05 March 2013

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်


ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများ စွာ၏ လုပ်ဆောင် ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေးပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှတစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး ပေးသွားမည်ဟု သိရ သည်။

မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေသူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က ဒေါ်အောင်ဆန်း စုကြည်ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။

မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတွှာကမညနူ က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။

သတင်း.. ပြည်မြန်မာ

03 March 2013

ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း













 

၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက် ရှိ မြ၀တီ ဓါတ်ဆီ ဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန် အကျွန် မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ် နိုင်တဲ့ အနေအထား ရှိ နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လမ်းသွား လမ်းလာ များက အမြင်မတော်လို့ ၀င်ရောက် ကူညီ ရာမှာ ဦးမျိုးဝင်းက ကားပေါ်က ဆင်းလာပြီး ကားနဲ့ အတိုက် ခံရလို့ လမ်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ မွန် ပြည်နယ်က အားကစား သမားလေးတွေ ကို မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆို နေတာ တွေ့ရ ပါတယ်။ အဲသည် အပြင် လာရောက် ကူညီ သူတွေကိုပါ “ မင်းတို့က ဘာကောင်း တွေလဲ .. ငါ ဘာကောင်လဲ .. သိလား .. ဘယ်သူ့ ကိုမှ သောက် ဂရု မစိုက်ဘူး ” စတဲ့ ရိုင်းပျတဲ့ အသုံး အနှုန်းတွေ ပြန်ကြားရေး က ဗိုလ်မှူး ဆိုတဲ့ အသုံး အနှုန်းတွေ နဲ့ အာဏာရှင် ဆန်စွာ ပြုမူ ခဲ့တာတွေ ကို သက်သေ မြောက်များ စွာရှိနေ ပါတယ်။ ဦးမျိုးဝင်း ဟာ သူကိုယ်တိုင် လူမှန်း သူမှန်း မသိအောင် မူးရူး နေပေမယ့် သူ့ရဲ့ ရာထူး နဲ့ ပြုမူ ပြောဆို ဆောင်ရွက်ခဲ့ တာကြောင့် ၀န်ကြီး ဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယဉ်မှု စစ်မှ ပုဂ္ဂိုလ်များ၊ ပြည်ထဲရေး ၀န်ကြီး ဌာနမှ ပုဂ္ဂိုလ်များ ကို လေးစား စွာနဲ့ အသိပေး ချင်ပါတယ်။ ယခု ဖြစ်တဲ့ ကိစ္စတွေကို ကြည့်ရင် ဦးမျိုးဝင်းဟာ ဥပဒေနဲ့ ညီညွတ်စွာ သွားလာခြင်း မရှိတဲ့အပြင် ရာထူး အာဏာ ကိုပါ အလွဲသုံးစား လုပ်တာကြောင့် ထိထိ ရောက်ရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူ စေချင်ပါတယ်။ ဦးမျိုးဝင်း ရဲ့ လုပ်ရပ်တွေကို ပြည်သူ အများ သိအောင် တရားဝင် ထုတ်ဖော် ပြောဆို စေချင်ပါကြောင်း ကိုတင်ပြ ပါတယ်။

သတင်းရင်းမြစ်....http://www.facebook.com/than.h.zaw.9/posts/10200227919117176

နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတိုင်စာ

ကျွန်တော်/ကျွန်မတို့မှာ နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနမှ လက်ထောက် မန်နေဂျာ ဦးထက်အောင်လင်း အကြောင်းကို တိုင်ကြားလိုပါသည် ။ ဌာနတွင်းအရာရှိများကိုလည်း တိုင်ကြားမှုပြုခဲ့ပါသည် ။ သို့ပါသော်လည်း ကျွန်တော်/ကျွန်မ တို့မှာ သာမာန်ဝန်ထမ်းများသာဖြစ်ပါသဖြင့် ကြည့်စီစဉ်ပေးပါမည်ပာုသာ ပြောကြား၍ လစ်လျှုရှုထားပါသဖြင့် အခုလို စာရေးသာပေးပို့၍ တိုင်ကြားရခြင်းဖြစ်ပါသည် ။ တိုင်ကြားလိုသည့် အကြောင်းအရာများမှာ 

၁ ။ အရာရှိဆောင်သန့်ရှင်းရေးလုပ်ပေးရမည်ဆိုပြီး ၀န်ထမ်းအိမ်ယာသို့ လာရောက်စေပြီး မိမိလက်အောင်ဝန်ထမ်း မိန်းကလေးကို မတော်မတရားကျင့်ကြံဖို့ကြိုးစားပါသည် ထို့ကြောင့် ထိုဝန်ထမ်းမိန်းကလေးမှာလဲ ရာထူးမှ ထွက်လိုက်ရပါသည် ။

