01 June 2012

မြို့ကြီးသုံးမြို့တွင် Stock Exchange ပေါ်ပေါက်ရေး ဂျပန်နိုင်ငံနှင့် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် Stock Exchange Data Center များ ပေါ်ပေါက်ရေးအတွက် ၂၀၁၂ မေလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ အမရာပိာုတယ်၌ ဂျပန်နိုင်ငံ တိုကျို စတော့အိတ်ချိန်း၊ Diawai Institute of Research Ltd နှင့် မြန်မာ နိုင်ငံတော်ဗပိာုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း Bi-Weekly Eleven ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။ 

 လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတော့အိတ်ချိန်းများ တည်ထောင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း အရင်းအနှီးဈေးကွက်များ ဖြစ်ထွန်းနိုင်စေရန် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အခု ထူထောင်မယ့် Stock အိတ်ချိန်းက အထောက်အကူဖြစ်စေမှာပါ။ ပြည်တွင်းမှာက ဈေးကွက်ရှိတယ်။ ဒီဈေး ကွက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပနိုင်ငံတွေကလာမယ်။ 

ဒီလိုလာပြီဆိုရင် အရင်းအနှီးဈေးကွက်တွေ ရနိုင်ဖို့အတွက် Stock အိတ်ချိန်းတွေ ထူထောင် ရတော့မှာပါ”ပာု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးပြီးနောက် ပြည် ပရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး ဝင်ရောက်လာခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် စတော့အိတ်ချိန်း တည် ထောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ 

သတင်း... Bi Weekly