အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ 
ဗန်ကောက်သို့ ထွက်ခွာရန် ယနေ့ ညနေ ၆း၄၅ မိနစ်တွင် 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။, ဒေါ်အောင်ဆန်းစုကြည်သည်
 TG-306 လေယာဉ်ဖြင့် Business Class တွင် လိုက်ပါကြောင်းသိရှိရသည်။ 
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် အမတ် 
ဒေါ်စန္ဒာမင်း ၊ ကိုယ်ရေး အရာရှိ ဒေါက်တာ ဒေါ်ငယ်ငယ် ၊ကိုစိုးဝင်း 
(လုံခြုံရေးအရာရှိ) တို့လိုက်ပါသွားကြောင်း သိရသည်။ ဦးခွန်သာမြင့် သည် 
ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ကြိုတင်ရောက်ရှိ ကာ ဒေါ်အောင်ဆန်းစုကြည် 
နှင့်အဖွဲ့ ကို လာရောက် ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။
  သတင်း...  Yangon Media Group, 
ဓာတ်ပုံ... AP ,  Yangon Media Group




 <
<

