04 November 2012

ကလောမြို့ ကျောက်တန်းရွာမှ ၁၁ နှစ်သားလေး မြက်ရှင်းရာမှ ဓာတ်လိုက်သေဆုံး

ရှမ်းပြည်နယ် ကလောမြို့နယ် လွယ်အံ ကျေးရွာအုပ်စု ကျောက်တန်း ရွာတွင် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ခွဲက ကလေး တစ်ဦး ဓာတ်လိုက် သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျော်ဇင်ထက် (ခ)အာပြဲ ၁၁နှစ် (ဘ) ဦးချစ်စမ်းကို ကလော မြို့နယ် လွယ်အံ ကျေးရွာ အုပ်စု ကျောက် တန်းရွာ နေသူသည် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ခွဲက မိဘများ မရှိစဉ် နေအိမ် ခြံဝင်းအ တွင်း ပေါက်ပြားဖြင့် မြက်ပေါက် ရှင်းလင်းရာ သွယ်တန်း ထားသော လျှပ်စစ် ဝါယာကြိုးအား ပေါက်ပြားဖြင့် ချိတ်မိ ပြီး ပေါက်ပြား ပြုတ်ကျ၍ ကောက်ယူ စဉ် ဓာတ်လိုက် သေဆုံး သွားသဖြင့် ကလော ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၁၉/၂ဝ၁၂ ဖြင့် ရေးဖွင့်၍ ဓမ္မတာ အတိုင်း သေဆုံး ခြင်းဟုတ်၊ မဟုတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

သတင်း..မြဝတီ