မြန်မာနိုင်ငံအတွင်း လာမည့်
 ဇွန်လဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာမည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၏ 
အခွန်ထမ်းဆောင်သူများထဲမှ အခွန်အ များဆုံးပေးဆောင်သည့် အခွန်ထမ်း ၁၀၀ 
ဦးစာရင်းတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသော 
ကုမ္ပဏီအုပ်စုကြီးများနှင့် အဖွဲ့အ စည်းကြီးများမှာ အခွန်ထမ်းစာရင်းတွင် 
ပါဝင်လာခြင်းမရှိသေးကြောင်း သိရသည်။
“လာမယ့်
 ဇွန်လဆန်းပိုင်းမှာ ပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်ပြီး 
အခွန်အများဆုံးပေးဆောင်တဲ့ အခွန်ထမ်း ၁၀၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာ 
မှာပါ။ ဒီထုတ်ပြန်ကြေညာမယ့် သူ(၁၀၀)ဦးရဲ့ စာရင်းမှာ အများက 
အခွန်အများဆုံးဆောင်ရတယ်လို့ မျှော်လင့်နေတဲ့ ကုမ္ပဏီကြီးတွေ၊ 
အဖွဲ့အစည်းကြီး တွေရဲ့ အမည်စာရင်းတွေ ထိပ်ဆုံးပိုင်းမှာ 
ပါဝင်လာခြင်းမရှိသေးပါဘူး”ပာု ပြည်တွင်းအခွန်များဦးစီးဌာနမှ 
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင်
 ပြီးခဲ့သည့်နှစ်များက ထုတ်ပြန်ခဲ့သည့် အခွန်အများဆုံးထမ်းဆောင်သည့် 
အခွန်ထမ်း(၁၀၀)ဦးစာရင်းတွင် အဖျော်ယမကာ၊ စားသောက် ကုန်၊ 
ပုဂ္ဂလိကဘဏ်အချို့သာ အခွန်အများဆုံးထမ်းဆောင်သည့်သူများ စာရင်းတွင်ပါဝင်ပြီး
 သစ်၊ ကျောက်မျက်၊ တွင်းထွက်လုပ်ငန်းများ၊ နိုင်ငံတကာဖြင့် 
ကုန်သွယ်မှုလုပ်ငန်းများ၊ နိုင်ငံ၏ စီမံကိန်းကြီးများ 
လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီကြီးများမှာ 
အခွန်အများဆုံးထမ်းဆောင်သည့် (၁၀၀) ဦးစာ ရင်းတွင် 
ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“အခု
 ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာပါ။ အရင် အစိုးရပောာင်းလို သူနဲ့ 
ပလဲနံပသင့်တဲ့သူတွေကို အခွန်ကင်းလွတ်ခွင့်ပြုတယ်ဆိုတဲ့ ပုံစံမျိုး 
လုပ်လို့မရပါဘူး။ ဒီလိုမျိုးတွေလုပ်နေတော့တကယ်ကို အခွန်ပြည့်ပြည့်ဝဝ 
ထမ်းဆောင်တဲ့သူတွေ ဆုံးရှုံးနစ်နာတာပေါ့။ ဒီကိစ္စတွေပာာ မရှိသင့်တော့ပါဘူး။ 
မဖြစ်သင့်တော့ပါဘူး”ပာု လုပ်ငန်းရှင်တစ်ခုက ပြောကြားသည်။
မြန်မာနိုင်ငံသည်
 အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံတွင်းရှိ ပြည်သူများအနေဖြင့် 
အခွန်တိမ်းရှောင်နေမှုများကို လုပ်ဆောင်ခြင်းမပြုရန်နှင့် အခွန်များ 
ပြည့်ပြည့်ဝဝပေးဆောင်ကြရန် သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ 
သတင်း.... Weekly Eleven
