09 December 2010

အာဏာရှင်ကြီးများစောင့်ကြည့်စစ်ဆေးသွားမည်ဆိုသည်မှာ မြန်မာအဆိုတော်မိန်းကလေးများ၏အာဏာရှင်ကြီးများအကြိုက် သရုပ်ပျက်ဖော်ချွတ်ဝတ်ဆင်မှုကိုပါလားလို့

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြုလုပ်သော တေးဂီတပွဲ၊ စင်တင်ပွဲများ၊ ၀တ်စားဆင်ယင်မှု ပြပွဲများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသော ၀တ်စားဆင်ယင်မှု မပြုလုပ်ရန် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး ယင်းကဲ့သို့ ပြုလုပ်လိုက်နာခြင်း ရှိ၊ မရှိကို စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇာတ်ပွဲ ၊ Stage Show ပွဲများတွင် Fashion Show, Dancer Show များ ပါဝင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ၀တ်စားဆင်ယင်ခြင်းများ၊ သရုပ်ဆာင်ခြင်းများကို မပြုလုပ်ရန်လည်း စည်းကမ်းချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ တေး ဂီတပွဲများ စီစဉ်သူတစ်ဦးက "အခုက ပွင့်လင်းရာသီရောက်ပြီ ဆိုတော့ ပျော်ပွဲရွှင်ပွဲတွေကို မိုး တွင်းထက်ကို ပိုပြီးလုပ်လာကြပြီ။ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်တဲ့နေရာမှာ စည်းကမ်းချက်တွေကို နည်းနည်း ထပ်တိုးထားတယ်လို့ သိရတယ်။ အဲဒီစည်းကမ်းချက်တွေမှာ ပျော်ပွဲ ရွှင်ပွဲတွေလုပ်တဲ့နေရာမှာ မြန်မာ့ယဉ်ကျးမှုနဲ့ကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုတွေကိုပဲ ၀တ်ရမယ်။ သရုပ်ပျက်တွေ လက်မခံဘူးလို့ သိရတယ်။ အထူးသဖြင့် တေးဂီ တပွဲ၊ ၀တ်စားဆင်ယင်မှုပြပွဲတွေမှာ အဲဒီလိုတွေမရှိအောင် ကြပ်မတ်သွားမယ်လို့ သိရတယ်" ဟု ပြောပြခဲ့သည်။

တေးဂီတပွဲများ၊ စင်တင်ပွဲ များ၊ ၀တ်စားဆင်ယင်မှုပြပွဲများတွင် သရုပ်ပျက်စေသော ၀တ်စားဆင်ယင်မှုများ ရှိမရှိအား သက်ဆိုင်ရာက တာဝန်ပေးထားသော စောင့်ကြည့်အဖွဲ့မှ စောင့်ကြည့် သွားမည်ဖြစ်ပြီး လိုအပ်ပါက ဗီဒီယိုဖြင့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး သရုပ်ပျက်ဝတ်စား ဆင်ယင်မှုများအားတွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်လက်တင်ပြကာ စည်းကမ်း ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ရာတွင်လည်း ယင်းနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ပွဲကျင်းပရေးအဖွဲ့တာဝန်ခံမှ တိကျစွာ လိုက်နာသွားရမည်ဟု သိရသည်။

ပျော်ပွဲရွှင်ပွဲများကျင်းပရာ တွင်ကျင်းပမည့် အကြောင်းအရာ အလိုက် သက်ဆိုင်ရာဦးစီးဌာနများ၏ ခွင့်ပြုချက်ရရှိပြီးမှသာ ကျင်းပခွင့်ရှိမည်ဖြစ်ပြီး လောင်း ကစားဝိုင်း၊ အရက်၊ ဘီယာဆိုင်များ ဖွင့်လှစ်ခြင်းရောင်းချခြင်း မပြုလုပ်ရကြောင်း၊ ဆူပူခိုက်ရန် ဖြစ်ပွားခြင်းများ မရှိစေရေးအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့၍ တာဝန်ယူဆောင်ရွက်ရမည် ဟုသိရသည်။

လုံခြုံရေးနှင့်ပတ်သက်၍လည်း အထူးဂရုပြုသွားရမည်ဖြစ်ပြီး အများပြည်သူအား အနှောင့် အယှက်ဖြစ်စေသော အသံချဲ့စက်၊ Sound Boxများကို လိုအပ်သည်ထက် ကျယ်လောင်စွာ ဖွင့်လှစ်ခြင်းမပြုရန်လည်း စည်းကမ်း ချက် ထုတ်ပြန်ထားသည်ဟု သိရသည်ဟုnews-eleven ဂျာနယ် တွင် ဖော်ပြပါရှိပါသည်.။