၂ ။ မည်သည့်ရုံးမဆို ၀န်ထမ်းလစာများကို လကုန်ရက်တွင် ထုတ်ပေးသော်လည်း ပည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးမှာ လကုန်ပြီး ၁၀ ကျော် ၁၅ ရက်မှသာ လစာများကို ထုတ်ပေးပါသည် ။ လစာထုတ်ပေးသော ၀န်ထမ်းမှာ လစာငွေများကို အတိုးကြီးများဖြင် ချေးငှား၍ ၀န်ထမ်းလစာများကို အလွဲသုံးစားလုပ်နေပါသော်လည်း ဦးထက်အောင်လင်း မှာ မသိချင်ယောင်ဆောင်ပေးထားပါသည်။

 ၃ ။ ရုံးတွင်သန့်ရှင်းရေး ၀န်ထမ်းထားရှိပါသော်လည်း သန့်ရှင်းရေးဝန်ထမ်းများကို ခိုင်းစေမှုမပြုဘဲ လက်အောက်မှ ၀န်ထမ်းများကိုသာ နေ့လည်၂နာရီထိုး နေပူထဲတွင် ဖျားနာနေသူမှအစ သန့်ရှင်းရေးကို နေ့တိုင်းဆောင်ရွက်ခိုင်းနေပါသည် ။ ဦးထက်အောင်လင်း မကျေနပ်သော ၀န်ထမ်းဖြစ်ပါက ရာထူးနှင့်လုပ်သက်ကိုမှ မငဲ့ကွက်ဘဲ အိမ်သာမှအစ ဆေးခိုင်းပါသည်။ 

၎ ။ ဦးထက်အောင်လင်း၏ လုပ်ရက်များကို သည်းမခံနိုင်ပါသဖြင့် ဌာနမှ နှုတ်ထွက်သူတစ်ယောက်၊ ဌာနမှ ပြောင်းရွှေ့သွားရသူနှစ်ယောက် ရှိသွားပြီဖြစ်သဖြင့် နောက်ထပ်ပြောင်းရွှေ့ပါက နာမည်ပျက်မှာ ကြောက်သဖြင့် နောက်လူများကို ပြောင်းရွှေ့ခွင့်မပေးဘဲ ပြောင်းရွှေ့ရန် စာတင်သူများကို ရုံးတာဝန်များ မတန်တဆခိုင်းစေခြင်း၊ ရုံးစောင့်တာဝန်များချထားခြင်း၊ ပစ်ဒဏ်ပေးခြင်း၊ ဆူပူခြင်း၊ မပာုတ်မမှန်သတင်းများကို အထက်အရာရှိများသို့ တင်ပြခြင်းများပြု လုပ်နေပါသည် အထက်ပါကိစ္စများကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ လက်ထောက် မန်နေဂျာ ဦးထက်အောင်လင်းအား အရေးယူပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

28 February 2013

"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"


 
 
 
 
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော

ရဲများတာဝန်ယူစောင့်ကြပ်နေသည့်ပုံများ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေးခဲ့ရကြောင်းသိရသည်။


"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ပုံမျိုးတွေကိုတော့ရိုက်ခွင့်မပေးဘူး။ကျွန်တော်ရိုက်ထားတဲ့ ပုံတွေကိုဖျက်ခိုင်းတယ်။ ပြောတာကတော့

ပြေပြေလည်လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်းတစ်ယောက်ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့

သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။


အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။


မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်းမီဒီယာ ဥပဒေ (ပထမမူကြမ်း) အခန်း(၃)၊ ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊

သတင်းပေးခွင့်ရှိခြင်း"၊ ပုဒ်မ၁၂ တွင် "နိုင်ငံသားများသိခွင့်ရှိသောသတင်းအချက်အလက်များကိုတားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ

လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရေးသားခွင့်၊ ထုတ်လွှင့်ခွင့်ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်းထောက်များကို

ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။


"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော်လို့ရတဲ့ ဆော့ဖ်ဝဲရှိတယ်။ ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ အကုန်ပြန်ရပါတယ်"ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။


အောင်နိုင်စိုး(ကစ္ဆပ)သည် အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးသတင်းဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။
 
သတင်း.... Popular Myanmar News Journal

25 February 2013

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပြည်သူ.လွတ်တော်ကိုစားလှယ်များ 24.2.13တွင်နေပြည်တော်ရှိ ROYAL KUMUDRA ဟိုတယ်တွင်ကျင်းပသောWorkshop on Media Regulation and The Right to information သိုတက်ရောက်ဆွေးနွေး






































ရင်းမြစ်.. National League for Democracy

ကျပ် ၁၀၀ အောက်ပိုင်ဆိုင်မှ လူမွဲဖြစ်မည့် လူမွဲ ဥပဒေ ပြင်ဆင်ရန် ဥပဒေပညာရှင်များ ပြောကြား


