မြန်မာနိုင်ငံအတွင်း
 လက်ရှိဖြစ်ပွားလျက်ရှိသော စွမ်းအင်လိုအပ်မှုပြဿနာများကို 
ပြန်လည်ဖြည့်ဆည်းနိုင်ရန် ကူညီသွားမည်ပာု တရုတ်နိုင်ငံမှ ကြေညာခဲ့ကြောင်း 
သတင်းဖော်ပြချက်များအရ သိရှိရသည်။
မကြာသေးမီကာလအတွင်းက
 မြန်မာနိုင်ငံ၏ ပြည်တွင်းစွမ်းအင်လိုအပ်မှုများကို အမေရိကန်၊ ဂျပန်၊ 
တောင်ကိုရီးယား နိုင်ငံအခြေစိုက်ကုမ္ပဏီ များနှင့် ပြည်ပရှိ 
စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ စက်ရုံများမှ ကူညီသွားမည်ဖြစ်ကြောင်း 
နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာပြီးနောက်တွင် တရုတ် 
နိုင်ငံမှလည်း ယခုကဲ့သို့ မြန်မာစွမ်းအင်လိုအပ်မှုကို 
ကူညီဖြေရှင်းပေးသွားမည်ပာု တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ 
ပြောရေးဆိုခွင့်ရှိသူ Hong Lei က လေသံပစ်ပြောကြားသည်။
“တရုတ်အစိုးရအနေနဲ့
 နိုင်ငံတွင်းရှိ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ 
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့၊ အပြန်အလှန် ကုန်သွယ်ဖို့ 
အမြဲတိုက်တွန်းခဲ့ပါတယ်။ ဒါပာာ နိုင်ငံပြည်သူတွေအကျိုးရှိစေပါတယ်။ 
မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်မှုပြဿနာတွေကိုလည်း ကူညီပေးသွားမှာပါ”ပာု 
Hong Lei က ပြောကြားသည်။
ထို့ပြင်
 တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ပြန်လည်သိမ်းသွင်းနိုင်ရန် မြန်မာ-တရုတ် 
ကုန်သွယ်မှုပမာဏမြှင့်တင်ရန် ရည်ရွယ်သည်ပာုဆိုကာ မြန်မာ ကျပ်ငွေနှင့် 
တရုတ်နိုင်ငံသုံးယွမ်ငွေ အလွယ်လဲလှယ်နိုင်သည့် 
ငွေလဲကောင်တာဗပိာုဌာနတစ်ခုကို ရွှေလီမြို့တွင်ဖွင့်လှစ်ခဲ့ပြီး 
ယင်းငွေလဲကောင်တာ ဗပိာု ဌာနသည် မြန်မာနိုင်ငံနှင့် 
နယ်နိမိတ်ခြင်းထိစပ်နေသည့် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် 
ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခု
 တရုတ်ကို တရားမဝင်သွားရောက်နေတဲ့ မြန်မာလုပ်သားတွေကို တရုတ်အာဏာပိုင်တွေက 
ရွှေလီမှာဖမ်းဆီးနေပါတယ်။ ပြီးတော့ မြန်မာ စစ်ပြေးဒုက္ခသည်တွေကိုလည်း 
တရုတ်အစိုးရ ဘာမှ ကူညီခြင်းမရှိပါဘူး။ ဒါပေမယ့် မြန်မာနဲ့ 
ကုန်သွယ်မှုမြှင့်တင်ဖို့ဆိုပြီး ရွှေလီမှာ ငွေလဲကောင်တာတစ်ခု 
ဖွင့်တယ်ဆိုတော့ တော်တော်ကို အံ့သြတယ်။ ဒါပာာ အကြောင်းပြချက်တစ်ခုပါ”ပာု 
ယူနန်ပြည်နယ်မှ ဒေသခံမြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။
ထို့ပြင်
 မြန်မာနိုင်ငံအတွင်း တည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းအတွင်း 
လုပ်ငန်းပေါင်း ၂၀၀ ကျော်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဘတ်ငွေ ၃၃ ဒဿမ ၁၁ 
ဘီလျံ ရင်းနှီးမြှုပ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက မကြာသေးမီကာလအတွင်းက 
ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက လည်း ထားဝယ်ရေနက်ဆိပ်ကမ်းအတွင်း 
ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံထဲက
 လုပ်ငန်းတော်တော်များများကို တရုတ်လုပ်ငန်းရှင်တွေက လုပ်ဆောင်နေကြပါတယ်။ 
ဒီတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက်မှာ သူတို့ကပဲ လုပ်ချင်သလိုလုပ်၊ 
ကစားချင်သလို ကစားလို့ရနေတယ်။ အခု ထိုင်းတို့လို၊ အိန္ဒိယတို့လို 
လုပ်ငန်းရှင်တွေကလည်း ပြည်တွင်းရင်းနှီးမြှုပ်နှံဖို့ ဝင် လာပြီဆိုတော့ 
သူတို့လုပ်ချင်သလို လုပ်လို့မရတော့ဘူး။ ဈေးကွက်ကို အပြန်အလှန် 
ထိန်းညှိနိုင်တော့မှာပါ”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည်
 မြန်မာနိုင်ငံ၏ အကြီးမားဆုံးစက်မှုစီမံကိန်းတစ်ခုဖြစ်သည့်အတွက် 
Italian-Thai ကုမ္ပဏီတစ်ခုတည်းက သာ မလုပ်ဆောင်နိုင်ကြောင်း၊ ထို့ကြောင့် 
အခြားပြည်ပရင်းနှီးမြှုပ်နှံမှုများပါ လိုအပ်ကြောင်း မေလဆန်းတွင် ITD 
ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
သတင်း....  yangonchronicle 
