15 March 2012

မီဒီယာလွတ်လပ်မှုကန့်သတ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ကန့်သတ်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မီဒီယာလွတ်လပ်မှု ကန့်သတ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ကန့်သတ်ခြင်းဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရမူဝါဒ ညှိနှိုင်းရေးမှုး ဒဲရစ်မီချယ်နှင့် တွေ့ဆုံပြီး ပြည်တွင်းသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကိုဖြေကြားစဉ် ပြောဆိုလိုက်သည်။

“တရားစွဲတယ်ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့ တရားစွဲနိုင်တယ်ပေါ့ အမှန်ကိုအမှန်အတိုင်းပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာ၊ မီဒီယာလွတ်လပ်မှုမျိုးကို ကန့်သတ်တယ်ဆိုတာ ဟာ နိုင်ငံရဲ့တိုး တက်ရေကို ကန့်သတ်တာနဲ့ အတူတူဘဲလို့ အန်တီတော့ ဒီလိုဘဲ ယုံကြည်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်တွင်းသတင်းထောက် တဦးက ယနေ့ဖြစ်ပေါ်နေသော လမ်းမကောင်းသည့် အဖြစ်ကိုရေးသားခဲ့သော မော်ဒန်ဂျာနယ်တရားစွဲဆိုခံရမှု နှင့် သတ္တုတွင်းဝန်ကြီး ဋ္ဌာနနှင့် ၀န်ကြီးဋ္ဌာနအချို့၏ အလွဲသုံးစားလုပ်သည့် ကိစ္စများ သတင်းကိုရေးသားခဲ့သော The voice ဂျာနယ်တို့ တရားဆွဲဆိုခံရသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။

“လမ်းတွေမကောင်းတာမှာ တရားဆွဲလို့ ရှိရင်လည်း တရားရုံးမှာရင်ဆိုင်လိုက် ဓါတ်ပုံရိုက်ပြီးတော့ ပြပြီးတော့ ဒီလမ်းတွေမကောင်းလို့ မကောင်းတာပြောတာကို ဒါဘာတရားစွဲစရာလိုလို့လဲ။ ကောင်းတဲ့ လမ်းကြီးကို နေပြည်တော်လမ်းကိုပြောနေတာမှမဟုတ်ဘဲ သားတို့ပြောနေတဲ့လမ်းဟာ မကောင်းတဲ့လမ်းဘဲဟာ”ဟုဒေါ်အောင်ဆန်းစုကြည်က မော်ဒန်ဂျာနယ် တရားစွဲဆိုခံရမှုအပေါ် သုံးသပ်ပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့်ပါတ်သက် ၍ မီဒီယာ လွတ်လပ်ခွင့်လည်းလိုအပ်ကြောင်း ၊မီဒီယာလွတ်လပ်ခွင့်ရှိမှ တရားဥပဒေစိုးမိုးရေး ကို ဖေးမပေးနိုင်မည်ဖြစ်ကြောင်း ၊မီဒီယာဘက်မှ ၎င်းရပ်တည်ပါကြောင်းပြောကြားခဲ့သည်။

သတင်း...... Yangon Press International