ယနေ့ခေတ်အခါတွင် ငွေကြေးတန်ဖိုးများပြောင်းလဲနေပြီဖြစ်သော်လည်း ဥပဒေပြဋ္ဌာန်းချက်များတွင် ယခင်ကိုလိုနီခေတ်က ငွေကြေးတန်ဖိုး များဖြင့် သတ်မှတ်ထားသော လူမွဲဥပဒေအား ခေတ်နှင့်လုံးဝလျှော်ညီခြင်းမရှိတော့သည့်အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဥပဒေပညာရှင်အသိုင်းအဝိုင်းမှ ပြောကြားကြသည်။
လက်ရှိပြဋ္ဌာန်းထားသော လူမွဲဥပဒေတွင် ငွေကျပ် ၁၀၀ အောက် မပိုင်ဆိုင်ကြောင်းသက်သေပြနိုင်သူသာ တရားမမှုများတွင် လူမွဲမှု ပူးတွဲ လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အမှန်တကယ်ခံစားခွင့်ရှိသော ငွေကြေးချို့တဲ့သူများအနေဖြင့် တရားစွဲရန် အခက်အခဲများရှိနေသဖြင့် နစ်နာနေကြောင်း သိရသည်။
ငွေကြေးချို့တဲ့သူများအနေဖြင့် လူမွဲမှုလျှောက်လွှာဖြင့် ပူးတွဲလျှောက်နိုင်သော်လည်း လူမွဲဥပဒေမှာ ယနေ့ကာလနှင့် မည်သို့မျှ မအပ်စပ်တော့ သော ငွေကျပ် ၁၀၀ အောက်ဖြစ်နေသောကြောင့် လူမွဲမှု ပူးတွဲလျှောက်ကာ တရားစွဲရန် ခက်ခဲသွားကြောင်း တရားလွှတ်တော် ရှေ့နေဦးတိုးဝင်းက ရှင်းပြသည်။
ထို့ကြောင့် ဆင်းရဲသား အောက်ခြေပြည်သူများ လူမွဲဥပဒေ၏ အကျိုးကို ခံစားခွင့်ရပြီး တရားစွဲစရိတ် သက်သာစေရန်အတွက်လူမွဲဥပဒေပါ ငွေကြေးတန်ဖိုးကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရမည်ဖြစ်ကြောင်း ရှေ့နေဦးထွန်းအောင် လည်း ပြောကြားသည်။
ယခုခေတ်တွင် လူမွဲမှုဥပဒေနှင့်ပတ်သက်ပြီး နားလည်တတ်ကျွမ်းသည့် ရှေ့နေ ရှားပါးနေသကဲ့သို့ လူမွဲဥပဒေတွင် ပြဋ္ဌာန်းထားသည့် ငွေကြေး ပမာဏကြောင့် လူမွဲမှုဖြင့်တရားစွဲဆိုနိုင်သူ လွန်စွာရှားပါးပြီး လေးနှစ်တာကာလအတွင်း နှစ်မှုသာတွေ့ရသည်ဟု သိရသည်။ လူမွဲမှုကို တရားမမှုများတွင် ပူးတွဲလျှောက်ထားကာ တရားစွဲဆိုနိုင်ပြီး အမှန်တကယ်နစ်နာကာ တရားစွဲရန်မတတ်နိုင်သူများအတွက် အဆိုပါလူမွဲဥပဒေ ထုတ်ထားခြင်းဖြစ်သည်။

