“ဒီရက်ပိုင်းတွင်းမှာ
 ဖြစ်ပွားနေတဲ့ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စနဲ့ လျှပ်စစ်မီးကိစ္စတွေမှာ 
နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဝန်ကြီးဌာနတွေက တင်ပြလာပါတယ်။ 
ဒါကြောင့် ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးပါတီ 
ငါးပါတီကို ဖိတ်ကြားပြီးတော့ ခေါ်ယူတွေ့ ဆုံခဲ့တာပါ”ပာု 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
 ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ပတ်သက်သည့် ပါတီငါးခု တွေ့ဆုံပွဲသို့ 
အလုပ်သမားဝန်ကြီးဌာနမှ တာ ဝန်ရှိသူများ၊ အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနတို့မှ 
ဒုဝန်ကြီးအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ၎င်းတို့မှ 
ဆန္ဒထုတ်ဖော်မှုများအတွက် ဖြစ်နိုင်ခြေရှိ သည်များကိုသာ တောင်းဆိုရန်နှင့် 
မဖြစ်နိုင်သည်များကို တောင်းဆိုပါက နိုင်ငံတော်အတွက် 
အကျပ်အတည်းဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
“နိုင်ငံရေးပါတီတွေကို
 ဖိတ်ရတဲ့အကြာင်းက အလုပ်ရှင်၊ အလုပ်သမားကိစ္စတို့ မီးကိစ္စတို့မှာ 
နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ပတ်သက်နေတာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေက 
တ်ပြလာလို့ပါတဲ့။ အခု လတ်တလော ဆန္ဒပြနေတဲ့ကိစ္စတွေမှာ 
နိုင်ငံရေးပါတီတွေအနေနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင်၏ ဆိုတာကို 
စဉ်းစားဆောင်ရွက်ဖို့ပြောတာပါ။ မဖြစ်နိုင်တာကို 
ဇွတ်တွန်းအားပေးမယ်ဆိုရင်လည်း နိုင်ငံတော်အတွက် 
အကျပ်အတည်းဖြစ်စေနိုင်တယ်ဆို စဉ်းစားဖို့လို သလို တစ်ဖက်မှာကျတော့လည်း 
အလုပ်သမားတွေအတွက် စဉ်းစားဖို့လိုတယ်”ပာု 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစိုးဝင်းက ပြောကြားခဲ့ ကြောင်း 
ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။
ပြည်သူများ၏
 ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ကော်မရှင်မှ
 ခေါ်ယူတွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီငါးခုမှာ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ၈၈မျိုးဆက်ကျောင်းသားလူငယ် များ 
(ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ 
အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီတို့ဖြစ်ကြောင်း သိရသည်။
သတင်း...မြန်မာပို့စ်ဂလိုဘယ်
သတင်း...မြန်မာပို့စ်ဂလိုဘယ်
