်၊ မာမီကလူလည်မ သူ့သားသမီးတွေ ကိုတော့ သူ့ လုပ်ငန်းနဲ့ ပတ်သက်မခံဘဲနဲ့ သီးသန့်ထားထားတာ၊ သူ့သမီးအရင်းတွေ လာတွေ့လိမ့်မယ်တဲ့၊ ကျမတို့လည်း သက်ပြင်းချ ယုံမှတပါး အခြားမရှိတော့ပါ။
အခုစက်ဝိုင်းဟာ ပုံမှန်လည်ပတ်နေကြပါတယ်။ ဘယ်သူကမှကိုယ့်ရဲ့ ရောဂါရာဇဝင်ကို အမှန်ထုတ်မပြောသလို၊ တာဝန်ယူနေတဲ့လူ တွေလည်း ဘာမှထိထိရောက်ရောက် မလုပ်နိုင်ပါဘူး၊ ဒီအခြေအနေကို မရှင်းနိုင်သေးဘဲ ဘယ်လိုလုပ် H.I.V ဦးရေလျှော့နည်းလာမှာ လဲ။ ဝေဘာဂီကူးစက်ဆေးရုံမှာ ဆေးရုံအုပ်ကြီးလုပ်ခဲ့တဲ့ ကျမအဒေါ်ရဲ့အပြောအရ သူတို့ရဲ့စာရင်းဇယားဟာ ဆေးရုံကိုရောက်မလာတဲ့ လူတွေ၊ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ လူတွေအများကြီးရှိပါတယ်တဲ့။ ရပ်ကွက်တွေထဲမှာလည်း H.I.V နဲ့ သေဆုံးသူတွေကို မကြာခဏမြင် တွေ့နေရပါတယ်၊ များသောအားဖြင့် အလုပ်လုပ်နိုင်သေးတဲ့ အရွယ်တွေပါ၊ သူတို့ရဲ့ရောဂါဝေဒနာကြောင့် အိမ်မှာရှိတဲ့ မိသားစုလည်း ငွေကုန်ကြေးကျများပြီး ဒုက္ခရောက်ကြရပါတယ်။ ဆေးထိုးအပ်ကြောင့် H.I.V ပိုးကူးစက်ခံရတဲ့ ၁၇ နှစ်အရွယ်ကောင်းလေး အကြောင်းကိုလည်း ကျမအဒေါ်ပြောပြလို့ သိရပါတယ်။ ကောင်လေက ပညာတော်ပါတယ် ပခုက္ကူဘက်ကလာတာဖြစ်ပြီး၊ နိုင်ငံခြားပညာသင်ခွင့်ရလို့ ဆေးစစ်ဖို့အတွက် ရောက်လာတာပါ။
ကောင်လေးပုံစံက ရိုးရိုးအေးအေးနဲ့ အညာသားလေးမှန်းသိသာပါတယ် ဆေးလာစစ်တုန်းကတော့ သူ့ရဲ့အနာဂတ်အတွက် တက်ကြွ ပျော်ရွင်နေခဲ့ပါတယ်။ ဒါပေမယ့် ဆေးစစ်ချက်ကိုရတော့ မယုံနိုင်အောင်ပဲ သူ့ဘဝပြောင်းလဲသွားခဲ့ပါတယ်။ အဲဒါက သူ့မှာ H.I.V ပိုးကူး စက်ခံနေရပြီတဲ့၊ ကျမအဒေါ်လည်း အရမ်းစိတ်ဝင်စားသွားလို့ သူ့ရဲ့ကိစ္စကိုသူနဲ့ရော အုပ်ထိန်းသူတွေနဲ့ပါ သေချာဆွေးနွေးမေးမြန်းခဲ့ပါ တယ်။ တကယ်ကသူဟာ ဆေးထိုးအပ်ရဲ့သားကောင် ဖြစ်ခဲ့ရသူပါ၊ သူတို့ရွာလေးမှာ ဆရာဝန်မရှိပါဘူး၊ ဆရာဝန်ရှိတဲ့တိုက်နယ်ဆေးရုံ ကိုသွားမယ်ဆိုရင် ၃ မိုင်လောက်တော့သွားရပါတယ်။
ဒါပေမယ့်ရွာတွေမှာ သူတို့အခေါ်ဆေးထိုးဆရာ (ကွန်ပေါင်ဒါ) တွေရှိပါတယ်။ တော်ရုံတန်ရုံအသည်းအသန် မဟုတ်ရင် ဆေးရုံမသွားဘဲ ကွန်ပေါင်ဒါနဲ့ပဲ ကုသလေ့ရှိပါတယ်။ ကွန်ပေါင်ဒါကလည်း ဆေးထိုးပေး လိုက်တာပါပဲ၊ ဒီလိုနဲ့ ကျန်းမာရေးချူချာတဲ့ သားငယ်ဟာ ကွန်ပေါင်ဒါနဲ့ မကြာခဏဆေးထိုးရလေ့ရှိတယ်တဲ့၊ သူ့မိဘတွေက ပြော ပြတာပါ၊ ကောင်လေးကတော့ သူဘာကြောင့် H.I.V ကူးစက်ခံရတယ်ဆိုတာကို နားမလည်ပါဘူး။ ဆေးထိုးအပ်ကနေ H.I.V ပိုးကူးစက်ခြင်းကတော့ ဒုတိယအများဆုံးပါပဲ၊ အဲဒီအထဲမှာသွားဝေဒနာကို ကုသတဲ့ပစ္စည်းတွေ ပါဝင်ပါ တယ်၊ တတိယ တမျိုးကတော့ မများပေမယ့်ရှိနေပါတယ်၊ သွေးသွင်းကုသခြင်းကနေ ပိုးကူးစက်ခံရတာပါ၊ ကလေးဆေးရုံမှာ ကလေး ၁ ယောက်ကို ကျမ တွေ့ခဲ့ဘူးပါတယ်။ တကယ်တော့ ဒီကိစ္စတွေရဲ့အရင်းအဖြစ်ဟာ ဘာတွေလည်း၊ ဘာကြောင့်ဒီလောက် ပရမ်း ပတာဖြစ်နေရတာလဲ ကျမတို့နိုင်ငံရဲ့ အနာဂတ်ဟာ တောင်အာဖရိက နိုင်ငံတွေလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရုံမှတပါး .... ဘာမှမတတ်နိုင်ခဲ့ ပါ။
ခင်ငြိမ်းသစ် ဆောင်းပါးအား နေ့သစ် မှ ပြန်လည်ဖော်ပြပေးပါသည်.။