သတင်း...  transparencymyanmar

24 February 2013

မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်

 အဆင့်မီ မော်တော်ကားများကို စက်ရုပ်နှင့် ထုတ်လုပ်ရန် ရန်ကုန်တွင် မော်တော်ကားစက်ရုံကြီး တစ်ရုံကို တည်ဆောက်တော့မည် ဖြစ်ကြောင်း မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။ “အခု ဂျပန်နိုင်ငံကို သွားတော့ ဂျပန်က သဘောတူညီချက်တစ်ခု ရလာတာက ရိုဘော့တွေနဲ့ ကားထုတ်မယ့် စက်ရုံတစ်ရုံကို တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ရလာပါတယ်။ ဂျပန်က ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ ရှိတယ်။ ခေတ်မှီတဲ့ ကားစက်ရုံကြီး ပေါ်လာဖို့အတွက် ဒီခရီးစဉ်ဟာ အလွန်တန်ဖိုးရှိတဲ့ ခရီးစဉ် ဖြစ်တယ်” ဟု ယင်းက ဆိုသည်။ ၁၀-၂-၂၀၁၃ ရက်က ဂျပန်နိုင်ငံသို့ မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များက ကမ္ဘာတွင် နှစ်ပေါင်း ၇၆ နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော မြန်မာကြိုက် ဂျပန်တိုယိုတာ အမှတ်တံဆိပ် မော်တော်ကား ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီများကို သွားရောက်လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့အပြီး ၎င်းက အထက်ပါအတိုင်း သီးသန့် ပြောဆို လိုက်ခြင်း ဖြစ်သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်းကို မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီ ၇၂ ခု ဖွဲ့စည်းထားရာ ဂျပန်နိုင်ငံသို့ ဥက္ကဋ္ဌ၊ ဆာကူရာ မော်တော်ကား ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင် အပါအဝင် အဲဗားဂရင်း၊ ရွှေမြို့တော်၊ SSS၊ စကြာရွှေ၊ MGN စွမ်းမြင့်၊ အားမာန်သစ် စသည့် မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင်များ သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ “ကားစက်ရုံအပြင် မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် မော်တော်ကား ဆားဗစ်စင်တာကြီး တစ်ခုကိုလည်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် ထုတ်လုပ်မည့် မော်တော်ကားစက်ရုံကို ထိုင်းနိုင်ငံနှင့်အပြိုင် အရည်အသွေး ယှဉ်ပြိုင်နိုင်သည့် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မည်သည့် အမှတ်တံဆိပ်နှင့် ထုတ်လုပ်မည် ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီများကို စက်ရုံ တည်ဆောက်ပြီးပါက ဖိတ်ခေါ်ပြသမည် ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်လက်ပြောကြားခဲ့သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အကြောင်းအရာများကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ကိုလည်း ရှင်းပြပေးသွားမည် ဖြစ်ကြောင်း  News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

22 February 2013

သမ္မတထံ တိုက်ရိုက်တိုင်ကြားစာ ပေးပို့ပါက ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက ကူညီမည် မဟုတ်

 ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက သမ္မတထံ တိုက်ရိုက်လိပ်မူ တိုင်ကြားခြင်းနှင့် အခြားအဖွဲ့အစည်းများထံ ပေးပို့တိုင်ကြားမှုများအား ကူညီပေးမည်မဟုတ်ဘဲ မှတ်တမ်းအဖြစ်သာ သိမ်းဆည်းထားမည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖေဖော်ဝါရီ ၂၁ ရက်က မီဒီယာများသို့ ပြောကြားခဲ့သည်။ ၄င်းက “ကော်မတီကို လိပ်မူတိုင်ကြားစာများကိုသာ လိုက်ပါစစ်ဆေး ဆောင်ရွက်ပေးမယ်။ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေကို လိပ်မူတိုင်ကြားတဲ့ စာတွေကို သိသာရုံ သက်သက်ဖြင့်သာ မှတ်တမ်းတင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ “တိုင်ကြားမယ်ဆိုရင် ကျွန်တော်တို့ဆီကို လိပ်မူတိုင်ကြားဖို့ လိုပါမယ်။ သမ္မတဆီတိုင်ရင် သမ္မတက အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုက်ပါဆောင်ရွက်လို့ မရဘူး။ မှတ်တမ်းမိတ္တူ အဖြစ်သာ ထားရပါမယ်” ဟု ပြောပြခဲ့သည်။ ကော်မတီသို့ လိပ်မူတိုင်ကြားလျှင် မှတ်ပုံတင်နံပါတ် အပြည့်အစုံ ဖြည့်သွင်းရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်က ဦးစွာစစ်ဆေး သုံးသပ်မည်ဖြစ်ကာ နာယကထံ အတည်ပြု ပေးပို့မည်ဖြစ်သည်ဟု ဆိုသည်။ ဖြစ်ပေါ်သည့် ပြဿနာအပေါ် အခြေခံကာ ပြည်ထောင်စုအစိုးရထံ ပေးပို့သွားမည် ဖြစ်ပြီး စုံစမ်းစစ်ဆေး၍ ထပ်မံတင်ပြသွားမည် ဖြစ်သည်ဟု ဆိုသည်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် ပတ်သက်၍ ကြန့်ကြာမှုများ ရှိနေခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း၏ လုပ်ငန်းဆောင်တာ အားနည်းမှုကြောင့်ဟုလည်း ပြောကြားခဲ့ကြောင်း   News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည်

