08 November 2012

လစ်လပ်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးနေရာ ယခုလွှတ်တော် အစည်းအဝေးများတွင် ခန့်အပ်ရန်ရှိ

လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးနေရာ သုံးနေရာအတွက် ယခုကျင်းပနေသော လွှတ်တော် အစည်းအဝေး မပြီးဆုံးခင် ခန့်အပ်ရန် အစီအစဉ်ရှိကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။ “သုံးနေရာ ရှိတယ်။ ဝန်ကြီး တစ်ဦးတည်းရှိတော့ ဝန်ကြီး နိုင်ငံခြားသွားတဲ့အခါ လွှတ်တော်မှာ အမေးအဖြေလုပ်ဖို့ ထပ်ခန့်ဖို့ရှိတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။ 

 မကြာသေးမီက ပြောင်းလဲဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ ဝန်ကြီးဌာနများအနက် ဒုဝန်ကြီးနေရာ လစ် လပ်နေသည့် ဝန်ကြီး ဌာန သုံးခုမှာ သတ္တုတွင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ဖြစ်သည်။ လစ်လပ်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး နေရာအတွက် ဒေါက်တာအောင်မြတ်ကျော်နှင့် ဦးခင်ဇော် (Tour Mandalay) တို့မှာ ထင်ကြေးပေး ခံနေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုနေကြသည်ဟု 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။