01 June 2012

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားရန် ညွှန်ကြားမှုကြောင့် ကျောက်တူးသမား သိန်းချီ ဒုက္ခရောက်

မကြာသေးမီကာလအတွင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအားလုံးကို ရပ်နားရန် သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည့်အတွက် ယင်းဒေသရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကျောက်တူးသမား သိန်းချီ ဒုက္ခရောက်နေရကြောင်း ယင်းမြို့နယ်၌ ကျောက်တူးလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်နေသည့် သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “အခု ဖားကန့်က ကျောက်တူးဖော်တဲ့ ကုမ္ပဏီတွေကို ရပ်နားရမယ်ဆိုပြီး သတ္တုတွင်းက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။ 

ဒီလိုဆိုတော့ အဲ့ဒီ မှာ လုပ်ကိုင်နေတဲ့ ကျောက်တူးအလုပ်သမား သိန်းချီပြီး အခက်အခဲဖြစ်လာတာပေါ့။ ပြီးတော့ ရေမဆေး ကျောက်သမားတွေကလည်း အထဲကို လုပ်ကွက် ဝင်ရှာတဲ့အခါမှ ကုမ္ပဏီကလူတွေနဲ့ ပြဿနာ တက်နေကြတယ်”ပာု ၎င်းက ပြောကြားသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းခွင်များအနေဖြင့် ဇွန်လမှ အောက်တိုဘာလအထိ လုပ်ငန်း များအားရပ်နားထားရန် သတ္တုတွင်းဝန်ကြီးဌာနမှ ညွန်ကြားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းခွင်ရပ်နားမှုကြောင့် ဒုက္ခရောက်လျက်ရှိသည့် ကျောက်တူးသမားများအား သက်ဆိုင်ရာမှမိမိနေရပ်သို့ပြန်ကြရန် ပြောကြားခဲ့ကြောင်း မှော်စီစာကျေးရွာရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

 “ဒီမှာလည်း လုပ်စရာမရှိတော့တဲ့အတွက် ဖားကန့်အိမ်ထောင်စုတွေက မပာုတ်ဘူးဆိုရင် ကိုယ့်နေရပ်ကိုပြန်ကြဖို့ ရပ်ကွက်လူကြီးက ပြောပါ တယ်။ အရင်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေရပ်နားတယ်ဆိုရင် စွန့်ပစ်မြေတွေမှာ ရွှေမျောတိုက်တာကို လုပ်လို့ရသေးတယ်။ ခုကျတော့ ကျောက်စိမ်းရှာဖွေတာကော၊ ရွေမျှောတိုက်တာတွေကိုပါ လုပ်ကိုင်ခွင့်မရရှိတော့ ကျောက်စိမ်းရှာတဲ့သူတွေ၊ ရွှေရှာတဲ့သူတွေ သိန်းချီပြီး ဒုက္ခရောက်နေရပါ တယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သည် ကမ္ဘာပေါ်တွင် အဖိုးတန်ကျောက်စိမ်း အမြောက်အများ ထွက်ရှိရာ တစ်ခုတည်းသော ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအား ရပ်နားရန် သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာဝင်ငွေကိုလည်း ထိခိုက်လာနိုင်မည်ဖြစ်သည်။

 သတင်း.... yangonchronicle