 ပြည်သူလူထုအသံကို ထုတ်ဖော်ပြသနိုင်မည့် ရိုးရာသင်္ကြန် သံချပ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် လျှောက်လွှာများ ဖိတ်ခေါ်ထားကြောင်း ရွှေ FM ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ အဆိုပါ သံချပ်ပြိုင်ပွဲကို ရွှေ FM နှင့် Bo Bo အင်တာတိန်းမန့်တို့က ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ယှဉ်ပြိုင်ရမည့် သံချပ်ခေါင်းစဉ်အား ‘လူထုအသံ’ ဟု အမည်ပေးထားကြောင်း သိရသည်။ “မနှစ်တုန်းကလုပ်တဲ့ သံချပ် အဖွဲ့တွေကို ကူညီပေးခဲ့တယ်။ အရင်တုန်းက ပြန်လည်ဖော်ထုတ်ခွင့် မရတဲ့ သံချပ်တွေကို အခုလုပ်ခွင့်ရတဲ့ အချိန်မှာ ပြန်လုပ်တာပါ၊ အခုက ပထမအကြိမ်၊ နောင်နှစ်တွေမှာလည်း ဆက်လုပ်သွားပြီး ဆုပေးမဏ္ဍပ်နဲ့ သေသေချာချာ ဆုပေးသွားဖို့ ရှိပါတယ်” ဟု ကိုဘိုဘိုခန့်က ပြောကြားသည်။ မြန်မာ့ရိုးရာ သင်္ကြန်တွင် သံချပ်သီဆိုမှုမှာ ရိုးရာအစဉ်အလာ တစ်ခုအဖြစ် ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့ကာ တပ်မတော် အစိုးရ လက်ထက်မှ ယနေ့အစိုးရလက်ထက် အစောပိုင်းကာလအထိ သံချပ်သီဆိုမှု ရပ်ဆိုင်းခိုင်းထားခြင်း ခံခဲ့ရသည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တိမ်မြုပ် ပျောက်ကွယ်ခဲ့ရသော သံချပ်သီဆိုမှုမှာ ၂၀၁၂ ခုနှစ်တွင် ပြန်လည်စတင် အသက်သွင်းနိုင်ခဲ့ပြီး ယင်းနှစ်သင်္ကြန်တွင် မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့၊ ကိုမေတ္တာ၊ ဗေလုဝ စသည့် ထိပ်တန်းလူရွှင်တော်များ၏ “သာဓုပါဗျာ” အဖွဲ့နှင့် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့၏ ပြည်သူ့အသံ ဖော်ထုတ်ခဲ့သော သံချပ်သီဆိုမှုကို ပြည်သူအများက တစ်ခဲနက် အားပေးခဲ့ကြသည်။ ၂၀၁၂ ခုနှစ် သင်္ကြန် မတိုင်မီကလည်း ရိုးရာသံချပ်ပြိုင်ပွဲကို ပြည်သူ့ရင်ပြင်တွင် ပထမဆုံး ပြုလုပ်ရာ ယခု သံချပ်ပြိုင်ပွဲ အစီအစဉ်မှာ အစိုးရသစ်လက်ထက် ဒုတိယအကြိမ်မြောက် သံချပ်ပြိုင်ပွဲ ပြုလုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။ “အဲဒီလို ပြိုင်ပွဲတွေ လုပ်ပေးနေတာ ကောင်းပါတယ်။ သံချပ်နဲ့ မြန်မာပြည်သူလူထုက ကင်းကွာနေတာ ကြာပြီလေ။ ဒါကြောင့် အချို့ဆို သံချပ်ဆိုတာ ဘာမှန်းမသိတာတွေတောင် ရှိလာတော့ မျိုးဆက်ပြတ် မကျန်ခဲ့အောင် ပြန်ဖော်ထုတ်ရာလည်း ကျတယ်။ သံချပ်ဆိုတာ ပြည်သူ့အသံ စစ်စစ်ဖြစ်လို့ အစိုးရပိုင်းကလည်း ပြည်သူ့အသံ အလေးထားတယ် ပြောထားတာ ရှိနေတော့ သံချပ်သံတွေ ပြန်ရှင်သန်ခွင့် ရတဲ့ ကာလ ရောက်လာပြီလို့ပဲ ယူဆရမှာပေါ့” ဟု (၈၈)မျိုးဆက် ကျောင်းသားအဖွဲ့ဝင် တစ်ဦးက ၎င်းထင်မြင် ယူဆချက်အား ပြောသည်။ အဆိုပါ သံချပ်ပြိုင်ပွဲကို တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် အဆောက်အအုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဆုကြေးငွေကို ပထမ သိန်း ၃၀၊ ဒုတိယ သိန်း ၂၀၊ တတိယ ၁၅ သိန်း၊ စတုတ္ထ ၁၀ သိန်း ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို မတ် ၉၊ ၁၀၊ ၁၁ ရက် သုံးရက်အကြို အစမ်းယှဉ်ပြိုင်ရမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဧပြီ ၇ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို ဖေဖော်ဝါရီ ၂၈ ရက်အထိ လက်ခံသွားမည် ဖြစ်ကြောင်း   News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

19 February 2013

ရန်ကုန်တွင် ပထမဆုံး ပုဂ္ဂလိက မိုဘိုင်းဖုန်းစက်ရုံ တည်ထောင်ရန် စီစဉ်ဆောင်ရွက်နေ

 မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်မည့်စက်ရုံ မတ်လအတွင်း၌ စတင်တည်ထောင်ရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်က ပြောသည်။ အဆိုပါစက်ရုံ တည်ဆောက်ရန်အတွက် ရန်ကုန်တွင် မြေနေရာများ ရွေးချယ်ထားပြီးဖြစ်ကာ ယင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် စီးပွားရေး ကြေညာချက်များ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းစက်ရုံ တည်ထောင်ဖို့အတွက် မြေနေရာ ရွေးချယ်တာတွေတော့ လုပ်ပြီးသွားပါပြီ။ နေရာကိုတော့ ပြောလို့ မရသေးလို့ပါ။ ဒီစက်ရုံကနေ Branded တစ်ခုရှိတဲ့ စမတ်ဖုန်းတွေကို အဓိကထားပြီး ထုတ်လုပ်သွားမယ်။ ဈေးနှုန်းကိုလဲ တခြားနိုင်ငံက ဖုန်းတွေထက် သက်သာအောင် ရောင်းမယ်လို့တော့ စီစဉ်ထားပါတယ်” ဟု ဦးလွင်နိုင်ဦးက ပြောသည်။ ယင်းသို့ ဖုန်းစက်ရုံ တည်ထောင်ရန်အတွက် ဂျာမနီမှ နည်းပညာ ပံ့ပိုးမှုများလည်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါစက်ရုံ စတင်တည်ဆောက်ရန် အချိန်ကာလ တစ်နှစ်ခန့် ပြင်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။ “ဖုန်းရဲ့ ဆော့ဖ်ဝဲလ်၊ Application တွေကအစ ပြင်ဆင်ပြီးသွားပါပြီ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ အိုင်တီတတ်ကျွမ်း နားလည်တဲ့ လူငယ်တွေရဲ့ နည်းပညာ ပံ့ပိုးကူညီမှုတွေလဲ အများကြီး လိုအပ်ပါတယ်” ဟု ယင်းက ထပ်မံပြောသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဖုန်းစက်ရုံ တည်ဆောက်ရာတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည့် သူများအတွက် ကြေညာချက်တစ်ရပ်ကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာသွားရန် အစီအစဉ်များ ဆောင်ရွက်ထားကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ABCIT & Mobile မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မျိုးလွင်က “ပြည်တွင်း ကုမ္ပဏီတစ်ခုက ပြည်တွင်းဖြစ်ဖုန်း ထုတ်လုပ်နိုင်တော့မယ် ဆိုတော့ အင်မတန် ကောင်းတဲ့ကိစ္စလို့ ထင်ပါတယ်။ မြန်မာပြည် ဈေးကွက်က အင်မတန် ရင်းနှီးမြှုပ်နှံလို့ ကောင်းပြီး လုပ်သားများအတွက် ကုန်ကျမယ့်စရိတ်လဲ သက်သာနိုင်တဲ့ အားသာချက်တွေ ရှိတယ်။ လူတန်းစား မရွေး ကိုင်နိုင်တဲ့ ဟန်းဆက်တွေ ထုတ်ပေးမယ်ဆိုရင် မြန်မာပြည် ဈေးကွက်မှာ အောင်မြင်မှာပါ” ဟု ပြောသည်။ လက်ရှိတွင် အစိုးရသစ်၏ စီးပွားရေးမူဝါဒ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံလိုသူများ အများအပြားရှိနေပြီး ပြည်ပနိုင်ငံများမှလည်း မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းများကို တရားဝင် တင်သွင်းခွင့်များ ရရှိနေသည့် ကာလဖြစ်ကြောင်း သိရသည်။ ရွှေပြည်တံခွန် ကုမ္ပဏီသည် တန်ဖိုးနည်းဖုန်းများ မရောင်းချမီ ၂၀၁၂ နှစ်ဆန်းပိုင်း ကာလတွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ခဲ့သည့်ကုမ္ပဏီ ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားရာ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် အတွက်လည်း လျှောက်ထားကြောင်း  Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

နိုင်ငံသားဖြစ်ခွင့်နှင့်မညီသော မှတ်ပုံတင်ရထားသူများကို ပြန်လည်စိစစ် သိမ်းဆည်းမည်

 လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနထံမှ နိုင်ငံသား စိစစ်ရေးကတ်ပြားကို နိုင်ငံသားအဖြစ် အပြည့်အဝ မခံယူထိုက်သူများက ရယူထားမှုများ ရှိနေသဖြင့် ပြန်လည် စိစစ်အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၃-၂-၂၀၁၃ ရက်တွင် ပြောကြား သည်။ ပြည်ထောင်စုဝန်ကြီး ၏ ဆိုလိုရင်းအရ မြန်မာနိုင်ငံ တွင် နှစ်ပေါင်းများ စွာ နေထိုင်ခဲ့သော နိုင်ငံခြားသားများက ၁၉၈၂ ဥပဒေပါ အချက်များကို ကျော်လွန်ကာ အခကြေးငွေပေးပြီး နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ခဲ့မှုများ ရှိသဖြင့် ယင်းတို့ကို စစ်ဆေးတော့မည့် သဘောမျိုးဖြစ်သည်ဟု သိရသည်။ “လဝကရဲ့ ကတ်တွေ အကျုံးဝင်မဝင် ပြန်စစ်နေတယ်။ အကျုံးမဝင်ရင် ပြန်သိမ်းမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မှ မျိုးဆက်များစွာ ကျန်ရှိနေခဲ့ပြီး နိုင်ငံခြားသား အချို့သည် မြန်မာနိုင်ငံသား၊ အမျိုးသမီးများနှင့် အတည်တကျ ပေါင်းသင်းဆက်ဆံကာ မိသားစု ထူထောင် ထားကြသော်လည်း တရားဝင် နိုင်ငံသားဖြစ်ခွင့် မရှိခဲ့ကြကြောင်း သိရသည်။ “လဝကရဲ့ ၁၉၈၂ ဥပဒေအရမှာ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ သားဟာ နိုင်ငံသားဖြစ်ခွင့် မရသေးဘဲ တတိယမျိုးဆက် ဖြစ်တဲ့ မြေးဖြစ်သူသာလျှင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ အချို့သော တောဒေသနှင့် မြို့များတွင် နိုင်ငံသားဖြစ်ခွင့် မရကြသေးသူများက လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ကာ မှတ်ပုံတင်ပြုလုပ် ရရှိနေကြကြောင်း၊ အချို့မှာ မှတ်ပုံတင် အတုပင်လျှင် ကိုင်ဆောင် သုံးစွဲနေမှုများရှိကြောင်း     ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

တပ်သိမ်း လယ်ယာမြေများ ပြန်ပေးမည်

  တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေများအား လယ်သမားများထံသို့ ပြန်လည်ပေးအပ်၍ စီမံကိန်း ဝင်နေသည့် လယ်ယာမြေများအား လျော်ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြောကြားချက်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနား နိုင်ငံတော်သမ္မတ ဖိတ်ကြားသည့် ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုး သို့ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြောကြားသည်။ “ကျွန်တော်တို့ ပါတီကို ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တပ်က သိမ်းထားတဲ့ မြေယာတွေကို ပြန်ပေးနေပါပြီ။ ဒါကြောင့် နောက်တစ်ခါ အခက်အခဲတွေ ရှိတဲ့အခါကျရင် သူ့ဆီကို တိုက်ရိုက် အကူအညီတောင်းလို့ ရပါတယ်လို့ ပြောခဲ့ပါတယ်” ဟု ယင်းတို့ ပါတီဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးကျော်စွာက ပြောသည်။ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းမှလည်း “သူ့စိတ်ထဲမှာ ပြန်ပေးဖို့ ဆန္ဒရှိတာကို ကြိုဆိုပါတယ်။ လယ်သမားတွေ အတွက် ဝမ်းသာစရာ သတင်းတစ်ခုပေါ့။ လိုအပ်တဲ့ အကူအညီတွေကိုလဲ ဝိုင်းဝန်းကူညီ လုပ်ဆောင် ပေးချင်ပါတယ်” ဟု ပြောသည်။ အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲကို နေပြည်တော်တွင် ကျင်းပ၍ နိုင်ငံတော်သမ္မတနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံရေးပါတီမှ ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ ကြောင်း   ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

18 February 2013

ပုဂ္ဂလိက သတင်းစာလျှောက်ထားမှု ခုနစ်စောင်ရှိပြီ

ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်အတွက် ယနေ့အထိ လျှောက်ထားမှုက ခုနစ်စောင်ရှိပြီလို့ ပြန်ကြားရေး ဝန်ကြီးဌာန စာပေစိစစ်နှင့် ဗဟိုမှတ်ပုံတင်ဌာနက စုံစမ်းသိရပါတယ်။ ပုဂ္ဂလိက နေ့စဉ်ထုတ် လျှောက်ထားတဲ့ သတင်းစာတွေက အင်ပါယာနေ့စဉ် သတင်းစာ၊ ခေတ်မိုး နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံ နေ့စဉ် သတင်းစာ၊ နေရှင်နယ်တိုင်း(မ်) နေ့စဉ်သတင်းစာ၊ မြန်မာနယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမ(မြန်မာ) နေ့စဉ်သတင်းစာနဲ့ ကမ္ဘာ နေ့စဉ်သတင်းစာတို့ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် ဗဟိုမှတ်ပုံတင်ဌာန၊ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ‘နေ့စဉ်သတင်းစာ လျှောက်တာ လောလောဆယ် ခုနစ်စောင်ရှိပါပြီ၊ စိစစ်နေပါပြီ၊ သတ်မှတ်ပုံစံတွေနဲ့ စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ တိုက်ကြည့်ဦးမှာပါ၊ ကျွန်တော်တို့ဆီက ethic (ကျင့်ဝတ်) တွေနဲ့မတူဘူးဆိုရင်လဲ မသွေဖည်ဘူးဆိုရင် ရပါမယ်၊ လုံးဝမပေးတာမျိုး မဟုတ်ပါဘူး၊ ညှိနှိုင်းပေးမှာပါ’ လို့ တယ်လီဖုန်းနဲ့ ပြောပါတယ်။ လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ကြေညာပါတယ်။ ထုတ်ဝေခွင့် လျှောက်လွှာတွေကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားရမယ့် လိပ်စာ၊ လျှောက်လွှာပုံစံစတဲ့ အသေးစိတ်ကို ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။ ထုတ်ဝေခွင့်ရတဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေဟာ ၂၀၁၃ ခုနှစ်ဧပြီလ ၁ ရက်နေ့ စတင် ထုတ်ဝေနိုင်မှာဖြစ်တယ်။ အဲသည်နေ့ဟာ လက်ရှိ အစိုးရသက်တမ်း နှစ်နှစ်ပြည့်မယ့်နေ့လို ဆိုပါတယ်။ ပုဂ္ဂလိက နေ့စဉ် သတင်းစာထုတ်ဝေခွင့် ရမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခါစက ပြည်တွင်း အပတ်စဉ်ဂျာနယ်ကြီးအချို့ သတင်းစာထုတ်ဖို့ စိုင်းပြင်းပြင်ဆင်နေကြောင်း သတင်းတွေလည်း ကြားသိရပါတယ်။ သည်နေ့အထိ လျှောက်ထားမှုတွေမှာတော့ နာမည်ကြီး အပတ်စဉ်ဂျာနယ်ကြီးအချို့ မပါဝင်သေးတာတွေ့ရကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

17 February 2013

လယ်သမားသမဂ္ဂတာဝန်များ ကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား



တောင်သူလယ်သမားသမဂ္ဂတွေ ဖွဲ့စည်းတယ်ဆိုတာ အစိုးရကို အတိုက်အခံလုပ်ဖို့မဟုတ်ပဲ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတာ နားလည်ရမယ် လို့ ကော့မှူးဒေသခံ တောင်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ကော့မှူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တောင်သူလယ်သမားသမဂ္ဂတွေ ဖွဲ့တယ်ဆိုတာဟာ အစိုးရကို အော်ဖို့သက်သက်မဟုတ်ဘဲ မိမိတို့အစုအဖွဲ့ရဲ့ အကျိုးစီးပွားကို ဥပဒေဘောင်အတွင်းကနေ မှန်မှန်ကန်ကန် ကာကွယ်တတ်ဖို့ဆိုတာ နားလည်ဖို့လိုအပ်ကြောင်း ဒေသခံတောင်သူတွေနဲ့ ဒီကနေ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

အခုနှစ်မှာတော့ ကော့မှူးမြို့နယ် ဒေသခံတောင်သူတွေ ကြွေးမြီတွေ ပေးဆပ်နေရာကနေ ကင်းလွတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ တောင်သူလယ်သမားတွေ အကြွေးကင်းဖို့ စီမံကိန်းချပြီး နောက်ထပ် အကြွေးမနစ်အောင်၊ ယခင်ကြွေးဟောင်းတွေ ကိုလည်း ပြန်လည်ပေး ဆပ်နိုင်အောင် ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ စိုက်ပျိုးစရိတ်ကြွေးမြီတွေ မကင်းသေးသမျှ ကာလပတ်လုံး လယ်သမားတွေရဲ့ဘ၀ဟာ လူလတ်တန်းစားဘ၀ကိုရောက်ဖို့ မဖြစ်နိုင်ကြောင်း၊ တောင်သူတွေအနေနဲ့ အာဏာပိုင်တွေအပါအ၀င် မိမိအပေါ်ကိုလည်း အားကိုးစရာမလိုကြောင်း၊ လယ်သမားတွေရဲ့ဘ၀ကို တိုးတက်အောင် ကိုယ်တိုင်ရပ်တည်နိုင်ဖို့ စဉ်းစားဆောင်ရွက်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတွေနဲ့ မြို့နယ်တွင်းလမ်းတံတား ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သွားရောက်ဆွေးနွေးပြီးနောက် ငှက်အော်စမ်းကျေးရွာမှာရှိတဲ့ ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းကိုလည်း သွားရောက်ကာ တာဝန်ရှိသူတွေ၊ သင်တန်းကျောင်းက လူငယ်လေးတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Ref. RFA